စက်တင်ဘာ ၂ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့တွင်း အိမ်ခြံမြေစျေးတွေ မြင့်တက်လာတာတဲ့အတွက် မြို့စွန်ပိုင်းက တိုက်ခန်းတွေ အရောင်းအဝယ် ကောင်းလာပြီး တိုက်ခန်းဈေးနှုန်း ကျပ် သိန်း ၃၀၀ အောက် ရှားပါးလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ရန်ကုန်မြို့စွန်မှာရှိတဲ့ တိုက်ခန်းစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကျပ် သိန်း ၂၀၀ စွန်းစွန်းသာ ရှိခဲ့ရာမှ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ အဲ့ဒီ့တိုက်ခန်းတွေရဲ့ဈေးနှုန်းဟာ ကျပ် သိန်း ၃၀၀ ကနေ ကျပ် သိန်း ၅၀၀ ဝန်းကျင်အထိ ခုန်တက်လာပြီး ကားဈေးနဲ့ တွက်ရင် တိုက်ခန်းတွေက အကျိုးအမြတ် ပိုခိုင်မာမှုရှိတဲ့အတွက် အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ သိရပါတယ်။ “အခုက မြို့စွန်ပိုင်းက တိုက်ခန်းတွေက ပိုပြီးအဝယ်လိုက်နေတယ်။ များသောအားဖြင့် ကိုယ်တိုင်နေဖို့ထက် အငှားပြန်ချဖို့ဝယ်ကြတာ။ ရင်းနှီးမြှုပ်နှံမှုသဘောမျိုးအနေနဲ့ပဲ…
Read MoreMonth: September 2023
This Day in History
This Day in History Voice of Myanmar ဒုတိယကမ္ဘာစစ်အဆုံးသတ်ရေး အဓိကခြေလှမ်းဖြစ်သည့် ဂျပန်က တရားဝင်လက်နက်ချရေးအတွက် သဘောတူညီချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှီဂီမစ်ဆုမာမိုရူနှင့် စစ်ဗိုလ်ချုပ် အူမီဇူယိုရှီဂျီရိုတို့က အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်မစ်ဆူရီပေါ်တွင် ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်က လက်မှတ်ရေးထိုးးခဲ့ကြသည်။ #voiceofmyanmar #VOM #ThisDayInHistory #September2nd
Read Moreနန်းရှေ့တင်က မန္တလေးသဘင်ကွ ပြောပြောပြသူ တစ်ပြည်မူ
ဆူးငှက် “ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ ဪ… ပါတဲ့နေရာ တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…” တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊တော်သလင်းလမှာ မွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့၂၀၀၄ခုနှစ်မှာ လေဘာတီ မမြရင် အနှစ် ၁၀၀ ပြည့်ခဲ့တာပေါ့။ ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲ နှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ် မသိလိုက် မသိဘာသာ ကျော်ဖြတ်သွားကြပါမလဲ။ ဒီတော့”လေဘာတီမမြရင် နှစ်တရာပြည့်”ကို ဘယ်လို အထိမ်းအမှတ်ပြုကြမလဲ ဆိုတာ ခေါင်းချင်းဆိုင်မိကြတာပေါ့။…
Read Moreဇီးဒဘန်ရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
စက်တင်ဘာ ၁ -၂၀၂၃ Shy V(VOM) ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီး ပြည်ထောင်စုလမ်းမပေါ်ရှိ ဇီးဒဘန်ရွာက နေအိမ် ၁ အိမ်ရှေ့မှာ ဒီနေ့ စက်တင်ဘာ ၁ ရက် နေ့လယ် ၂ နာရီကျော်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “၄ ယောက်ထိတယ်။ ၁ ယောက်က ပွဲချင်းပြီး၊ ၃ ဦး ဒဏ်ရာရတဲ့အထဲမှာ ၁ ယောက်က ကွတ်ခိုင် ဆေးရုံ အရောက်မှာ ဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာရသူတွေက အသက် ၃၉ နှစ်အရွယ် ဦးပေါင်ဝ်လာက ပွဲချင်းပြီး သေဆုံးပြီး အသက် ၆၂ နှစ်အရွယ် ဦးဇော်ဒွဲက ဆေးရုံ အရောက်မှာ သေဆုံးသွားတယ်၊ အသက် ၅၇…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
-စက်ရုပ်ပိုင်းလော့ရဲ့ လေယာဉ်မောင်းစွမ်းရည်က ဘယ်လိုတွေလဲ – နေကိုလေ့လာမယ့် အိန္ဒိယအာကာသအေဂျင်စီရဲ့အစီအစဉ်တွေကဘာတွေလဲ -အာကာသခရီးသွားပို့ဆောင်ရေး ခြေလှမ်းသွက်နေတဲ့ ဗာဂျင်ဂလက်တစ် မျိုးဆက်(VOM) စက်တင်ဘာ-၁-၂၀၂၃ (၁) လေယာဉ်ကျွမ်းကျင်စွာမောင်းတတ်တဲ့ စက်ရုပ်ပိုင်းလော့ တီထွင် တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာ အဆင့်မြင့်အင်စတီကျုဟာ လေယာဉ်တစင်းကို ကျွမ်းကျင်စွာမောင်းနှင်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်ပိုင်းလော့ကို တီထွင်လိုက်ပါတယ်။ Pibot လို့အမည်ပေးထားတဲ့ စက်ရုပ်ဟာ လေယာဉ်မှူးအခန်းကို ဘာမှကြိုတင်ပြင်ဆင်မထားဘဲ သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်ပြီး တိကျမှု၊ ပျံသန်းမှုထိန်းချုပ်နိုင်တဲ့အပြင် ထိန်းချုပ်မောင်းနှင်နေစဉ်အတွင်း လေယာဉ်အတွင်းနဲ့အပြင်ပိုင်းတွေအခြေအနေကို စောင့်ကြည့်ဖို့ ကင်မရာမျက်လုံးတွေပါ တပ်ဆင်ပေးထားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီစက်ရုပ်ဟာ လူသားလေယာဉ်မှူးအတိုင်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ဖြစ်ပြီး လူသားလေယာဉ်မှူးတွေမလုပ်နိုင်သေးတဲ့ ကမ္ဘာတဝန်းရှိ လေကြောင်းလမ်းညွှန် ဇယားအားလုံးကိုလည်း မှတ်ဉာဏ်ထဲမှာ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ စက်ရုပ်တွေကို လေယာဉ်အမျိုးအစားအလိုက်ဖွဲ့စည်းပုံတွေကို ပရိုဂရမ်ထည့်သွင်းပေးထားမယ်ဆိုရင် လေယာဉ်အမျိုးအစားကို ရွေးချယ်လိုက်တာနဲ့ မောင်းနှင်ပျံသန်းနိုင်မှာဖြစ်ပြီး ChatGPT လို ဉာဏ်ရည်တုပါဝင်တာကြောင့် လူသားတဦးလို…
Read Moreထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းဘုရင်က ထောင်ဒဏ်နှစ်ခုနှစ်နှစ်ထိ လွတ်ငြိမ်းချမ်းသာခွင့်ပြု
ဘန်ကောက်၊ စက်တင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ထောင်ဒဏ်ရှစ်နှစ်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းဘုရင်က ထောင်ဒဏ်ခုနှစ်နှစ်ထိ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာလွင့် ပေးလိုက်ကြောင်း ထိုင်းဘုရင့်နန်းတော်က ဒီနေ့မှာ တော်ဝင်ပြန်တမ်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၆ ခုနှစ်စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ၁၅ နှစ်ကြာ ပြည်ပထွက်ပြေးတိမ်းရှောင်ပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာချိန်မှာတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူဟာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံနဲ့ပြည်သူတွေအပေါ် ကောင်းကျိုးပြုခဲ့ဖူးသူဖြစ်ကာ ဘုရင်စနစ်အပေါ် သစ္စာစောင့်သိခဲ့သူဖြစ်ကြောင်း၊ လက်ရှိတွင် အသက်အရွယ်ကြီးလာပြီး ကျန်းမာရေးအခြေအနေကြောင့် ဆေးဝါးကုသမှုလိုအပ်နေကြောင်း ထိုင်းဘုရင့်နန်းတော်ရဲ့ တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ ထိုင်းဥပဒေအရ အကျဉ်းသားတွေဟာ ထိုင်းဘုရင်ဖြစ်သူ မဟာဝိဇယလောင်ကွန်းရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိဖို့ တရားရေးဝန်ကြီးကတဆင့် လျှောက်ထားနိုင်ပါတယ်။ သက်ဆင်ထိုင်းသို့ပြန်လာချိန်မှာ ဖြူထိုင်းပါတီဟာ စစ်တပ်လိုလားတဲ့ပါတီတွေနဲ့မဟာမိတ်ဖွဲ့ကာ အစိုးရပြန်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် သူချမှတ်ခံရတဲ့ထောင်ဒဏ်ကို လျှော့ပေါ့ဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ထင်ကြေးပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ Ref:Reuters Photo: Reuters…
Read Moreရေစကြို – ပခုက္ကူကားလမ်းမှာ ကား(၁)စီး ပစ်ခတ်ခံရလို့ လူ ၅ ဦး သေဆုံး
စက်တင်ဘာ ၁ -၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ရေစကြို – ပခုက္ကူကားလမ်းပေါ်မှာ မနေ့ သြဂုတ် ၃၁ ရက် ညနေပိုင်းက ကား တစ်စီး ပစ်ခတ်ခံရပြီး ယာဥ်ပေါ်ပါ လူ ၅ ဦးစလုံး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက မနေ့က ညနေ ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ ရေစကြိုနဲ့ ပခုက္ကူကြား လမ်းပေါ်မှာ ဖြစ်တယ် ၊ သေဆုံးသူက အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်တယ် ၊ သူတို့ ၅ ယောက်စလုံး ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ် “လို့ ဒေသခံ ပရဟိတသမား…
Read Moreကန့်ဘလူမြို့နယ်ထဲမှာ လူ ၆ ယောက် သေနတ်နဲ့ ပစ်သတ်ခံရ
စက်တင်ဘာ ၊ ၁ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင် ၊ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ထဲမှာ မနေ့ သြဂုတ် ၃၁ ရက်က ဒေသခံ လူ ၆ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရလို့ သေဆုံးတာ ၆ ဦးတွေ့ရတယ် ၊ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ သေဆုံးသူတွေကတော့ ဆီဆုံရွာက ကိုနိုင်ဝင်း ၃၇ နှစ်၊ ရွာသစ်ရွာက ကိုမောင်လွင် ၄၉ နှစ်၊ ကိုထွန်းအောင် ၅၄ နှစ် ၊ အင်တောရွာက ဦးကံထွန်း ၆၀ နှစ်၊ဖလံချိုင်ရွာက ကိုကောင်းမြတ်၂၅ နှစ်၊ ရင်ခတ်ကုန်းရွာက မောင်ရဲမင်း(၁၉)နှစ်တို့ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က…
Read Moreဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် ရာထူးကနေ နှုတ်ထွက်ပြီ
လန်ဒန်၊ စက်တင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ဟာ ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ရာထူးနှုတ်ထွက်စာကို ဝန်ကြီးချုပ်ရှီရီဆူနက်ခ်ထံ သြဂုတ် ၃၁ ရက်က တင်သွင်းခဲ့ပြီး မိသားစုနဲ့ နောက်ထပ်လုပ်ငန်းဆောင်တာတွေအတွက် အချိန်ပေးဖို့ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကဆိုပါတယ်။ သူ့ကို ကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်လက်ထက်က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်မှာ ဗြိတိန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရေးကိုလည်း ကြီးကြပ်ကိုင်တွယ်ခဲ့ပါတယ်။ ဒါ့အပြင်ယူကရိန်းအတွက် စစ်ရေးအကူအညီတွေပံ့ပိုးရာမှာလည်း ဦးဆောင်ကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဗြိတိန်ရဲ့ တာဝေးပစ်ခရုဇ်ဒုံးကျည်တွေ၊ တင့်ကားတွေပေးပို့မှုမှာလည်း အခြားနိုင်ငံကာကွယ်ရေးဝန်ကြီးတွေထက် စောလျှင်စွာပေးပို့ခဲ့သူဖြစ်ပါတယ်။ သူဟာ နေတိုးအဖွဲ့ကို ဦးဆောင်နိုင်မယ့်သူအဖြစ် ရှုမြင်ခံထားရသူတဦးလည်းဖြစ်ပါတယ်။ နေတိုးအဖွဲ့ လက်ရှိအတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ဂ်ဟာ နေတိုးအကြီးအကဲအဖြစ် နောက်ထပ်တနှစ်တာဝန်ထမ်းဆောင်ဖို့ သဘောတူထားပါတယ်။ ဘန်ဝေါလေ့စ်ရဲ့ နေရာမှာ ယခင်စွမ်းအင်ဝန်ကြီးဟောင်း ဂရန့်ရှတ်စ်ကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်မှာဖြစ်ပြီး သူဟာ ရုရှားသမ္မတပူတင်ရဲ့ ရိုင်းစိုင်းတဲ့ကျူးကျော်မှုတွေကို တိုက်ဖျက်မယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။ Ref:NHK…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၁ ရက်)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၁ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #september1
Read More