ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းဘုရင်က ထောင်ဒဏ်နှစ်ခုနှစ်နှစ်ထိ လွတ်ငြိမ်းချမ်းသာခွင့်ပြု

ဘန်ကောက်၊ စက်တင်ဘာ-၁-၂၀၂၃
မျိုးဆက်(VOM)

ထောင်ဒဏ်ရှစ်နှစ်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းဘုရင်က ထောင်ဒဏ်ခုနှစ်နှစ်ထိ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာလွင့် ပေးလိုက်ကြောင်း ထိုင်းဘုရင့်နန်းတော်က ဒီနေ့မှာ တော်ဝင်ပြန်တမ်းထုတ်ပြန်လိုက်ပါတယ်။

အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၆ ခုနှစ်စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ၁၅ နှစ်ကြာ ပြည်ပထွက်ပြေးတိမ်းရှောင်ပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာချိန်မှာတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံနဲ့ပြည်သူတွေအပေါ် ကောင်းကျိုးပြုခဲ့ဖူးသူဖြစ်ကာ ဘုရင်စနစ်အပေါ် သစ္စာစောင့်သိခဲ့သူဖြစ်ကြောင်း၊ လက်ရှိတွင် အသက်အရွယ်ကြီးလာပြီး ကျန်းမာရေးအခြေအနေကြောင့် ဆေးဝါးကုသမှုလိုအပ်နေကြောင်း ထိုင်းဘုရင့်နန်းတော်ရဲ့ တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

ထိုင်းဥပဒေအရ အကျဉ်းသားတွေဟာ ထိုင်းဘုရင်ဖြစ်သူ မဟာဝိဇယလောင်ကွန်းရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိဖို့ တရားရေးဝန်ကြီးကတဆင့် လျှောက်ထားနိုင်ပါတယ်။

သက်ဆင်ထိုင်းသို့ပြန်လာချိန်မှာ ဖြူထိုင်းပါတီဟာ စစ်တပ်လိုလားတဲ့ပါတီတွေနဲ့မဟာမိတ်ဖွဲ့ကာ အစိုးရပြန်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် သူချမှတ်ခံရတဲ့ထောင်ဒဏ်ကို လျှော့ပေါ့ဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ထင်ကြေးပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

Ref:Reuters
Photo: Reuters
#voiceofmyanmar #VOM #ThaiKingCommutes #formerPMThaksin # prisonSentenceToOneYear

Related posts

Leave a Comment

VOM News

FREE
VIEW