ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် ရာထူးကနေ နှုတ်ထွက်ပြီ

လန်ဒန်၊ စက်တင်ဘာ-၁-၂၀၂၃
မျိုးဆက်(VOM)

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ဟာ ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သူ့ရဲ့ ရာထူးနှုတ်ထွက်စာကို ဝန်ကြီးချုပ်ရှီရီဆူနက်ခ်ထံ သြဂုတ် ၃၁ ရက်က တင်သွင်းခဲ့ပြီး မိသားစုနဲ့ နောက်ထပ်လုပ်ငန်းဆောင်တာတွေအတွက် အချိန်ပေးဖို့ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကဆိုပါတယ်။

သူ့ကို ကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်လက်ထက်က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်မှာ ဗြိတိန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရေးကိုလည်း ကြီးကြပ်ကိုင်တွယ်ခဲ့ပါတယ်။

ဒါ့အပြင်ယူကရိန်းအတွက် စစ်ရေးအကူအညီတွေပံ့ပိုးရာမှာလည်း ဦးဆောင်ကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဗြိတိန်ရဲ့ တာဝေးပစ်ခရုဇ်ဒုံးကျည်တွေ၊ တင့်ကားတွေပေးပို့မှုမှာလည်း အခြားနိုင်ငံကာကွယ်ရေးဝန်ကြီးတွေထက် စောလျှင်စွာပေးပို့ခဲ့သူဖြစ်ပါတယ်။

သူဟာ နေတိုးအဖွဲ့ကို ဦးဆောင်နိုင်မယ့်သူအဖြစ် ရှုမြင်ခံထားရသူတဦးလည်းဖြစ်ပါတယ်။ နေတိုးအဖွဲ့ လက်ရှိအတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ဂ်ဟာ နေတိုးအကြီးအကဲအဖြစ် နောက်ထပ်တနှစ်တာဝန်ထမ်းဆောင်ဖို့ သဘောတူထားပါတယ်။

ဘန်ဝေါလေ့စ်ရဲ့ နေရာမှာ ယခင်စွမ်းအင်ဝန်ကြီးဟောင်း ဂရန့်ရှတ်စ်ကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်မှာဖြစ်ပြီး သူဟာ ရုရှားသမ္မတပူတင်ရဲ့ ရိုင်းစိုင်းတဲ့ကျူးကျော်မှုတွေကို တိုက်ဖျက်မယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။

Ref:NHK
#voiceofmyanmar #VOM #ဗြိတိန်ကာကွယ်ရေးဝန်ကြီး #ဘန်ဝေါလေ့စ် ရာထူးကနေ #နှုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW