ပုသိမ် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ မိသားစု ၁၄၉ စုကို ဖယ်ရှားဖို့ အမိန့်ထုတ်

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ စည်ပင်သာယာရေး ဦးစီးဌာန ၊ အိုးအိမ်ဌာနပိုင် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ အိမ်ထောင်စုတွေကို မနက်ဖန် စက်တင်ဘာ ၂၉ ရက်နောက်ဆုံးထားပြီး နေအိမ်က ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတယ်လို့ ​အဲ့ဒီ အိမ်ရာမှာနေထိုင်တဲ့ သူတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိမ်ခန်း ၃၃ ခန်းမှာနေထိုင်တဲ့သူတွေကို ဖယ်ရှားပြီးပြီ ၊ မနက် စက်တင်ဘာ ၂၉ ရက်မှာ နောက်တကြိမ် အိမ်ခန်းပေါင်း ၁၄၉ ခန်း ထွက်ပေးဖို့ အမိန့်ထုတ်ထားတာ ” လို့ ပြည်တော်သာ အိမ်ရာမှာနေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြည်တော်သာ…

Read More

အမေရိကန်စစ်ပြေး ထရာဗစ်ကင်း မြောက်ကိုရီးယားရဲ့ ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာ

ဝါရှင်တန်၊ စက်တင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားကနေ မြောက်ကိုရီးယားနိုင်ငံထဲကို ထွက်ပြေးခဲ့တဲ့ အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အမေရိကန်က စစ်သုံ့ပန်းအဖြစ်သတ်မှတ်ခြင်းမရှိခဲ့တဲ့ ထရာဗစ်ကင်းကို အမေရိကန်သို့မပို့ဆောင်မီ တရုတ်နိုင်ငံရှိ အမေရိကန်ထိန်းသိမ်းရေးစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ အမေရိကန်စစ်တပ်မှာ ကင်းထောက်ကျွမ်းကျင်သူဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ထရာဗစ်ကင်းဟာ ဇုူလိုင်လအတွင်း မြောက်ကိုရီးယားနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်စစ်တပ်အတွင်း လူမဆန်စွာပြုမူဆက်ဆံမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ အမေရိကန်ကို ရောက်ရှိပြီး မိသားစုနဲ့ တွေ့ဆုံနိုင်ဖွယ်ရှိပါတယ်။ လွတ်မြောက်လာမှုအတွက် မြောက်ကိုရီးယားနဲ့ အပေးအယူမရှိခဲ့ကြောင်း ၊တရုတ်နယ်စပ် ဒန်ဒေါင်းကနေ သူ့ကို လေယာဉ်နဲ့ တာင်ကိုရီးယားရှိ အမေရိကန်လေတပ်စခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုထားပါတယ်။ Ref: BBC Photo:Yahoo #voiceofmyanmar…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၈ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၈ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၁၅ ကျပ် ဝယ်ဈေး – ၃၂၆၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၃၉၀ ကျပ် ဝယ်ဈေး – ၂၃၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၁၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၀ ကျပ် ဝယ်ဈေး – ၆၉၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၇ ကျပ် ဝယ်ဈေး –…

Read More

This Day in History

This Day in History Voice of Myanmar အမေရိကန်တွင် ၁၉၁၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်၌ စပိန်တုပ်ကွေး ကူးစက်မှု စတင်ခဲ့ပြီး အဆိုပါတုပ်ကွေးကြောင့် ကမ္ဘာတဝန်း လူပေါင်းသန်း ၃၀ ခန့်သေဆုံးခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September28th

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၇၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၃၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၁၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၂၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂန့်ဂေါမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူပေါင်း ၄၀ ကျော် သေဆုံး

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် (မြောက်ပိုင်း) လက်ပံကျေးရွာနဲ့ သာကောင်းကျေးရွာအရှေ့ဘက် ၊ အလောင်းတော်ကဿပ တောထဲမှာ မနေ့ စက်တင်ဘာ ၂၇ ရက်က ထိတွေ့တိုက်ပွားတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အရှေ့တောင်ဘက်က တောထဲမှာ ၂၆ ရက်ကတည်းက စဖြစ်တာပါ ၊ လေယာဥ်နဲ့ ဗုံးကျဲပစ်ခတ်တယ်လို့ ကြားရတယ် ၊ နေရာမှာပဲ သေဆုံးသူ ၄၀ ကျော်တယ် ၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ် ၊ အဲ့ဒီထဲက မြင်းဇာရွာ ဆေးခန်းမှာ ၅ ယောက်ထပ်သေတယ် ” လို့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ နီးစပ်တဲ့ လက်ပံရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ…

Read More

ပေါက်မြို့နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ကြွေဥတွေကို ထမင်းအဖြစ် စားသုံးနေရသူတွေရှိလာ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဇီးပြားကျေးရွာမှာ ဆန်ပြတ်လပ်မှုတွေကြုံရပြီး ၊ ထမင်းအစား ကြွေဥတွေကို စားသောက်နေရတယ်လို့ ဇီးပြားရွာခံတွေဆီက သိရပါတယ်။ ” ရွာမှာက အိမ်ခြေ ၂၆၂ အိမ်ရှိတယ် ၊ သုံးလကျော် လေးလနီးပါးရှိပြီ ဆန်ပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရတာဖြစ်တယ် ၊ စားသောက်ကုန်တွေ ပြတ်လပ်နေတဲ့အတွက် ထမင်းအစား ၊ တောထဲမှာရှိတဲ့ ကြွေဥတို့ တခြား သစ်သီး သစ်ရွက်တွေ ရှာပြီးစားနေရတယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တောထဲမှာ သစ်သီးဟင်းရွက်သွားရှာတဲ့ ကိုဖိုးချိုနဲ့ ကိုခင်မောင်အေး ဆိုသူ ၂ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတယ် ၊ ရွာမှာက စားဝတ်နေရေး အရမ်းခက်ခဲနေတာကြောင့်…

Read More

ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင်တယောက် အသတ်ခံရမှုကြောင့် တင်းမာလာတဲ့ အိန္ဒိယ-ကနေဒါ ဆက်ဆံရေး

မျိုးဆက်(VOM) စက်တင်ဘာ-၂၈-၉-၂၀၂၃ ကနေဒါနိုင်ငံသား ဆစ်ခ်ခေါင်းဆောင်တယောက်အသတ်ခံမှုရဲ့ နောက်ကွယ်မှာ အိန္ဒိယနိုင်ငံ ပါဝင်ပတ်နေကြောင်း ကနေဒါအစိုးရက စွပ်စွဲပြောဆိုပြီးနောက် အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဟာဒိပ်ဆင်းဂ်နစ်ဂျာဆိုသူဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ကနေဒါနိုင်ငံ ဗြိတိန်သျှကိုလံဘီယာပြည်နယ်ရှိ ဘုရားကျောင်းပြင်ပမှာ သေနတ်သမားနှစ်ယောက်က ပစ်သတ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။ အသတ်ခံခဲ့ရတဲ့ ဟာဒိပ်ဆင်းဂ်နစ်ဂျာဟာ ဆစ်ခ်အများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်မှာ ဆစ်ခ်နယ်မြေရရှိရေးကို ထောက်ခံသူတယောက်ဖြစ်ပြီး ခွဲထွက်ရေးအတွက် ခါလစ်စတန်လို့ခေါ်တဲ့ လှုပ်ရှားမှုဟာ ၁၉၈၀ ပြည့်နှစ်တွေအတွင်း အထွတ်အထိပ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆစ်ခ်တွေဟာ ဘာသာရေးလူနည်းစုဖြစ်ပြီး လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာရှိကာ နယ်မြေရရှိရေး ခါလစ်စတန်လှုပ်ရှားမှုကြောင်း ဆစ်ခ်ထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အိန္ဒိယအစိုးရအင်အားသုံးဖြိုခွင်းပြီးနောက် လှုပ်ရှားမှုနဲ့ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားသူတွေကို အကြမ်းဖက်သမားတွေအဖြစ် ၂၀၂၀ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်နဲ့ အခြားနိုင်ငံတွေကိုရောက်ရှိသွားတဲ့ ဆစ်ခ်တွေ အကြားမှာတော့ ခါလစ်စတန်လှုပ်ရှားမှုက…

Read More

လားရှိုးက Denko ဆီဆိုင် ပေါက်ကွဲမှု သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များပြား

စက်တင်ဘာ ၂၇ – ၂၀၂၃ SN + Shy V (VOM) ဒီနေ့ စက်တင်ဘာလ ၂၇ ရက်၊ ညနေ (၅) နာရီဝန်းကျင်က ရှမ်းပြည်နယ်၊ လားရှိးမြို့၊ လားရှိး- မန္တလေး ကားလမ်းမပေါ်ရှိ Denko စက်သုံးဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ ကနဦးသတင်းတွေအရ လူ ၃ ဦးခန့် သေဆုံးကာ လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “လားရှိုးကနေ မန္တလေးဘက် အထွက် လမ်းက Denko ဆီဆိုင်မှာ လောင်တာ။ တော်တော်တော့များတယ်။ ကားတွေရောပဲ။” လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဲ့ဒီ့ စက်သုံးဆီအရောင်းဆိုင်ကို လာရောက်ဆီဖြည့်နေကြတဲ့ အိမ်စီးကားတွေ အပါအဝင် မူဆယ်- လားရှိုး – နေပြည်တော်ပြေးဆွဲတဲ့…

Read More

လူထုအသံကဏ္ဍ

လူထုအသံကဏ္ဍ Voice Of Myanmar မှ တဆင့် နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အကြီးအကဲများသို့ တိုင်ကြားအစီရင်ခံစာ ကျမတို့ ပထမဦးစွာတင်ပြလိုတာကတော့ ကျမတို့ ဒေါ်နီလာစိန်၊ ဦးစိမ်းသူ+ဒေါ်ပန်ခိုင်စော၊ ဦးထွန်းထွန်းအေး နဲ့ ဒေါ်ခင်ဆွေမိသားစု အပါအဝင် မိသားစု ၉ စုလောက်ရဲ့ အဖိုးအဖွားတွေဟာ ၁၉၄၈ မတိုင်ခင်ကတည်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ကယ်လီဝင်းလို့ အများသိကြတဲ့နေရာမှာ နေထိုင်တဲ့ မိသားစုတွေဖြစ်ပါတယ်။ ကယ်လီခရစ်ယာန်ဘုရားကျောင်းဟာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ၈၂လမ်းနဲ့ ၃၃-၃၄ကြားမှာတည်ရှိပြီး ကျမတို့မိသားစုတွေဟာ ကယ်လီဘုရားကျောင်းဝန်း အရှေ့ဘက်ခြမ်း ၈၁လမ်းနဲ့ ၃၃-၃၄ကြားမှာ ၁၉၄၈ ကတည်းက မိသားစုအစဉ်အဆက် နေထိုင်လာကြတာဖြစ်ပါတယ်။ (ပုံ ၁ ဟာ ကယ်လီခရစ်ယာန်ဘုရားကျောင်းနဲ့ ကျမတို့နေထိုင်ရာ ကယ်လီသာသနာပြုစာသင်ကျောင်းမြေ ဖြစ်ပါတယ်) ဒီလိုနေထိုင်နိုင်အောင်လည်း ခရစ်ယာန်သာသနာပြုဆရာတော် EW…

Read More
VOM News

FREE
VIEW