အမေရိကန်စစ်ပြေး ထရာဗစ်ကင်း မြောက်ကိုရီးယားရဲ့ ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာ

ဝါရှင်တန်၊ စက်တင်ဘာ-၂၈-၂၀၂၃
မျိုးဆက်(VOM)

တောင်ကိုရီးယားကနေ မြောက်ကိုရီးယားနိုင်ငံထဲကို ထွက်ပြေးခဲ့တဲ့ အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

အမေရိကန်က စစ်သုံ့ပန်းအဖြစ်သတ်မှတ်ခြင်းမရှိခဲ့တဲ့ ထရာဗစ်ကင်းကို အမေရိကန်သို့မပို့ဆောင်မီ တရုတ်နိုင်ငံရှိ အမေရိကန်ထိန်းသိမ်းရေးစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အမေရိကန်စစ်တပ်မှာ ကင်းထောက်ကျွမ်းကျင်သူဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ထရာဗစ်ကင်းဟာ ဇုူလိုင်လအတွင်း မြောက်ကိုရီးယားနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်စစ်တပ်အတွင်း လူမဆန်စွာပြုမူဆက်ဆံမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ အမေရိကန်ကို ရောက်ရှိပြီး မိသားစုနဲ့ တွေ့ဆုံနိုင်ဖွယ်ရှိပါတယ်။

လွတ်မြောက်လာမှုအတွက် မြောက်ကိုရီးယားနဲ့ အပေးအယူမရှိခဲ့ကြောင်း ၊တရုတ်နယ်စပ် ဒန်ဒေါင်းကနေ သူ့ကို လေယာဉ်နဲ့ တာင်ကိုရီးယားရှိ အမေရိကန်လေတပ်စခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုထားပါတယ်။

Ref: BBC
Photo:Yahoo
#voiceofmyanmar #VOM #US #TravisKing #North Korea #expelsHim

Related posts

Leave a Comment

VOM News

FREE
VIEW