သူတို့အိမ် အခန်း (၁၉၉)

  ၆၆လမ်း၏ ဟိုမှာ သည်မှာ —————————–   ဘာလိုလိုနှင့် ၆၆လမ်း ရဲသိပ္ပံတိုက်ခန်းလေးမှာ နေသားကျလာတာ ၆လကျော်ပါပြီ။ ထိုနေရာတစ်ဝိုက်သည် မန္တလေး၏ မူလနှင့် အသစ်တို့ နယ်နိမိတ်ဆက် ပုးတွဲနေသည့် နေရာဖြစ်သည်။ ၆၆လမ်းပေါ်က ကျွန်တော်တို့ တိုက်ခန်းလေးကို ဗဟို(သို့မဟုတ်) နယ်နိမိတ်ထား၍ လေ့လာကြည့်ပါဘိ။ ကျွန်တော့်တိုက်ခန်း မြောက်ဖက်ခြမ်း က အသစ်မန္တလေး ဖြစ်သည်။ ညနေစောင်းတာနှင့် သန်းခေါင်သန်းနွဲအထိ ညှော်နံ့၊ မီးခိုးနံ့၊ အကင်ပေါင်းစုံအနံ့၊ ဘာသာကွဲ စကားလုံး၊ အကျိုးအမြတ် ယမကာအမျိုးမျိုးနှင့် သီချင်းသံမျိုးစုံတို့ ရမက်ခိုးဝေနေသည်။     ကျွန်တော့် အိမ်တောင်ဘက်ခြမ်း ကတော့ သက်တော်ရှည် ဆတ်ကျောင်း၏ အလံတင် အလံချ ဗြူကယ်သံ၊ ဆိတ်ငြိမ်နေသည့် မူလလက်ဟောင်း ဝင်းခြံကြီးများ၊ သစ်ကြီးဝါးကြီးအရိပ်၊ ကတ္တရာလမ်းဘေး မှိုနတိုပင် ကလနားသပ် မြောင်းရေစပ်စပ်၊ ထနောင်းပင်ကြီး အောက်က…

Read More

မြင်းခြံမြို့နယ်အတွင်း နယ်မြေတည်ငြိမ်ပြီး လုံခြုံရေးကောင်းမွန်လာမယ့်အချိန် 3G နဲ့ 4G စနစ် မိုဘိုင်းအင်တာနက်လိုင်းတွေ အသုံးပြုနိုင်ရေး ဆောင်ရွက်မယ်

မန္တလေး၊ သြဂုတ်- ၁၈- ၂၀၂၆ SA(VOM) တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့အခမ်းအနားမှာ မြင်းခြံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးပြည့်ဖြိုးကျော် က မြင်းခြံမြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့ အစီအစဥ် ရှိ/မရှိ လွှတ် တော်ကတဆင့် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။ “မြင်းခြံမြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းတွေ ပိတ်ထားတာ နှစ်များစွာကြာမြင့်ပြီဖြစ်ပါတယ်၊ ထိုသို့ ဖြတ်တောက်ထားခြင်းသည် မလိုလားအပ်သော သတင်းပေါက်ကြားမှုဖြစ်ပေါ်နိုင်၍ အကြောင်းပြနိုင်သော်လည်း ဝိုင်ဖိုင်ဆက်များနဲ့ အသုံးပြုနေတာကိုလည်းတွေ့ရပါတယ်၊ ထိုသို့ဖြတ်တောက်ထားခြင်းကြောင့် ဝိုင်ဖိုကုမ္မဏီများ ဝင်ငွေရနေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်မရရှိဘဲ ဖြစ်နေပါတယ်၊ သို့ဖြစ်ပါ၍ မြင်းခြံမြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးနိုင်ဖို့ အစီအစဥ်ရှိမရှိ” မြင်းခြံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးပြည့်ဖြိုးကျော်က မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။ မြင်းခြံမြို့နယ်မှာ မိုဘိုင်းစခန်းတွေဖျက်စီးခံခဲ့ရပြီး၊ အင်တာနက်ဝန်ဆောင်မှုပေးရန် အသုံးပြုရတဲ့…

Read More

တောင်ပြုံးပွဲတော်ကာလအတွင်း သူရဲစျေး – တောင်ပြုံး ရထားခရီးစဥ် ပြေးဆွဲ​ပေးမယ်

မန္တလေး၊ သြဂုတ်- ၁၈- ၂၀၂၆ SA(VOM) တောင်ပြုံးပွဲတော်ကာလအတွင်း သူရဲစျေးဘူတာကနေ တောင်ပြုံးဘူတာအထိ ရထားခရီးစဉ်ကို အများပြည်သူအတွက် မနက်ဖြန် ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် ပြေးဆွဲပေးမှာဖြစ်ပြီး ရထားလက်မှတ်ခကို ခရီးသည်တစ်ဦးကို ၁,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မနက်ဖြန်ပြေးဆွဲပေးမယ့် ခရီးစဥ်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့မှာ မန္တလေး သူရဲစျေးဘူတာမှာ ဖွင့်ပွဲကျင်းပခဲ့ပြီး သူရဲစျေးဘူတာကနေ တောင်ပြုံးဘူတာအထိ RBE ရထားနဲ့ ရထားခရီးစဥ်ကို လိုက်ပါစီးနင်းခဲ့သလို တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား ကိုလည်း ဖူးမျှော်ခဲ့ပါတယ်။ ရထားခရီးစဉ်ကို တရက် အသွားအပြန် နှစ်ခေါက် ပြေးဆွဲပေးမှာဖြစ်ပြီး သူရဲစျေးဘူတာမှ မနက် ၇ နာရီမှာ ထွက်ခွာကာ တောင်ပြုံးဘူတာကို နံနက် ၇ နာရီ ၄၅ မိနစ်တွင်…

Read More

ယာဥ်ရပ်နားခကို သတ်မှတ်နှုန်းထက် ကျော်လွန်ကောက်ခံသလို ရိုင်းပြစွာဆက်ဆံခဲ့တဲ့ ရပ်နားခွန်ကောက်အမျိုးသမီးကို အလုပ်ထုတ်

မန္တလေး၊ သြဂုတ်- ၁၈- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ လမ်း ၃၀ ဆေးရုံကြီးရှေ့မှာ သြဂုတ်လ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ပတ်သက်ပြီး လေလံလုပ်ငန်းရှင်ကို ခေါ်ယူကာ စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူပြီးဖြစ်သလို လေလံလုပ်ငန်းရှင်ကလည်း ရိုင်းပြစွာဆက်ဆံပြီး ယာဥ်ရပ်နားခကောက်ခံတဲ့ အမျိုးသမီးဖြစ်သူကို အလုပ်ထုတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ လမ်း ၃၀ ဆေးရုံကြီးရှေ့က ယာဥ်ရပ်နားခ ကောက်ခံသူနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူက ယာဥ်ရပ်နားခကို သတ်မှတ်နှုန်းထားအတိုင်း ၄၀၀ ကျပ်ပေးသူအမျိုးသားကို ၁၀၀၀ ပေးဖို့တောင်းခံခဲ့သလို ရိုင်းပြစွာဆက်ဆံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” လမ်း ၃၀ ဆေးရုံရှေ့က လိုင်းပေါ်မှာ ပျံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့ပထမတခါဖြစ်ပြီးသားပါ၊ ပထမအကြိမ်မှာလည်း သတိပေးပြီး လက်မှတ်ထိုးထားခိုင်းပြီးဖြစ်ပါတယ်၊ မနေ့ကပဲ အဲ့ဒီဖြစ်စဥ်နဲ့ပါတ်သက်ပြီး လေလံလုပ်ငန်းရှင်ကို ခေါ်ယူပြီး ဌာနခွဲမှူးရှေ့မှာ ၁ ရာခိုင်နှုန်း ဒဏ်ရိုက်ပြီးဖြစ်ပါတယ်၊ အဲ့ဒီအဖွဲကိုလည်း ခေါ်ယူပြီးသတိပေးပါတယ်၊ သတိပေးတယ်ဆိုတာ ပြည်သူလူထုကို…

Read More

အညာဒူဘိုင်းလို့ခေါ်တဲ့ မြိုင်မြို့နယ်ထဲက ရေနံမြေလုပ်ကွက်အထိ အစိုးရတပ်စစ်ကြောင်း ရောက်ရှိပြီး တိုက်ပွဲတွေဖြစ်နေ

ဩဂုတ် ၁၇၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ မြိုင်မြို့နယ်ထဲက ကျောက်ခွက်ရေနံမြေ နဲ့ ဝဲတူးရေနံမြေအထိ အစိုးရတပ် စစ်ကြောင်း ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အစိုးရတပ်စစ်ကြောင်းတွေက မှန်ရင်းကျေးရွာနဲ့ တောင်စုံရွာမှာ စခန်းအထိုင်ချပြီး ရှေ့ပြေးစစ်ကြောင်းတွေက ရေနံမြေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းဆက်ထိုးနေတဲ့အပြင် လေကြောင်း ၊လက်နက်ကြီးတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ “Well2 ဝဲတူးရေနံမြေထဲကို ရောက်တာရှိတယ်။ရှေ့ပြေးကင်းတချို့ ရောက်တာမျိုး ဝင်နိုင်တဲ့အခြေအနေမျိုးပါ။သိမ်းနိုင်တာမျိုးတော့ မဟုတ်ဘူး ။ ဒီထဲကို မရရအောင်ဝင်မယ့် ပုံစံတွေလုပ်လာတာတွေ့ရတယ်။ တိုက်ပွဲကတော့ မိုင်းဆွဲတာ ၊ထိတွေ့တာ ၊လေကြောင်းတိုက်ခိုက်တာ ရှိနေတယ် ။ ဒီ Well 2 ဝဲတူးဘက်ကိုမရရအောင် ဝင်မယ့်သဘောရှိတယ်။အခုစစ်ကြောင်းရောက်နေတဲ့ တောင်စုံ ၊ မှန်ရင်း ရွာနဲ့ ရေနံမြေတွေက အရမ်းမဝေးဘူး ။ ဆိုင်ကယ်နဲ့ဆို…

Read More

ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်တွေထဲမှာ အိမ်တွေမီးရှို့ခံနေရ

ဩဂုတ် ၁၈ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တွေထဲမှာ အစိုးရစစ်ကြောင်းက နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေတွေဘက်ကို အဓိက စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းထိုးတာနဲ့ ဒေသတွင်းလက်နက်ကိုင်တွေအကြားမှာ ကျေးရွာတချို့ကနေအိမ်အများအပြား မီးရှို့ခံရတာရှိတယ်လို့ သိရပါတယ် ။ ” ဒီဘက်မှာ စစ်ကြောင်းထိုးတာပိုလုပ်လာတယ်။ အရင်ကထက်ကို ပိုတယ်။ လေကြောင်းတွေလည်း ဝဲနေတာ။ အခုက နေရာစုံစစ်ကြောင်းထိုးနေတာ ။စစ်ကြောင်းထိုးတာက သူတို့က PDF တွေရှိနိုင်မယ့် ဘက်တွေပေါ့။ လမ်းကြောင်းကတော့ ရွာအစဥ်ဆက် ဝင်တာပေါ့။ စစ်ကြောင်းထိုးရင် ရွာတွေလည်း ရှောင်ရတာပဲလေ။ မတော်လို့ တိုက်ပွဲဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ ရှောင်ရတာပေါ့။ အခုက ပြေးရင်တောင် နေရာတိုင်းစွတ်ပြေးလို့က မရဘူး ။ ဗုံးတွေထောင်ထားတာကလည်း ကြောက်ရသေးတယ်။ ရှောင်ကြတော့ ရွာထဲလူတွေကမရှိဘူး ။…

Read More

အရပ်သားကို သေနတ်နဲ့ပစ်တဲ့ KIA ဂိတ်စခန်းကို ဒေသခံတွေ အင်အားသုံး ဖယ်ရှား

ဩဂုတ်၁၈၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းလမ်းပေါ်က နမ့်လိုင်းကျေးရွာအနီးမှာ ရှိတဲ့ KIA ဂိတ်စခန်းကို ဒေသခံတွေက ဒီနေ့ အင်အားသုံး ဖယ်ရှား လိုက်တယ်လို့ နမ့်ခမ်းဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက် ​ပြောပြတာက “ရွာသားတယောက် ကားမောင်းလာတာကို KIA တပ်ဖွဲ့က ရပ်ခိုင်းတာ၊ မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ။ ကားသမားက လက်မောင်းမှာ ထိသွား တယ်လေ။ အဲဒါ ရွာသားတွေက မကျေနပ်လို့ အဲဒီဂိတ်ကို သွားဖျက်လိုက်တာ” လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသားဟာ မူဆယ်မြို့နယ် နမ့်စန်ရွာကဖြစ်ပြီး ရှမ်းတိုင်းရင်းသား ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်ဖွဲ့ ဂိတ်ထိုင်ထားတဲ့ အဲဒီကျေးရွာတွေမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီအဖွဲ့က ဂိတ်လာထိုင်တာ သိပ်မကြာသေးဘူး။ ဒေသခံတွေနဲ့ ပြေလည်အောင် မနေတော့ ပြဿနာဖြစ်တာပေါ့ဗျာ။ တော်သေးတယ်…

Read More

အသက်ကို မရပ်တန့်နိုင်ပေမယ့် နုပျိုသော အသွင်အပြင်ကို ထိန်းသိမ်းပေးမည့် သိပ္ပံနည်းကျ လူနေမှုပုံစံများ

    မန္တလာ ဆရာမျိုး   “အသက်က ဘယ်လောက်ရှိပြီလဲ”   ဤမေးခွန်းသည် လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင် လူအများ ပို၍စိတ်ဝင်စားလာကြသည့် မေးခွန်းတစ်ခု ရှိသေးသည်။ “ဘာကြောင့် အသက်တူသူ နှစ်ယောက်ထဲမှာ တစ်ယောက်က ပိုနုပျိုပြီး နောက်တစ်ယောက်က ပိုအိုနေသလို မြင်ရတာလဲ” ဟူသော မေးခွန်း ဖြစ်သည်။   ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အသက်ခြောက်ဆယ်ကျော်ရှိနေသော်လည်း လေးဆယ်ကျော်ခန့်သာ ထင်ရသူများ ကို တွေ့ဖူးကြသလို၊ အသက်လေးဆယ်မပြည့်သေးဘဲ မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ အသားအရေ မွဲခြောက်မှု များ၊ ကိုယ်ဟန်အနေအထား ယိုယွင်းမှုများကြောင့် အသက်ထက် ပိုကြီးသလို မြင်ရသူများကိုလည်း တွေ့ရတတ်သည်။ အချို့က “မျိုးရိုးကောင်းလို့” ဟု ပြောကြပြီး၊ အချို့က “ပိုက်ဆံရှိလို့ Skin Care ကောင်းကောင်း သုံးနိုင်တာ” ဟု…

Read More
VOM News

FREE
VIEW