ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ရွာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်နှစ်​ယောက် နိုဘယ်ဆု ချီးမြှင့်ခံရ

စတော့ဟုမ်း၊ အောက်တိုဘာ -၃
မျိုးဆက်(VOM)
mRNA Covid ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ့် နည်းပညာကို တီထွင်ခဲ့ကြတဲ့သိပ္ပံပညာရှင်နှစ်​ယောက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုချီးရရှိခဲ့ပါတယ်။
ဟန်ဂေရီ အမေရိကန်နွယ်ဖွား ပါမောက္ခ ကာတာလင်ကာရီယိုနဲ့ အ မေရိကန်သား ဒရူးဝစ်မန်းတို့ဟာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အထောက်အကူဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇခုခံမှု စနစ်ကိုရှာဖွေတွေ့ရှိ သုတေသနပြုခဲ့ကြတာကြောင့် ခုလိုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
နိုဘယ်ဆုကော်မတီက ဆုရှင်တွေဟာ ယနေ့ခေတ် လူသား ​တေွရဲ့ကျန်းမာရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုတခုအတွင်း မကြုံစဖူးသော ကာကွယ်ဆေးများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
နိုဘယ်ဆုရှင် တွေဟာ သမိုင်းမှာ လူ့ကျန်းမာရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတခု ကာလအတွင်း မကြုံစဖူးသော ကာကွယ်ဆေးတွေ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခဲ့ ကြသူတွေဖြစ်ပါတယ်။
သူတို့က လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့ပြီး ပြင်းထန်တဲ့ကိုဗစ်-၁၉ ရောဂါရဲ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီး လူ့အဖွဲ့အစည်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်စေခဲ့ကြောင်း နိုဘယ်ဆုပေးရေးအဖွဲ့ကဆိုပါတယ်။
အလားတူ mRNA နည်းပညာကို ယခုအခါ ကင်ဆာအပါအဝင် အခြားသောရောဂါများအတွက် သုတေသနပြုလျက်ရှိပါတယ်။
Ref:BBC
Photo :AP

Related posts

Leave a Comment

VOM News

FREE
VIEW