ကဘူးလ်၊ အောက်တိုဘာ-၈-၂၀၂၃
မျိုးဆက်(VOM)
အီရန်နယ်စပ်အနီး အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က အင်အားပြင်းမြေငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူရာချီသေဆုံးကာ ၁၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ အဲဒီမြေငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှာ နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့မှ ကီလိုမီတာ ၄၀ အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ငလျင်ကြောင့် အဆောက်အဦများစွာပျက်စီးခဲ့ပြီး လူအများအပြားပိတ်မိခဲ့ကာ နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။
လက်ရှိချိန်ထိ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အို တစ်ထောင်ကျော်ဒဏ်ရာရရှိခဲ့ပြီး လူ ၁၂၀ အသက်ဆုံးရှုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ပတ်ခ်တီကာ ပြည်နယ်တွင်လည်း ယမန်နှစ်ဇွန်လအတွင်းက ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူတစ်ထောင်ကျော်သေဆုံးကာ သောင်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
Ref:BBC
Photo:AFP
![](https://scontent-fra5-1.xx.fbcdn.net/v/t39.30808-6/386755740_638469965130890_1609921155945421805_n.jpg?stp=dst-jpg_s600x600&_nc_cat=102&ccb=1-7&_nc_sid=49d041&_nc_ohc=9tNey_Xvj2sAX8naYxI&_nc_ht=scontent-fra5-1.xx&oh=00_AfCxWgdik6eIzxszViEMdGFpxyTDUQwJ8gKX0-L2PpkFjw&oe=65268372)
![](https://scontent-fra3-2.xx.fbcdn.net/v/t39.30808-6/386344511_638470051797548_7529285847781431787_n.jpg?stp=dst-jpg_s600x600&_nc_cat=104&ccb=1-7&_nc_sid=49d041&_nc_ohc=eqDihQ0P_HYAX9KGoFc&_nc_ht=scontent-fra3-2.xx&oh=00_AfAUuATRTwtPVkQugIeUwRw99HH3Tz79kTbaUmI4yDrrpA&oe=65272452)
![](https://scontent-fra5-1.xx.fbcdn.net/v/t39.30808-6/387063723_638470158464204_6932687129411485856_n.jpg?stp=dst-jpg_s600x600&_nc_cat=108&ccb=1-7&_nc_sid=49d041&_nc_ohc=w1pZellCdXMAX9siP3a&_nc_oc=AQn8iQ8RcidhQNSlBb7GfoN7OpkBH25uxeTddlrakPM8AJtJa9YJ51HL13KKh7JRyu8&_nc_ht=scontent-fra5-1.xx&oh=00_AfDljr4PjoFgUW-R_Tnvb7jSIvIHU7JOfLjALPQCraLJfA&oe=6527E52E)
See Insights and Ads
Advertise
<img class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
<img class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
<img class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
All reactions:
308