နယ်စပ်မှာ အစ္စရေးစစ်သား ထောင်ပေါင်းများစွာရောက်ရှိနေပြီး ဂါဇာကမ်းမြှောင်ကို မြေပြင်ထိုးစစ် မကြာခင် ဆင်နွှဲဖွယ်ရှိ

ဂျေရုဆလင်၊ အောက်တိုဘာ-၁၁-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာနယ်စပ်အနီးမှာ အစ္စရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ရောက်ရှိနေကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသကို များမကြာခင်မှာ မြေပြင်ထိုးစစ်ဆင်နွှဲဖွယ်ရှိနေပြီး ဒါဟာ ဟားမတ်စ်တို့မှာ ဘယ်လိုစစ်ရေးစွမ်းရည်မှမရှိစေရေး သေချာစေဖို့ဖြစ်ကြောင်း အစ္စရေးစစ်တပ်ကပြောသည်။
လက်ရှိမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ လက်ဘွန်နယ်စပ်မှာလည်း စစ်သွေးကြွတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေပြီး အစ္စရေးစစ်သားသုံးယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေ့ အတည်ပြုထားပါတယ်။
နောက်ပိုင်းမှာတော့ အစ္စရေးစစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာစစ်သွေးကြွသုံးယောက်သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး ဂါဇာကို အစ္စရေးက ပြန်လည်တိုက်ခိုက်မှုကြောင့် လူ ၉၀၀ ကျော်သေဆုံးခဲ့ပါတယ်။
စနေနေ့ကစတင်ခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုဟာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ အစ္စရေးက သေဆုံးသူအချို့ဟာ ဟားမတ်စ်တို့ရဲ့ ခေါင်းဖြတ်သတ်တာခံခဲ့ရတယ်လို့ အစ္စရေးစစ်သားတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: BBC
Photo:AFP/Getty Images
#voiceofmyanmar #VOM #IsraeliTroops #Gaza-border #’ready-to-execute #mission

Related posts

Leave a Comment

VOM News

FREE
VIEW