စစ်ကာလ ယာယီအရေးပေါ်အစိုးရ အစ္စ​​ရေးဖွဲ့ပြီ

ဂျေရုဆလင် ၊ အောက်တိုဘာ -၁၂
မျိုးဆက်(VOM)
အစ္စရေးဝန်ကြီးချုပ်နဲ့ အတိုက်အခံခေါင်းဆောင်တယောက်တို့ဟာ စစ်ကာလ ယာယီအရေးပေါ်အစိုးရတရပ် ဖွဲ့စည်းဖို့သဘောတူလိုက်ကြပါတယ်။
ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်စ်တို့ဟာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စစ်ပွဲစီမံခန့်ခွဲမှုဝန် ကြီးများအဖွဲ့ ကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။
ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွတွေရဲ ပြင်းထန်တဲ့ တိုက်ခိုက်မှု အပြီး အရေးပေါ်ယာယီအစိုးရဖွဲ့မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေတန်ယာဟုနဲ့ မစ္စတာဂန့်ဇ်တို့နဲ့အတူ ယာယီအ ရေး ပေါ်အစိုးရအဖွဲ့သစ်မှာ ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလန့် လည်း ပါဝင်မှာဖြစ်ပါတယ်။
Ref:BBC
Photo:India Today

Related posts

VOM News

FREE
VIEW