လက်ဘနွန်နယ်စပ်က ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်၊ နယ်စပ်မှာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ အားဖြည့်ထား

တဲလ်အဗစ်၊ အောက်တိုဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) လက်ဘနွန်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီးမှာ အစ္စရေးမြောက်ပိုင်းနယ်စပ်ကို တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ထပ်မံအားဖြည့်ခဲ့ကြောင်း အစ္စရေးကပြောပါတယ်။ နယ်စပ်အနီးရှိ အစ္စရေးစစ်စခန်းတခုကို ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးကလည်း လက်ဘနွန်ရှိ စစ်သွေးကြပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူသုံးယောက်ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ဘက်ကပြောပါတယ်။ အစ္စရေးစစ်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ သူတို့လက်ချက်ဖြစ်ကြောင်း ဟဇ်ဘိုဘာလာအဖွဲ့က ထုတ်ပြန်ထားပြီး ဟဇ်ဘိုဘာတိုက်ခိုက်ရေးသမား သုံးယောက်သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။ အစ္စရေးကလည်း လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့၏ စစ်စခန်းတခုနဲ့ ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့နေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်းနယ်စပ်မှာ နောက်ထပ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ဖြန့်ကြက်ချထားပြီး ခြေလျင်တပ်၊ အထူးတပ်ဖွဲ့၊ သံချပ်ကာတပ်ဖွဲ့၊ အေမြောက်တပ်ဖွဲ့၊ လေတပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ပါဝင်ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ မကြုံစဖူးတိုက်ခိုက်မှုကြောင့် ဂါဇာဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေချိန်မှာ လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar…

Read More

လတ်တလော နယ်စပ်ကုန်သွယ်မှု အခြေအနေ

အောက်တိုဘာ ၁၁၊ ၂၀၂၃ ShyV (VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းအနေနဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကနေ ၃ ရက်နေ့အထိ သုံးရက်အတွင်း ပို့ကုန်ကား ၁၃၆ စီး၊ သွင်းကုန် ကား ၂၁၈ စီး၊ စုစုပေါင်း ပို့ကုန်သွင်းကုန်ကား ၃၅၄ စီး ရှိပြီး ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၂.၁၈၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၆၀၆ သန်းရှိကာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၇၉၁ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ တချို့ သွင်းကုန် ပစ္စည်းတွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲ ဝင်ရောက်ဖို့ မလိုပဲ မူဆယ်မှာတင် ချရတဲ့…

Read More

YGEA က ရွှေရည်ညွှန်းဈေးကို ဈေးကွက်ဈေးနှုန်းအဖြစ် ပြောင်းလဲထုတ်ပြန် ၊ ပြင်ပဈေးကွက်ကို မသက်ရောက်နိုင်ကြောင်း သုံးသပ်

အောက်တိုဘာ ၁၂ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသင်းရဲ့ ရွှေရည်ညွှန်းဈေးကို ဒီ‌ကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းမှစတင်ကာ ဈေးကွက်ဈေးနှုန်းအဖြစ် ပြောင်းလဲ ထုတ်ပြန်လာတာကို တွေ့ရပါတယ်။ ဘဏ်တွေအကြား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်ကနေ အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပြီး ဒီကနေ့မနက် ၁၀ နာရီ ဈေးကွက်အဖွင့်ဈေးနှုန်း အခေါက်ရွှေ တကျပ်သား ၂၉၃၅၁၀၀ ကျပ် ဖြစ်ကာ နေ့လယ် ၁၂ နာရီခွဲ ပေါက်ဈေးကတော့ ၂၉၃၈၂၀၀ ဖြစ်တယ်လို့ သိရပါတယ်။ \ “အခု ကျွန်တော်တို့ တွက်နေတာက ဘဏ်တွေက အချင်းချင်း ‌အရောင်းအဝယ်လုပ်တဲ့ဈေးပေါ့နော်။ ဈေးကွက်ပေါက်ဈေးနဲ့ တွက်နေတာ ဒေါ်လာဈေးကို၊ အဲ့ဒါကြောင့် ဒီ ရောင်းတဲ့ဝယ်တဲ့နေရာမှာလည်း ဈေးကွက်ပေါက်ဈေးကို သတ်မှတ်ပေးတဲ့သဘောပါပဲ။…

Read More

ဓါးစာခံတွေ မလွတ်မချင်း ဂါဇာကို ပိတ်ဆို့တိုက်ခိုက်တာ အဆုံးမသတ်ဘူးလို့ အစ္စရေးစစ်တပ် သတိပေး

ဂါဇာစီးတီး၊ အောက်တိုဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) အစ္စရေး ဓါးစာခံတွေ မလွတ်မချင်း ဂါဇာကို ပိတ်ဆို့တိုက်ခိုက်တာတွေကို အဆုံးသတ်မှာမဟုတ်ကြောင်း အစ္စရေးက သတိပေးပြောကြားလိုက်ပါတယ်။ “ ဂါဇာမှ မီးခလုတ်ဖွင့်ထားလဲ မီးမရ၊ ရေဘုံဘိုင်ဖွင့်ထားလည်း ရေမလာ၊ လောင်စာဆီကားလည်း ဝင်လာမှာမဟုတ်ဘူး” လို့ အစ္စရေးစွမ်းအင်ဝန်ကြီးက ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တွေရဲ့ အလွန်ကြီးမားတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်ကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ နှစ်ဘက်ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး အခွင့်အရေးယူအသုံးမချဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သတိပေးထားပါတယ်။ အစ္စရေးမှာ လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့တဲ့ ဂါဇာအခြေစိုက် ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုပြီးနောက် ဟားမတ်စ်တွေဟာ အစ္စရေးကနေ လူ ၁၅၀ ထက်မနည်းကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အစ္စရေးကလည်း ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ခဲ့တာကြောင့် လူ ၁၀၀၀ ကျော်သေဆုံးပြီး ၃၃၈၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဂါဇာမှာရှိတဲ့ တခုတည်းသော ဓါတ်အားပေးစက်ရုံဟာ…

Read More

ပရိယာယ် မိုး

  ဆူးငှက်     လျှပ်ခြည်စေရော် ဇော်တခဲ နဘန္တရာသံဝါခြိမ့်တယ် လမ္ဗရာခြိမ့် နတ်စည်တော် ပဏဝါအိမ် ပတ်လည်ဆော်သည် ဝိုးဝင်းမိုးပြည့် ရှိန်အဝါမှာ ဝတိံသူရာစစ်ရေးမြှူကြဆဲ။ ဝန်ထောက်တော် ဝက်မစွတ်မြို့စားက ကရကဋ်ရာသီဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသအတွက် မျှော်မျှော်နိုင်လွန်းချည့် ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုကာ ဒေါသတကြီးခုန်ချ အစွမ်းပြတော့သည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဟု ဆိုရိုး ရှိခဲ့လေတော့ တောင်ဆီမှာမိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို “မိုးရွာရင် နော်ဗျာ ဘာနဲ့ မိုးရပါ့၊ ပဒုမ္မာရွှေကြာရိုး၊ ထီးလုပ်လို့မိုး” ဟု ကယုကယင် ချော့နွဲ့လို့မရ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီးစစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည်တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီမိုးဒဏ်က…

Read More

စစ်ကာလ ယာယီအရေးပေါ်အစိုးရ အစ္စ​​ရေးဖွဲ့ပြီ

ဂျေရုဆလင် ၊ အောက်တိုဘာ -၁၂ မျိုးဆက်(VOM) အစ္စရေးဝန်ကြီးချုပ်နဲ့ အတိုက်အခံခေါင်းဆောင်တယောက်တို့ဟာ စစ်ကာလ ယာယီအရေးပေါ်အစိုးရတရပ် ဖွဲ့စည်းဖို့သဘောတူလိုက်ကြပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်စ်တို့ဟာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စစ်ပွဲစီမံခန့်ခွဲမှုဝန် ကြီးများအဖွဲ့ ကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွတွေရဲ ပြင်းထန်တဲ့ တိုက်ခိုက်မှု အပြီး အရေးပေါ်ယာယီအစိုးရဖွဲ့မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ နေတန်ယာဟုနဲ့ မစ္စတာဂန့်ဇ်တို့နဲ့အတူ ယာယီအ ရေး ပေါ်အစိုးရအဖွဲ့သစ်မှာ ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလန့် လည်း ပါဝင်မှာဖြစ်ပါတယ်။ Ref:BBC Photo:India Today #voiceofmyanmar #vom #အစ္စရေး #အရေးပေါ်အစိုးရ #ဟားမတ်စ် Telegram Link: https://t.me/VOMNEWS2023/2947?single

Read More

နှစ်စဥ်ကြေးမသွင်းတဲ့ အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်း

အောက်တိုဘာ ၁၁ – ၂၀၂၃ SN (VOM) နှစ်စဥ်ကြေးမသွင်းတဲ့ အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ကြေညာလိုက်ပါတယ်။ MGMA အသင်းဝင် အသင်းသားဦးရေ ၈၁၉ ဦးရှိတာမှာ အသင်းသား ၂၅၄ ဦးက ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေးပေးသွင်းဖို့ ပျက်ကွက်ခဲ့တာ‌ကြောင့် အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ အသင်းသားတွေ အသင်း၀င်ကြေးပေးသွင်းဖို့ MGMA အနေနဲ့ အကြောင်းကြားစာ အကြိမ်ကြိမ် ပေးပို့ခဲ့ပေမယ့် ဆက်သွယ်ဆောင်ရွက်တာမျိုး မရှိတဲ့အတွက် အခုလို အသင်းသားအဖြစ်က ရပ်စဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ နှစ်စဉ်ကြေး မပေးသွင်းတာကလည်း လက်ရှိမှာ အထည်ချုပ်လုပ်ငန်းတွေက လုပ်ငန်းကိုင်ငန်း သိပ်မကောင်းတဲ့ အနေအထားပေါ့။ တော်တော်များများက လုပ်ငန်း ဆက်ပြီးလည်ပတ်နိုင်ဖို့ မနည်းရုန်းနေရတဲ့ အခြေအနေမျိုးပါ။ အထည်ချုပ်စက်ရုံအများစုက…

Read More

မူဆယ်မှာ ဒီရက်ပိုင်းအတွင်း ငွေလဲလုပ်ငန်းရှင်တွေ ပစ်ခတ်လုယက်ခံရတာတွေများလာ

အောက်တိုဘာ ၊ ၁၂ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ – တရုတ် ၂ နိုင်ငံ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း ငွေလဲလုပ်ငန်းရှင်တွေ တချို့ ပစ်ခတ်လုယက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မြန်မာငွေနဲ့ တရုတ်ငွေ လဲပေးတဲ့ လုပ်ငန်းရှင်တွေ သေနတ်နဲ့ ပစ်ခတ်ပြီး ပိုက်ဆံလုခံရတာဖြစ်တယ် ၊ အဲ့ဒီလို လုယက်ခံရတာ ဒီရက်ပိုင်းအတွင်း သုံးလေးဦးရှိတယ် ၊ ပစ်ခတ်မပါပဲ လုခံရတာတော့ ခဏခနဖြစ်တယ် ” လို့ မူဆယ်ဒေသခံတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က မူဆယ်မြို့လယ် နာရီစင်နားမှာ ငွေလဲ လုပ်ကိုင်နေသူ အမျိုးသမီး တယောက် သေနတ်နဲ့ ပစ်ခတိခံရပြီး ပိုက်ဆံတွေ လုယက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီလို…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ်

-လကမ္ဘာပေါ်မှာ အိမ်ဆောက်ဖို့ကြိုးစားနေတဲ့ နာဆာ -စက်ရုပ်ခွေးတွေကို လက်နက်တပ်ဆင်ပေးနိုင်တော့မှာလား -အိန္ဒိယနဲ့ ရေအောက်ရထားပြေးဆွဲဖို့ ယူအေအီးဘာတွေ စီစဉ်နေလဲ မျိုးဆက်(VOM) အောက်တိုဘာ-၁၂-၂၀၂၃ (၁) လကမ္ဘာပေါ်မှာ အိမ်ဆောက်တော့မယ့် နာဆာ အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ဟာ လကမ္ဘာပေါ်မှာ ၂၀၄၀ ခုနှစ်အတွင်း နေအိမ်တလုံးတည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။ ဒီလိုတည်ဆောက်ဖို့အတွက် အော်စတင်အခြေစိုက် ICON ဆောက်လုပ်ရေးနည်းပညာ ကုမ္ပဏီတခုနဲ့စာချုပ်ချုပ်ပြီး ဒေါ်လာသန်း ၆၀ ပေးအပ်ထားကာ ဘိလပ်မြေ၊ သဲနဲ့ရေတို့ကို အမျှင်အဖြစ်ဖန်တီးပြီး အလွှာလိုက်တည်ဆောက်သွားမှာဖြစ်ပါတယ်။ အစီအစဉ်အရ 3D ပရင်တာကြီးတခုကို လကမ္ဘာပေါ်ကို သယ်ဆောင်သွားမှာဖြစ်ပြီး လပေါ်က ကျောက်တုံးကျောက်ခဲတွေ၊ ဓါတ်သတ္တုအပိုင်းအစတွေနဲ့ ဖုန်မှုန့်တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လကမ္ဘာပေါ်က နေအိမ်အတွက် တံခါးတွေ၊ ကြွေပြားတွေနဲ့ ပရိဘောဂတွေအတွက် နည်းပညာတက္ကသိုလ်ကြီးတွေ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ နာဆာက ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ICON ဆောက်လုပ်ရေးနည်းပညာကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကတည်းက…

Read More
VOM News

FREE
VIEW