လက်ဘနွန်နယ်စပ်က ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်၊ နယ်စပ်မှာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ အားဖြည့်ထား

တဲလ်အဗစ်၊ အောက်တိုဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)
လက်ဘနွန်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီးမှာ အစ္စရေးမြောက်ပိုင်းနယ်စပ်ကို တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ထပ်မံအားဖြည့်ခဲ့ကြောင်း အစ္စရေးကပြောပါတယ်။
နယ်စပ်အနီးရှိ အစ္စရေးစစ်စခန်းတခုကို ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးကလည်း လက်ဘနွန်ရှိ စစ်သွေးကြပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူသုံးယောက်ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ဘက်ကပြောပါတယ်။ အစ္စရေးစစ်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ သူတို့လက်ချက်ဖြစ်ကြောင်း ဟဇ်ဘိုဘာလာအဖွဲ့က ထုတ်ပြန်ထားပြီး ဟဇ်ဘိုဘာတိုက်ခိုက်ရေးသမား သုံးယောက်သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
အစ္စရေးကလည်း လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့၏ စစ်စခန်းတခုနဲ့ ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့နေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်းနယ်စပ်မှာ နောက်ထပ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ဖြန့်ကြက်ချထားပြီး ခြေလျင်တပ်၊ အထူးတပ်ဖွဲ့၊ သံချပ်ကာတပ်ဖွဲ့၊ အေမြောက်တပ်ဖွဲ့၊ လေတပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ပါဝင်ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ မကြုံစဖူးတိုက်ခိုက်မှုကြောင့် ဂါဇာဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေချိန်မှာ လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW