အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကနေစလို့ ၁၁ ရက်အထိ ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေကနေ ထပ်တိုး နောက်မှုဖွင့် အရေးထားတယ်လို့ မုံရွာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ပေးတဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။ “အစာအငတ်ခံ ဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့် အရေးယူထားတဲ့ ကိုဝင်းကျော်ခေါင်၊ ကိုဆန်းမြင့်လွင်၊ ကိုပြည်စုံဖြိုး၊ ကိုဝင်းခန့်ကို၊ ကိုဘုန်းမြင့်ကျော်၊ ကိုညီဟိန်း၊ ကိုသန်းဝေလွင်၊ ကိုခိုင်မြဲကျော်၊ ကိုစည်သူမောင်၊ ကိုမျိုးဆက်မောင်၊ ကိုသူရိန်မြင့်၊ ကိုဝေယံထွန်း၊ ကိုကောင်းထက်၊ ကိုမျိုးမင်းထွန်း၊ ကိုသူရိန်ဝင်း၊…
Read MoreDay: October 18, 2023
နေပြည်တော် ကင်းသာကုန်ထုတ်စခန်းက အကျဉ်းသား ခုနှစ်ယောက်ထွက်ပြေး
အောက်တိုဘာ ၁၈ – ၂၀၂၃ KT+GG (VOM) နေပြည်တော်၊ တပ်ကုန်းမြို့နယ် ၊ကင်းသာရွာရှိ ကင်းသာ ၂ ကုန်ထုတ်စခန်းက အကျဉ်းသား ခုနှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားလို့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ မနေ့က အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အကျဉ်းစခန်းကနေ ထွက်ပြေးသွားတာဖြစ်ကြောင်းသာ ကနဦးအချက်အလက်တွေအရသိရပါတယ်။ ” သတင်းက ခုမနက်မှ ကျနော်တို့လည်းကြားရတာပေါ့၊ အခု မြို့ထဲမှာ လိုက်ရှာနေကြတာတွေ့ရ တယ်၊ စစ်ဆေးမှုတွေလည်း ရှိနေတယ်၊ထွက်ပြေးတယ်ဆိုတာပဲသိရတာ ဘယ်လိုလွတ်သွားတယ်ဆို အတိကျဘယ်သူမှမသိသေးဘူး၊ပြေးတဲ့အထဲမှာ ထောင် ၁၀ နှစ်ထိချခံထားရသူတွေပါတယ်လို့သိရတယ်၊ခုပြေးတာလည်း နိုင်ငံရေးပုဒ်မတစ်ယောက်မှမပါဘူး ” တပ်ကုန်းမြို့ခံတယောက်ကပြောပါတယ်။ အကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေက နိုင်လင်း၊ သန်းထိုက်အောင်(ခ)အောင်ကြီး၊ ရဲမင်းဦး၊ နေထက်အောင်(ခ)နေထက်လင်း၊ ဇာလီ(ခ)အောင်ဆန်းဦး၊ ကျော်ကျော်သက်နဲ့ အောင်နိုင်စိုး ဆိုသူတွေဖြစ်တယ်လို့သိရပါတယ်။ နေပြည်တော်က တရားရုံးအချို့နဲ့ ပြင်ဦးလွင်ခရိုင်တရားရုံး၊မိတ္တီလာ၊ရမည်းသင်းမြို့နယ် တရားရုံးတွေကနေ…
Read Moreအောက်တိုဘာ ၁၈ ရက်နေ့ စက်သုံးဆီစျေးများ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၄၀ ကျပ် ဝယ်ဈေး – ၃၂၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၃၅ ကျပ် ဝယ်ဈေး – ၂၃၇၆ ကျပ် -ယူရို ရောင်းဈေး – ၃၅၄၄ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၁၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreကြည့်မြင်တိုင် ဇဗ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင်ကို လုယက်ပြီး သတ်ဖြတ်သူလို့ စွပ်စွဲခံရသူ လေးယောက်ကို ဖမ်းဆီးရမိ
အောက်တိုဘာ ၁၈ – ၂၀၂၃ SP + SN (VOM) ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ရတဲ့ ပြစ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မနေ့ အောက်တိုဘာ ၁၇ ရက်က ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူ လူ ၄ ယောက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ဇဗ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး ဆိုသူကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီး ရွှေတွေ လုယူသွားတဲ့ ကိစ္စက ကျူးလွန်တယ်လို့ စွပ်စွဲခံရသူ လူ ၄…
Read MoreThis Day in History
Voice of Myanmar ခေတ်သစ်သမိုင်းတွင် မွတ်ဆလင်နိုင်ငံတနိုင်ငံ၏ ပထမဆုံးအမျိုးသမီးခေါင်းဆောင်နှင့် ဝန်ကြီးချုပ်တာဝန်နှစ်ကြိမ်ထမ်းဆောင်ခဲ့သူ ဘနာဇီယာဘူတိုသည် ပြည်ပ၌ရှစ်နှစ်ကြာတိမ်းရှောင်ခဲ့ကာ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပါကစ္စတန်သို့ ပြန်လာပြီးနောက် နာရီပိုင်းအကြာ ၎င်း၏ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် အသက်ဘေးမှ လက်မတင်လွတ်မြောက်ခဲ့သော်လည်း ထောက်ခံသူ ၁၀၀ ကျော်သေဆုံးခဲ့သည်။
Read Moreဂါဇာရှိ ဆေးရုံတရုံ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် လူ ၅၀၀ ကျော်သေဆုံး
ဂါဇာစီးတီး၊ အောက်တိုဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံတရုံမှာ အောက်တိုဘာ ၁၇ ရက်က ပေါက်ကွဲမှုကြီးတခုဖြစ်ပွားခဲ့ပြီး ဒါဟာ အစ္စရေးရဲ့လေကြောင်တိုက်ခိုက်မှုကြောင့်လို့ ဟားမတ်စ်အဖွဲ့က ပြောဆိုထားပြီး လူ ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဟာ ဂါဇာမြောက်ပိုင်းမှာတည်ရှိပြီး ခရစ်အဖွဲ့အစည်းတခုက ဖွင့်ထားတဲ့ဆေးရုံဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းကဒေသခံတွေကို တောင်ပိုင်းကို ရွှေ့ပြောင်းဖို့ သတိပေးထားပေမယ့် ဘေးလွတ်ရာကို မသွားနိုင်တဲ့ ဒေသခံတွေဟာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဆေးရုံမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။ ဆေးရုံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး ဒါဟာလူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ကြောင်း ပါလက်စတိုင်းသမ္မတ မိုဟာမက်အဘစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်ပြီးနောက် ပါလက်စတိုင်းသမ္မတဟာ ဂါဇာအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ အီဂျစ်သမ္မတစီစီတို့နဲ့ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ပြုလုပ်မယ့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဒါဟာ ဟားမတ်ဟ်မဟုတ်တဲ့…
Read More