ဂါဇာရှိ ဆေးရုံတရုံ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် လူ ၅၀၀ ကျော်သေဆုံး

ဂါဇာစီးတီး၊ အောက်တိုဘာ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံတရုံမှာ အောက်တိုဘာ ၁၇ ရက်က ပေါက်ကွဲမှုကြီးတခုဖြစ်ပွားခဲ့ပြီး ဒါဟာ အစ္စရေးရဲ့လေကြောင်တိုက်ခိုက်မှုကြောင့်လို့ ဟားမတ်စ်အဖွဲ့က ပြောဆိုထားပြီး လူ ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဟာ ဂါဇာမြောက်ပိုင်းမှာတည်ရှိပြီး ခရစ်အဖွဲ့အစည်းတခုက ဖွင့်ထားတဲ့ဆေးရုံဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းကဒေသခံတွေကို တောင်ပိုင်းကို ရွှေ့ပြောင်းဖို့ သတိပေးထားပေမယ့် ဘေးလွတ်ရာကို မသွားနိုင်တဲ့ ဒေသခံတွေဟာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဆေးရုံမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။

ဆေးရုံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး ဒါဟာလူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ကြောင်း ပါလက်စတိုင်းသမ္မတ မိုဟာမက်အဘစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ပြီးနောက် ပါလက်စတိုင်းသမ္မတဟာ ဂါဇာအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ အီဂျစ်သမ္မတစီစီတို့နဲ့ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ပြုလုပ်မယ့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဒါဟာ ဟားမတ်ဟ်မဟုတ်တဲ့ အခြားစစ်သွေးကြွအဖွဲ့တဖွဲ့က ဒုံးကျည်မှားယွင်းပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

 

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW