ဗန်းမော်မြို့က အောင်သီရိ စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရလို့ ရွှေထည်ပစ္စည်း တပိဿာနီးပါး ပါသွား

 

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၃

SP ( VOM)

 

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ ၊ ညောင်ပင် (အရှေ့) ရပ်ကွက်မှာရှိတဲ့ အောင်သီရိ စိန်ရွှေရတနာ ရောင်းဝယ်ရေး ဆိုင်မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒေသခံ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

” ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်ကဖြစ်တာပါ ၊ ဆိုင်ဖွင့်ပြီး သိပ်မကြာလိုက်ဘူး ၊ ဓားပြတိုက်ခံရတယ်လို့ ကြားရတယ် ၊ ဆိုင်ကယ်သုံးစီးနဲ့ လူစိမ်းခြောက်ယောက် (မျက်နှာမှာ မက်ခ်တပ်ထား) ဆိုင်ထဲကိုရောက် လာပြီး ၊ ဆိုင်ဝန်ထမ်းတွေကို မှောက်ခိုင်းတယ် ၊ အဲ့ဒီနောက် အရောင်း ကောင်တာထဲက ရွှေထည်ပစ္စည်းမျိုးစုံ ပါသွားတယ် ၊ ခန့်မှန်း အလေးချိန် တပိဿာဝန်းကျင်းလောက်ရှိတယ် ” လို့ မြို့ခံ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဗန်းမော်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရွှေဆိုင် ဓားပြတိုက်ခံရတယ်လို့ ကြားရတယ် ၊ ကနဦး သိရတာက ရွှေထည်ပစ္စည်းတွေ ပါသွားတာများတယ်လို့ သိရတယ် ၊ သွားရောက်စစ်ဆေးနေတုန်းမို့ အကြောင်းစုံ မသိရသေးဘူး” လို့ ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ၊ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ၊ မိုး ရွှေရတနာဆိုင် နဲ့ ပန်းတိမ်လုပ်ငန်းမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ကျောက်စိမ်းတွေ အပါအဝင် သိန်းခြောက်ထောင်ဖိုး ပါသွားတယ်လို့ သိရပါတယ်။

 

အဲ့ဒီနောက် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီး အဲဲ့ဒီဖြစ်စဥ်မှာ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း တနိုင်ငံ အတိုင်းအတာမှာ ရွှေဆိုင် လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ၊ အဲ့ဒီလို လုယက်မှုဖြစ်ပွာတဲ့ ဒေသတွေကတော့ ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ဖားကန့် ၊ ဝန်းသို၊ နောင်ချို ၊ အင်းတော် စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW