ဗန်းမော်မြို့က အောင်သီရိ စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရလို့ ရွှေထည်ပစ္စည်း တပိဿာနီးပါး ပါသွား

  အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၃ SP ( VOM)   ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ ၊ ညောင်ပင် (အရှေ့) ရပ်ကွက်မှာရှိတဲ့ အောင်သီရိ စိန်ရွှေရတနာ ရောင်းဝယ်ရေး ဆိုင်မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒေသခံ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ” ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်ကဖြစ်တာပါ ၊ ဆိုင်ဖွင့်ပြီး သိပ်မကြာလိုက်ဘူး ၊ ဓားပြတိုက်ခံရတယ်လို့ ကြားရတယ် ၊ ဆိုင်ကယ်သုံးစီးနဲ့ လူစိမ်းခြောက်ယောက် (မျက်နှာမှာ မက်ခ်တပ်ထား) ဆိုင်ထဲကိုရောက် လာပြီး ၊ ဆိုင်ဝန်ထမ်းတွေကို မှောက်ခိုင်းတယ် ၊ အဲ့ဒီနောက် အရောင်း ကောင်တာထဲက ရွှေထည်ပစ္စည်းမျိုးစုံ ပါသွားတယ် ၊ ခန့်မှန်း အလေးချိန်…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရဲ့ လေထုအရည်အသွေး ဒေလီထက် ဆိုးရွားနေ

  ဒေလီ၊ အောက်တိုဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းရဲ့လေထုအရည်အသွေးဟာ ဒေလီမြို့ထက် ပိုမိုဆိုးရွားလာနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။   မိုးမရွာတော့တာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက လေထုအရည်အသွေးကို ပိုမိုကျဆင်းစေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ပုံမှန်အားဖြင့် မြို့တော်ဒေလီဟာ ဆောင်းရာသီရောက်ချိန်တိုင်း လေထုအရည်အသွေးကျဆင်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ထိ ရောက်ရှိတတ်ပါတယ်။   ဒါပေမယ့် ကျယ်ပြန့်တဲ့ကမ်းရိုးတန်းရှိပြီး လေထုအရည်အသွေး ပိုမိုကောင်းမွန်တယ်လို့ ယူဆရတဲ့ မွမ်ဘိုင်းရဲ့ လေထုအရည်အသွေးအဆင့်ဟာ ယခုလအတွင်းမှာ ဒေလီကို မကြခဏဖြတ်ကျော်လို့နေပါတယ်။   အဆုတ်ကို ပိတ်ဆို့စေပြီး အန္တရာယ်ရှိတံ့အဆင့်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်သတ်မှတ်ချက် PM 2.5 ဟာ အောက်တိုဘာ ၁၉ ရက်က ဒေလီမှာ ၁၁၇ ရှိပြီး မွမ်ဘိုင်းမှာတော့ ၁၆၆ ထိရှိခဲ့ပါတယ်။   လေထုအရည်အသွေး ၁၀၁ ကနေ ၂၀၀ အကြားကို…

Read More

အစ္စရေးနဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ ဒေါ်လာဘီလီယံများစွာ ကွန်ဂရက်မှာ တောင်းခံမယ်လို့ ဂျိုးဘိုင်ဒင်ပြော

  ဝါရှင်တန်၊ အောက်တိုဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM)   အစ္စရေးနဲ့ယူကရိန်းအတွက် ဒေါ်လာဘီလီယံများစွာကို ကွန်ဂရက်မှာ တောင်းခံသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   အစ္စရေးကို ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားမိန့်ခွန်းတရပ်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုက် ပြောဆိုလိုက်တာဖြစ်ပြီး သူဟာ မကြာသေးခင်က အစ္စရေးကို သွားရောက်ခဲ့ပါတယ်။   အမေရိကန်မှာဖြစ်ပွာခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုအပြီး အမေရိကန်ရဲ့ အမှားတွေကို သင်ခန်းစာယူဖို့နဲ့ ဒေါသကြောင့် မှောက်မှားတာတွေမဖြစ်ဖို့ အစ္စရေးခေါင်းဆောင်တွေကို ဂျိုးဘိုင်ဒင်က တိုက်တွန်းထားပါတယ်။   အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသအတွက် ရေ၊ လျှပ်စစ်ဓါတ်အား၊ လောင်စာဆီနဲ့ အစားအစာထောက်ပံ့မှုလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပါတယ်။   ဒါပေမယ့် အထောက်အပံ့အချို့ ဝင်ရောက်ခွင့်အတွက် အမေရိကန်နဲ့ အီဂျစ်တို့အကြား သဘောတူထားပါတယ်။ ဂါဇာရှိ ဆေးရုံတရုံမှာ မကြာသေးမီက ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅၀၀ ကျော်သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို…

Read More

ဟိုပင် – ဝိုင်းမော်လမ်းမှာ ကားတစီး တိမ်းမှောက်လို့ ခရီးသည် ခုနှစ်ယောက်သေဆုံး ၊ ၂၀ ကျော် ဒက်ရာရ

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဟိုပင်မြို့နယ်ခွဲကနေ ဝိုင်းမော်ဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ကား တစီးဟာ မနေ့ အောက်တိုဘာ ၁၉ ရက် နေ့ခင်းပိုင်းက ရှငေါ်ကျေးရွာနားမှာ တိမ်းမှောက်သွားရာ ကားပေါ်ပါ ခရီးသည်တွေ သေဆုံး ဒဏ်ရာရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်က မှောက်တယ် ၊ ကားအမျိုးအစားက ကုန်တင် ၁၂ ဘီးဖြစ်တယ် ၊ ကားပေါ်မှာက ဆောက်လုပ်ရေး လုပ်သား ၃၅ ယောက် လိုက်ပါလာတယ် ” လို့ ရှငေါ်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ကားမှောက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ လူမှုကူညီရေး…

Read More

တရုတ်ရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှု သိသိသာသာတိုးပွားလာ

ဝါရှင်တန်၊ အောက်တိုဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း နျူကလီးယားလက်နက်တွေ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာ နျူကလီးယားထိပ်ဖူး ၅၀၀ ထိပိုင်ဆိုင်လာ ပြီး သိသိသာသာတိုးပွားလာကြောင်း အမေရိကန်က ပြောပါတယ်။ တရုတ်ဟာ ၂၀၃၀ ခုနှစ်အတွင်း သူ့ရဲ့လက်နက်တိုက်မှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော်ထိ နှစ်ဆတိုးဖို့ မျှော်လင့်နေကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုလို နျူကလီးယားထိပ်ဖူးအရေအတွက် တိုးပွားလာပေမယ့် ဦးစွာမတိုက်ခိုက်ရေးမူဝါဒကို တရုတ်နိုင်ငံက ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း ပင်တဂွန်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူးအရေအတွက် တိုးပွားလာတယ်ဆိုပေမယ့် ဒါဟာ အမေရိကန်နဲ့ ရုရှားတို့ထက် နည်းပါးနေဆဲဖြစ်ပါတယ်။ ရုရှားဟာ နျူကလီးယားထိပ်ဖူး ၅၈၈၉ ပိုင်ဆိုင်ထားပြီး အမေရိကန်ကတော့ ၅၂၄၄ ပိုင်ဆိုင်ထားကြောင့် စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်ထိ တရုတ်နိုင်ငံဟာ နျူကလီးယားထိပ်ဖူး ၄၀၀ ပိုင်ဆိုင်ထားတယ်လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၂၀ ကျပ် ဝယ်ဈေး – ၃၂၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၃၀ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၅ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၄ ကျပ် ဝယ်ဈေး – ၄၄၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

လေးမျက်နှာမြို့နယ်မှာ လူ ခုနှစ်ယောက် ပစ်သတ်ခံရပြီး ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၃ SP ( VOM) ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် ၊ ခြုံတောင်နားမှာ မနေ့ အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။   ” မနေ့က မနက်အစောပိုင်းမှာဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ကို နယ်မြေရှင်းလင်းရေး အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ် ၊ သေဆုံးတာ လူ ခုနှစ်ယောက်ဖြစ်တယ် ၊ လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်တယ် ၊ နာမည်တွေတော့ မသိရဘူး ၊ ဒီနယ်ခံတွေ မဟုတ်ကြဘူး ” လို့ ဒေသခံတယောက်ကပြောပါတယ်။   အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar   -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

This Day in History

Voice of Myanmar ဒိန်းမတ်ဗိသုကာပညာရှင် Jørn Utzon ဒီဇိုင်းရေးဆွဲဖန်တီးခဲ့သော သြစတြေးလျနိုင်ငံရှိ နာမည််ကျော် ဆစ်ဒနီပြဇာတ်ရုံကို ၁၉၇၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် အဲလိဇဘက်-၂ ဘုရင်မကြီးက ဖွင့်လှစ်ပေးခဲ့သည်။

Read More
VOM News

FREE
VIEW