အစ္စရေးနဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ ဒေါ်လာဘီလီယံများစွာ ကွန်ဂရက်မှာ တောင်းခံမယ်လို့ ဂျိုးဘိုင်ဒင်ပြော

 

ဝါရှင်တန်၊ အောက်တိုဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)

 

အစ္စရေးနဲ့ယူကရိန်းအတွက် ဒေါ်လာဘီလီယံများစွာကို ကွန်ဂရက်မှာ တောင်းခံသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

အစ္စရေးကို ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားမိန့်ခွန်းတရပ်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုက် ပြောဆိုလိုက်တာဖြစ်ပြီး သူဟာ မကြာသေးခင်က အစ္စရေးကို သွားရောက်ခဲ့ပါတယ်။

 

အမေရိကန်မှာဖြစ်ပွာခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုအပြီး အမေရိကန်ရဲ့ အမှားတွေကို သင်ခန်းစာယူဖို့နဲ့ ဒေါသကြောင့် မှောက်မှားတာတွေမဖြစ်ဖို့ အစ္စရေးခေါင်းဆောင်တွေကို ဂျိုးဘိုင်ဒင်က တိုက်တွန်းထားပါတယ်။

 

အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသအတွက် ရေ၊ လျှပ်စစ်ဓါတ်အား၊ လောင်စာဆီနဲ့ အစားအစာထောက်ပံ့မှုလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပါတယ်။

 

ဒါပေမယ့် အထောက်အပံ့အချို့ ဝင်ရောက်ခွင့်အတွက် အမေရိကန်နဲ့ အီဂျစ်တို့အကြား သဘောတူထားပါတယ်။ ဂါဇာရှိ ဆေးရုံတရုံမှာ မကြာသေးမီက ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅၀၀ ကျော်သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို ဟားမတ်စ်နဲ့ အစ္စရေးတို့က ငြင်းဆိုထားပါတယ်။

 

ဆယ်စုနှစ်များစွာအတွင်း ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ အဆိုးဆုံးပဋိပက္ခအတွင်း ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ဂါဇာမှာတော့ လူပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

 

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW