တရုတ်ရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှု သိသိသာသာတိုးပွားလာ

ဝါရှင်တန်၊ အောက်တိုဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း နျူကလီးယားလက်နက်တွေ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာ နျူကလီးယားထိပ်ဖူး ၅၀၀ ထိပိုင်ဆိုင်လာ ပြီး သိသိသာသာတိုးပွားလာကြောင်း အမေရိကန်က ပြောပါတယ်။
တရုတ်ဟာ ၂၀၃၀ ခုနှစ်အတွင်း သူ့ရဲ့လက်နက်တိုက်မှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော်ထိ နှစ်ဆတိုးဖို့ မျှော်လင့်နေကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလို နျူကလီးယားထိပ်ဖူးအရေအတွက် တိုးပွားလာပေမယ့် ဦးစွာမတိုက်ခိုက်ရေးမူဝါဒကို တရုတ်နိုင်ငံက ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း ပင်တဂွန်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်ရဲ့ နျူကလီးယားထိပ်ဖူးအရေအတွက် တိုးပွားလာတယ်ဆိုပေမယ့် ဒါဟာ အမေရိကန်နဲ့ ရုရှားတို့ထက် နည်းပါးနေဆဲဖြစ်ပါတယ်။ ရုရှားဟာ နျူကလီးယားထိပ်ဖူး ၅၈၈၉ ပိုင်ဆိုင်ထားပြီး အမေရိကန်ကတော့ ၅၂၄၄ ပိုင်ဆိုင်ထားကြောင့် စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်ထိ တရုတ်နိုင်ငံဟာ နျူကလီးယားထိပ်ဖူး ၄၀၀ ပိုင်ဆိုင်ထားတယ်လို့ ပင်တဂွန်ကဆိုပါတယ်။ တရုတ်သမ္မတရှီကျင်းပင်ဟာ တရုတ်စစ်တပ်ကို ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ စစ်တပ်ဖြစ်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW