အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရဲ့ လေထုအရည်အသွေး ဒေလီထက် ဆိုးရွားနေ

 

ဒေလီ၊ အောက်တိုဘာ-၂၀-၂၀၂၃

မျိုးဆက်(VOM)

 

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းရဲ့လေထုအရည်အသွေးဟာ ဒေလီမြို့ထက် ပိုမိုဆိုးရွားလာနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

မိုးမရွာတော့တာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက လေထုအရည်အသွေးကို ပိုမိုကျဆင်းစေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ပုံမှန်အားဖြင့် မြို့တော်ဒေလီဟာ ဆောင်းရာသီရောက်ချိန်တိုင်း လေထုအရည်အသွေးကျဆင်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ထိ ရောက်ရှိတတ်ပါတယ်။

 

ဒါပေမယ့် ကျယ်ပြန့်တဲ့ကမ်းရိုးတန်းရှိပြီး လေထုအရည်အသွေး ပိုမိုကောင်းမွန်တယ်လို့ ယူဆရတဲ့ မွမ်ဘိုင်းရဲ့ လေထုအရည်အသွေးအဆင့်ဟာ ယခုလအတွင်းမှာ ဒေလီကို မကြခဏဖြတ်ကျော်လို့နေပါတယ်။

 

အဆုတ်ကို ပိတ်ဆို့စေပြီး အန္တရာယ်ရှိတံ့အဆင့်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်သတ်မှတ်ချက် PM 2.5 ဟာ အောက်တိုဘာ ၁၉ ရက်က ဒေလီမှာ ၁၁၇ ရှိပြီး မွမ်ဘိုင်းမှာတော့ ၁၆၆ ထိရှိခဲ့ပါတယ်။

 

လေထုအရည်အသွေး ၁၀၁ ကနေ ၂၀၀ အကြားကို အလယ်အလတ်အဆင့် သတ်မှတ်ထားပြီး ၂၀၁ ကနေ ၃၀၀ အကြားကိုတော့ လေထုအရေအသွေး ညံ့ဖျင်းတယ်လို့သတ်မှတ်ထားပါတယ်။

 

မွမ်ဘိုင်းမြို့ရဲ့ လေထုအရည်အသွေးဟာ ယခုသီတင်းပတ်အတွင်းမှာ အလယ်အလတ်ကနေ ညံ့ဖျင်းတဲ့အဆင့်ကြားမှာ မကြာခဏဆိုသလို ရပ်တည်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW