သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းဌာနကို ချိပ်ပိတ်တာဟာ သတင်းလွတ်လပ်ခွင့်ကို ကျဆင်းစေတယ်လို့ သတင်းသမားတွေပြော

အောက်တိုဘာ ၃၀ – ၂၀၂၃ SN (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို ချိပ်ပိတ်ပြီး သတင်းထောက်ကိုဖမ်းဆီးတာဟာ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။   “ဒီအမ်ဂျီက သတင်းထောက်နဲ့ ရုံးစောင့်သူကို ဖမ်းဆီးသွားတဲ့ ကိစ္စက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါပေမယ့် ဒီလိုပဲ မြန်မာနိုင်ငံရဲ့အခြားနေရာတွေမှာလည်း ဖြစ်နေတာပဲလို့ဆိုရင်လည်း ဆိုကြမှာ။ သို့ပေမယ့် ရခိုင်ပြည်နယ်က သတင်းတွေကို နေ့စဥ် တင်ဆက်နေတဲ့သတင်းဌာနတခုကို ရပ်တန့်အောင် လုပ်တာ၊ သတင်းသမားကို ဖမ်းဆီးတာဟာ ရခိုင်ပြည်နယ်က သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတာဖြစ်သလို ရခိုင်အခြေစိုက် သတင်းသမားတွေ ပိုပြီး မလုံခြုံတဲ့ အနေအထားဖြစ်စေတယ်။ သတင်းသမားတယောက်အနေနဲ့ဖမ်းဆီးတာ၊ ပစ္စည်းတွေ သိမ်းဆည်းတာကို ကန့်ကွက်ရှုတ်ချပါတယ်” လို့ သတင်းစာဆရာတဦးက ပြောပါတယ်။…

Read More

မန္တလေးမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားမြတိုက်ခံရလို့ သိန်း တထောင်ကျော်ပါသွား

  အောက်တိုဘာ ၃၀-၂၀၂၃ Voice Of Myanmar(VOM)   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နဲ့ ၄၂ လမ်းကြားက ပေါ်ဦး ရွှေဆိုင်ဟာ အောက်တိုဘာ ၃၀ ရက် ဒီကနေ့မနက် ရှစ်နာရီကျော်ခန့်က ရွှေထည်ပစ္စည်းမျိုးစုံ သိန်းတထောင်ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။   ရဲနဲ့နီးစပ်သူတဦးက ” မနက် ၈နာရီကျော်မှာ ဖြစ်တာ၊ အမျိုးသား လေးဦးက ဆိုင်ထဲကို သေနတ်ကိုင်ဝင်လာပြီး ကောင်တာကို  နှစ်ချက်ပစ်တယ်၊ ပြီးတော့ ရွှေထည်တွေ ယူသွားတယ်၊ ခန့်မှန်း သိန်း(၁၂၀၀)ကျော် ပါသွားတယ်”လို့ ပြောပါတယ်။   ဖြစ်စဉ်မှာ ရွှေဆိုင်ရှေ့ကို စိစစ်ဆဲအမျိုးသား လေးဦးက သေနတ်အတို တလက်ကိုင်ဆောင်ကာ ဆိုင်ကယ် နှစ်စီးနဲ့ရောက်လာခဲ့ပြီး ရွှေဆိုင်အတွင်းဝင်လာခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းက ကောင်တာကို သေနတ်နဲ့ နှစ်ချက် ပစ်ကာ…

Read More

ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံ တချို့စစ်မြေပြင် ကြား ပိတ်မိနေ

  အောက်တိုဘာ ၃၀၊ ၂၀၂၃ Shy V(VOM)   ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံတချို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ စစ်မြေပြင်မှာ ကြားညပ်ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။   “အဲဒီ ၆၉ စစ်တပ်နားက ဘုန်းကြီးကျောင်းမှာတော့ လာရှောင်နေလို့ ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီမှာလည်း စစ်တပ်ရှေ့မှာ ဆိုတော့ မရှောင်ရဲဘူး။ ဆိုတော့ သိန္နီဘက် သွားမယ်ဆိုတော့လည်း မသွားခိုင်းဘူး။ အဲဒီမှာ ကိုးကန့်ဘက်က လမ်းတလျှောက်မှာစောင့်နေတယ်။ ကြားညပ်နေတယ်။” လို့ ပိတ်မိနေသူတွေရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။   လားရှိုးကနေတက်လာရင် သိန္နီ မရောက်ခင် ကောင်းဟော်ရွာက လူတွေ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။   သိန္နီဘက်လည်း သွားခွင့် မပေးတာကြောင့် RC ဘုရားကျောင်း၊…

Read More

မြိုင်မြို့နယ်မှာ လူနေအိမ်ပေါ် လက်နက်ကြီးကျလို့ ၅ ဦးသေဆုံး

  အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၃ SP ( VOM)   မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ နှောပင် ကျေးရွာအုပ်စု ကင်းရွာနဲ့ ကန်ရပ်ကြီး ကျေးရွာကြားမှာ မနေ့ အောက်တိုဘာ ၂၉ ရက်ကလူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။   ” မနေ့က နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ ကင်းရွာနားမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာအခုထိမသိရသေးဘူး ၊ အဲ့ဒီ လက်နက်ကြီးကျည် ပေါက်ကွဲလို့ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ သေဆုံးသူတွေက ကင်းရွာမှာနေတဲ့ ဦးစိုးတင့်ဦး ၄၀ နှစ် ၊ ဒေါ်အေးဆင့် ၆၀…

Read More
VOM News

FREE
VIEW