နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၃
SP( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ မှာ ဒီရက်ပိုင်းအတွင်း ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့ နိုဝင်ဘာ ၈ ရက် ၊ ညနေ ၆ နာရီခွဲ ဝန်းကျင်လောက်မှာ လုံးခင်းကျေးရွာ ၊ ရပ်ကွက် ၅ ထဲက ကျောက်ကုန်သည် နေအိမ် ဓားပြတိုက်ခံရတယ် ၊ အိမ်စီးကား အဖြူရောင်နဲ့ လူလေးယောက်က လုံးခင် ရပ်ကွက် ၅ ထဲက ကျောက်ကုန်သည်ရဲ့ နေအိမ်ကို ဝင်လာတယ် ၊ နောက်ပြီး အိမ်တံခါးကို ခေါက်ပြီး ဝယ်လာတယ် ၊ အိမ်ရှင်လူတွေကို သေနတ်နဲ့ထောက်ပြီး တိပ်ကြိုး အဝါတွေနဲ့ လက်ပြန်ချည်တယ် ၊ မျက်နှာတွေ စည်းတယ် ၊ အဲ့ဒီ အပြင် အိမ်ရှင်ရဲ့ ပိုက်ဆံ သိန်း ၂၅၀ ကျော်ကို ယူတယ် ၊ နောက်ပြီး အိမ်ရှင် အရောင်းအဝယ်လုပ်နေတဲ့ ကျောက်စိမ်းတွေ ထည့်ထားတဲ့ သေတ္တာကိုလည်း ယူသွားတယ် ၊ ကျောက်တွေတန်းကြေးက သိန်း ထောင်ဂဏန်အထိ ရှိမယ် ၊ အဲ့ဒီနောက် အိမ်ရှင် လူတွေဆီက နေ ဖုန်း ခြောက်လုံးလည်း ယူသွားတယ် ” လို့ လုံးခင်း ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် ၊ မနက် ၁၀ နာရီ ၄၅ မှာ လုံးခင်းကျေးရွာ ၊ ရပ်ကွက် ၂ မှာရှိတဲ့ ဦးဂျာနူး နေအိမ် ဆေးဆိုင်နဲ့ ငွေလွှဲဝန်ဆောင်မှု အိမ်ကို လင်ခရုဇာကားနဲ့ အမည်မသိ လူသုံးယောက် (စီစစ်ဆဲ) က ပစ္စတိုသေနတ် ကိုယ်စီနဲ့ ဦးဂျာနူးရဲ့ အိမ်ထဲကိုဝင်လာတယ် ၊ အဲ့ဒီလူတွေက ဝန်ထမ်းတွေနဲ့ အိမ်ရှင်တွေကို မှောက်ခိုင်းထားတယ် ၊ နောက်ပြီး ကောင်တာထဲက ပိုက်ဆံတွေနဲ့ ဘီရိုထဲက ပိုက်ဆံတွေ ယူဆောင်ပြီး ထွက်ပြေးသွားတယ် ၊ ပါဆုံးငွေက သိန်း ၁၂၀၀ ကျော်မယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ၊ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ၊ မိုး ရွှေရတနာဆိုင် နဲ့ ပန်းတိမ်လုပ်ငန်းမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ကျောက်စိမ်တွေ အပါအဝင် သိန်းခြောက်ထောင်ဖိုး ပါသွားတယ်လို့ သိရပါတယ်။
” ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ ( တလ) အတွင်း ဓားပြတိုက်ခံတာ ကြီးကြီးမားမား သုံးကြိမ်ဖြစ်တယ် ၊ ပြန်ပြေးဆွဲခံရတာတွေ ၊ လူသတ်လုယက်မှုတွေ အဲ့ဒီ ဓားပြတိုက်မှု ဖြစ်စဥ်တွေထဲမှာ မပါဝင်သေးဘူး ၊ ဖားကန့်နယ်မှာ ၁၀ ရက်ကို တကြိမ်နူန်း ဓားပြမှုတွေ ဖြစ်နေတယ် ” လို့ ဖားကန့် ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ အရှေ့ညောင်ပင်ရပ်ကွက်မှာရှိတဲ့ အောင်သီရိ စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တပိသာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီး အဲဲ့ဒီဖြစ်စဥ်မှာ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော် ကာလအတွင်း တနိုင်ငံ အတိုင်းအတာမှာ ရွှေဆိုင် လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ၊ အဲ့ဒီလို လုယက်မှုဖြစ်ပွာတဲ့ ဒေသတွေကတော့ ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ဖားကန့် ၊ ဝန်းသို၊ နောင်ချို ၊ အင်းတော် စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။