နိုဝင်ဘာလ ၁၀ရက် အတွင်း ပဲမျိုးစုံ စျေးကျ

 

 

ရန်ကုန်၊ နိုဝင်ဘာ ၁၂ – ၂၀၂၃

GG(VOM)

 

 

အရင်လတွေက ပဲမျိုးစုံစျေးကွက်မှာတော့ စျေးဆက်တိုက်မြင့်တက်လာတဲ့ မတ်ပဲက စျေးကျသွားသလို အမြင့်စျေးတန်းမှာ ငြိမ်နေတဲ့ ပဲစဥ်းငုံနီကလည်း စျေးတန်းပြုတ်ကျသွားတယ် လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ အလားတူ ပဲတီစိမ်းနဲ့မြေပဲကလည်းစျေးတန်းကျသွားပြီး နှမ်းမျိုးစုံစျေးကွက်ကတော့ အတက်အကျမငြိမ်တဲ့သဘောရှိနေပါတယ်။ နှမ်းဖြူစျေးကကျသွားပြီး နှမ်းနက် စမုံကစျေးပြန်တက်လာပါတယ်။

 

မတ်ပဲ

 

မတ်ပဲက ခုတပတ် ရန်ကုန်၊မန္တလေး၊နယ်စျေးကွက်အားလုံးမှာ စျေးတန်းပြန်ကျ လာပါတယ်။ အိန္ဒိယဘက်က မတ်ပဲ အဝယ်နည်းသွားတာကြောင့် စျေးတန်းက ပြန်ကျ လာတာဖြစ်တယ်လို့ကုန်စည်ဒိုင်တွေက သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာဆိုရင်တပတ်အတွင်း မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့  (FAQ ) သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တတန်ကို၂၈၉၄၀၀၀ ကျပ်ထိ စျေးကျသွားလို့ အောက်တိုဘာလနောက်ဆုံးပတ်နဲ့ယှဥ်ရင် တတန်ကို ၁၀၈၀၀၀ လောက် စျေးပြန်ကျသွား ပါတယ်။

 

မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ ကို ၂၈၅၀၀၀ ကျပ် စျေးတန်းရှိရာကနေ ၂၇၅၀၀၀ အထိ စျေးပြန်ကျသွားပါတယ်။အလားတူနယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ၉၄၀၀၀ ကျော်ကနေ ၉၂၅၀၀ ကျပ်အထိ စျေးကျလာ ပါတယ်။

 

အိန္ဒိယ ဘက်ကဝယ်လိုအားအပေါ်မူတည်ပြီး မတ်ပဲစျေးက အတက်အကျရှိတာကြောင့် ဝယ်လိုအားနည်းရင် စျေးတန်းနည်းနည်းထပ်ကျနိုင်ပေမယ့် ပဲလက်ကျန်မရှိတဲ့အတွက် အများကြီးတော့ကျဆင်းနိုင်ချေမရှိဘူးလို့ လို့ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

 

 

ကုလားပဲ

 

ခုတပတ်မှာတော့ ကုလားပဲစျေးကွက်က ရန်ကုန်စျေးကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးပြန်ကျ လာတာတွေ့ရပါတယ်။ကုလားပဲလုံးကို စက်ပိုင် ပဲခွဲစက်တွေနဲ့ ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုး အဖြစ်ဝယ်ယူသူတွေရှိလို့ စျေး တန်းပြန်တက်လာရာကနေ နိုဝင်ဘာလမှာတော့ အဝယ်အေးသွားတာကြောင့် စျေးပြန်ကျသွားတယ် လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ ကုလားပဲကပြည်တွင်းစားသုံးမှုအဓိက ဖြစ်လို့ ပြည်တွင်း ဝယ်လိုအားအနည်းအများပေါ်လိုက်ပြီး စျေးကအတက်အကျရှိနေတာဖြစ်ပါတယ်။

 

ခုတပတ်ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ မှ ၄၅၈၅ ကျပ် ရှိပြီး ကုလားပဲဖြူလုံးကြီးက ၄၆၆၅ ၄၇၅၀ ကျပ်စျေးဖြစ်လာ ပါတယ်။ကုလားပဲခြမ်းက ၅၇၅၀ မှ ၆၁၀၀ ကျပ်စျေးရှိနေပါတယ်။

 

မန္တလေးဈေးကွက်မှာ ကုလားပဲ(V2)က ၂၆၈၀၀၀ ကျပ်စျေးရှိပြီး ကုလားပဲ V7 ကလည်း ၂၇၅၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉ က၂၅၃၀၀၀ မှ ၂၅၅၀၀၀ကျပ်စျေးရှိပြီး အားလုံးက ၂၀၀၀ ကနေ ၁၀၀၀၀ ကျပ်လောက်စျေးကျသွားတာဖြစ်ပါတယ်။

 

 နှမ်း

 

နိုဝင်ဘာလမှာတော့ နှမ်းမျိုးစုံစျေးကွက်က ကျဆင်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ စျေးကွက်ကို မိုးနှမ်းအသစ်တွေ စတင်ဝင်ရောက်နေပြီး မိုးနှမ်းတွေက တရုတ် ဝယ်လက်တွေက ကြိုတင်ဝယ်ယူသိုလှောင်မှုရှိနေလို့ နှမ်းနက်စမုံကစျေးပြန်တက်လာတာဖြစ်ပါတယ်။

 

ခုတပတ် မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို အမြင့်ဆုံး ၃၈၀၀၀၀ ကျပ်အထိစျေးရှိရာမှ ၃၄၀၀၀၀ ကျပ်အထိစျေးကျသွားပါတယ်။ နှမ်းဖြူ ဂျပန်ကလည်း ၃၈၀၀၀၀ ကျပ်ရှိနေရာက ၃၆၀၀၀၀ ကျပ်ကို စျေးကျသွားပြီး လို့ ၅၀၀၀ ကနေ၁၀၀၀၀ ကျပ်ပြန်ကျသွားတာတွေ့ရပါတယ်။ နှမ်းနက် စမုံကတော့ ၄၅ ပိဿာကို ၃၃၈၀၀၀ ကျပ်စျေးရှိကာ အရင်လနဲ့ယှဥ်ရင်၇၀၀၀ လောက်စျေးကျသွားတာဖြစ်ပါတယ်။

 

 

မြေပဲ

 

 

မြေပဲစျေးကွက်ကတော့ ဆီကြိတ်တဲ့ ဆီဆံရော ပြည်ပတင်ပို့မှုအဓိကအားထားရတဲ့ မြေပဲလုံးဆံနီနဲ့ လုံးဆံဖြူလည်း စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။ အဓိကကတော့ စျေးကွက်ထဲကို ပဲအသစ်တွေဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်ကို တင်ပို့မှုမရှိတာကြောင့် စျေးတန်းက ကျနေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိစျေးကွက်မှာ မြေပဲလုံးဆံနီ နဲ့ လုံးဆံဖြူက တစ်ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်လောက်သာ ရှိပြီး ဆီဆံကလည်း ၅၅၀၀ ကျပ်သာရှိတော့တယ်လို့သိရပါတယ်။ ကျပ်ကိုကျသွားပါတယ်။ မြေပဲက စျေးကျနေတဲ့အပြင်လက်ရှိစျေးကွက်ထဲမှာလည်း အရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။

 

 

ပဲစဥ်းငုံနီ

 

 

ပဲစဥ်းငုံနီကတော့ ရန်ကုန်စျေးကွက် မှာ အတက်အကျမရှိဘဲ အမြင့်စျေး တတန်ကို ငွေကျပ်သိန်း ၄၀ နဲ့ ၇၅၀၀၀ ကျပ်နဲ့ စျေးငြိမ် နေရာကနေ သိန်း ၃၀ အောက်ကိုပြုတ်ကျသွားပါတယ်။ ပဲစဥ်းငုံနီအသစ်တွေ ခုလကုန်လောက်မှာ စျေးကွက်ထဲဝင်ရောက်နိုင်ဖွယ်ရှိတာကတကြောင်း၊ အိန္ဒိယဘက်ကဝယ်လိုအားနည်းသွားတာကြောင့် အရောင်းအဝယ်အေးပြီးစျေးပြုတ်ကျလာ တာဖြစ်တယ်လို့သိရပါတယ်။

 

ရန်ကုန်စျေးကွက်မှာ နိုင်ဝင်ဘာလ ၄ ရက်နေ့ကစပြီး ပဲစဥ်းငုံနီ တစ်တန်ကို သိန်း ၄၀၇၅၀၀၀ ကနေ ၃၉ သိန်းကို စျေးကျခဲ့တာ ခုထိဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၆၀ တအိတ်ကို အောက်တိုဘာလတုန်းက ၃၇၀၀၀၀ ရှိခဲ့ပေမယ့် နိုဝင်ဘာလမှာ၃၂၀၀၀၀ ကျပ်ထိ စျေးတန်း ကျသွားတာတွေ့ရ ပါ​တယ်။ ပဲစဥ်းငုံနီက အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ပါတယ် ။

 

 

 

ပဲတီစိမ်း

 

ပဲတီစိမ်းကလည်း ရန်ကုန်ဈေးကွက်မှာဆက်တိုက်စျေးတန်းငြိမ်နေပြီး မန္တလေးစျေးကွက်မှ စျေးကျသွား ပါတယ်။ ရန်ကုန်စျေးကွက်မှာပဲတီစိမ်း(ခရမ်းရွှေဝါ)က တပိဿာကို ၃၆၃၀ ကျပ်ရှိရာကနေ ၃၅၃၀ ကျပ်အဖြစ်စျေးကျလာပြီး ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း အရင်၃၄၆၅ ကျပ်စျေးရှိရာမှ ၃၃၆၅ အထိစျေးကျသွားသလို နဲ့ အတက်အကျမရှိဘဲ ပဲတီစိမ်း(ဝါးခယ်မ)ကလည်း တပိဿာကို ၂၈၁၅ မှ ၃၃၀၀ကျပ်နဲ့ အနည်းငယ်ကျသွားတာတွေ့ရပါတယ်။

 

မန္တလေးဈေးကွက်မှာလည်း စျေးတန်းထပ်ကျလာပြီး ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၂၀၀၀ မှ ၁၆၀၀၀၀ ကျပ်စျေးပေါက်ကာ အရင်လကထက် ၅၀၀၀ ကျသွားပါတယ်။ ပဲတီစိမ်းကို တရုတ်ဘက်ကို တင်ပို့နိုင်ခြင်းမရှိတာကြောင့် စျေးတန်းက ကျလာတာဖြစ် တယ် လို့သိရပါတယ်။

 

 

အခုဖော်ပြပေးခဲ့တဲ့ စျေးကွက်အခြေအနေ ကတော့ နိုဝင်ဘာလ ၁ ရက်ကနေ ၁၁ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ စျေးနူန်းတွေနဲ့စျေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။ နေရာနဲ့ အချိန်ကာလ ပစ္စည်းအရေအသွေးကိုလိုက်ပြီး ဈေးကွာဟမှုရှိနိုင်ပါတယ်။

 

#voiceofmyanmar #VOM #ကောက်ပဲသီးနှံဈေးကွက်

 

Related posts

Leave a Comment

VOM News

FREE
VIEW