ရွှေဈေး နှစ်ရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံ မြင့်တက်၊ ဒေါ်လာဈေး ၃၅၀၀ ရောက်ရှိ

 

နိုဝင်ဘာ ၁၇ – ၂၀၂၃

SN (VOM)

ပြည်တွင်း အခေါက်ရွှေဈေးဟာ နှစ်ရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာဈေး ၃၅၀၀ ကျပ်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“ရွှေဈေးက မနေ့ကတော့ ၃၇ ကျော်သွားတယ်ပေါ့။ ဒီနေ့လည်း ကျော်မှာပါပဲ။ ဒေါ်လာဈေးတက်လို့ ရွှေဈေးတက်လာလည်းပါသလို ကောလဟာလတွေကြောင့်လည်း ပါတယ်။ အဲ့ဒါအပြင်ကိုမှ နယ်စပ် ကိစ္စတွေဘာတွေကြောင့်လည်း ရွှေဈေးတက်လာတာ” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ် သုံးဆယ့်ခုနစ်သိန်းတသောင်း ဝန်းကျင်မှာ ရှိနေတာဖြစ်သလို နိုဝင်ဘာ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းကစလို့ တရိပ်ရိပ် မြင့်တက်လာတဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း ရောင်းဈေး ၃၅၀၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၃၄၆၀ ကျပ် ဝန်းကျင်ကို ရောက်‌ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေက ကျပ် ၃၃-၃၄ သိန်းကျော်ဝန်းကျင်မှာ အချိန်ကြာကြာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နိုဝင်ဘာ ၂ ရက်နေ့မှ စတင်ကာ ၃၅ သိန်းကျော်ကို မြင့်တက် ရောက်ရှိခဲ့ပြီးနောက် ၁၃ ရက်အကြာ နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ကျပ် ၃၆ သိန်းကျော်ဝန်းကျင်ကို ထပ်မံ မြင့်တက်ခဲ့ပြီး နှစ်ရက်မြောက်မှာတော့ ၃၇ သိန်းဝန်း ကျော်ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်းရွှေဈေး မြင့်တက်လာတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာချက်တရပ် ထုတ်ပြန်ထားပြီး တာဝန်ရှိသူတွေက ရွှေစျေးကျစေဖို့ ညွှန်ကြားထားတဲ့အတွက် ရွှေစျေးဖွင့်သူ၊ ရွှေကို စျေးဆွဲတင်၊ ဆွဲချပြုလုပ်ပြီး ကစားသူ၊ လမ်းကြောင်းလုပ်သူတွေကို ထိရောက်စွာ ဖေါ်ထုတ် အရေးယူသွားမှာ ဖြစ်တယ်လို့ အဲ့ဒီ့ ကြေညာချက်မှာ အသိပေး ဖော်ပြထားပါတယ်။

ဒါ့အပြင် ကောလဟာလတွေ ထုတ်လွှင့်ပြီး ရွှေစျေးမြင့်တက်အောင် ပြုလုပ်သူတွေကိုလည်း အရေးယူ ဖေါ်ထုတ်သွားမှာဖြစ်သလို၊ Facebook ,Viber တွေ အသုံးပြုပြီး အရောင်းအဝယ်လုပ်သူတွေကိုလည်း အရေးယူမှာဖြစ်ကာ ညွှန်ကြားချက်ကို မလိုက်နာပါက ထိရောက်စွာ အရေးယူမှာဖြစ်တယ်လို့လည်း ထပ်ဆင့် အသိပေးထားပါတယ်။

အဲ့ဒီ့ ကြေညာချက်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်း တာဝန်ရှိသူထံ VOM က ဖုန်းနဲ့ ဆက်သွယ်

မေးမြန်းရာမှာ စက်ပိတ်ထားတဲ့အတွက် မေးမြန်းခွင့် မရခဲ့ပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW