ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၂ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

လောက်ကိုင်မြို့ကနေ ထွက်လာတဲ့ ခရီးသည်တင် ကားတစီး လက်နက်ကြီး ထိမှန်လို့ ၁၀ ယောက်သေ ၊ဒဏ်ရာရသူတွေ များပြား

  နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့ ၊ တုံချိန်းအထွက်နားမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင်ကားတစီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲတာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေ သေဆုံး ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ လောက်ကိုင် လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေဟာ လောက်ကိုင်မြို့ကနေ ထွက်ပြေးတိမ်းရှောင်ဖို့နဲ့ နေရပ်တွေပြန်ကြဖို့ ခရီးသည်တွေဖြစ်တယ် ၊အဲ့ဒီကားဟာ လောက်ကိုင်မြို့ကနေအထွက် လက်နက် ကြီးပေါက်ကွဲသံတွေကြားရလို့ လမ်းခုလပ်ကနေ နောက်ကြောင်းပြန်ပြီး လောက်ကိုင်မြို့ထဲ ပြန်ဝင်အလာ တုံချိန် အထွက်နားက ဖရဲသီးဆိုင်ဘေးမှာ ရောက်တော့ လက်နက်ကြီးကျည် ( ရှော့တိုက်ဒုံး လို့ယူဆရ) ကျရောက်ပြီး အဲ့ဒီကားကို တည့်တည့်မှန်လို့ ပေါက်ကွဲတယ် ၊…

Read More

အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေကို အမေရိကန် လက်တုံ့ပြန် တိုက်ခိုက်

  ဝါရှင်တန်၊ နိုဝင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွတွေကို ဆက်တိုက်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မကြာသေးမီက အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုဒါဇင်များစွာပြုလုပ်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုဖြစ်ပြီး သိမ်မွေ့တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဒီလိုတိုက်ခိုက်ဖို့ကို လက်တုံ့ပြန်ဖို့ ယခုသီတင်းပတ်ထိ အမေရိကန်က တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်ညပိုင်းက တိုက်ခိုက်မှုမှာတော့ အီရတ်ရှိ အဆောက်အအုံနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဆိုပါတယ်။ ဘဂ္ဂဒက်မြို့တောင်ဘက် အယ်လ်အန်ဘာနဲ့ ဂျပ်ဖ်ဆက်အနီးရှိ ကာတေဘ်ဟဇ်ဘိုလာ စစ်ဆင်ရေးဌာနနဲ့ ထိန်းချုပ်ရေးစခန်းတခုတို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတယောက်ကပြောပါတယ်။ အီရတ်ရှိ ကာတေဘ်ဟဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ အီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အသေပျောက်ကိုတော့ အမေရိကန်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အဲဒီမတိုင်ခင် ၂၄ နာရီခန့်က ဘဂ္ဂဒက်အနောက်ပိုင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်ရဲ့ အေစီ-၁၃၀ စစ်လေယာဉ်က တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွတွေ…

Read More

ဖောင်းပြင်နဲ့ ဟုမ္မလင်းကြားမှာ တိုက်ပွဲတွေကြောင့် ရေလမ်း ၊ ကုန်းလမ်းတွေ ပိတ်ထား

  နိုဝင်ဘာ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်ကြားမှာ မနေ့ကစလို့ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်နေနာကြောင့် ချင်းတွင်းမြစ်ကြောင်းက ရေလမ်းနဲ့ မုံရွာ ဟုမ္မလင်း ခန္တီး ကုန်းလမ်းတွေကို မနေ့ကစပြီး ပိတ်ထားတယ်လို့ မုံရွာမှာရှိတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့က ဖောင်းပြင်မြို့နယ် ၊ လွင်ကြီး ( ပြည်သူ့စစ်)ကျေးရွာကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်တိုက်တယ် ၊ လွင်ကြီးရွာဆိုတာ မုံရွာ ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ကားလမ်းနဲ့ ကောလင်း ၊ ပင်လည်ဘူး ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ကားလမ်း ဆုံတဲ့ နေရာဖြစ်တယ် ၊ လမ်းပန်းဆက်သွယ်ရေးအတွက်…

Read More

အစ္စရေးနဲ့ဟားမတ်စ်တို့ လေးရက်ကြာ အပစ်အခတ်ရပ်ဖို့နဲ့ ဓါးစာခံ ၅၀ ပြန်လွှတ်ပေးဖို့ သဘောတူပြီ

  တဲလ်အဗစ်၊ နိုဝင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ လေးရက်ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဒီအတောအတွင်း ဂါဇာမှာ ဖမ်းထားတဲ့ ဓါးစာခံ အယောက် ၅၀ ကို ပြန်လွှတ်ပေးဖို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ သဘောတူခဲ့ကြပါတယ်။ တကယ်လို့ အပစ်အခတ်ရပ်စဲရေးအောင်မြင်ခဲ့တယ်ဆိုရင် ပြီးခဲ့တဲ့ သီတင်းခြောက်ပတ်ခန့်က တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲခြင်းလည်းဖြစ်ပါတယ်။ သဘောတူညီချက်အရ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ဆေးဘက်ဆိုင်ရာနဲ့ လောင်စာဆီကားတွေနဲ့ ရာနဲ့ချီတဲ့ ကုန်တင်ကားတွေကို ဂါဇာကမ်းမြှောင်ဒေသနေရာအားလုံးကို ဝင်ရောက်ခွင့်ရတော့မှာလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အစ္စရေးဟာ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် ၁၅၀ ကိုအစ္စရေး အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးဖို့လည်း သဘောတူညီချက်မှာ ပါဝင်ပါတယ်။ အစ္စရေးအစိုးရကတော့ ဒါဟာ စစ်ပွဲအဆုံးသတ်လိုက်တာမဟုတ်ဘဲ ဟားမတ်စ်တွေကို အဆုံးတိုင်ချေမှုန်းသုတ်သင်သွားမယ်လို့ အခိုင်အမာပြောဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၂ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဝက်လက်နယ် ရွှေပန်းကုံးရဲစခန်း တိုက်ပွဲဖြစ် ၊ နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များပြား

  နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရွှေပန်းကုံးစံပြကျေးရွာမှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းဟာ မနေ့ နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ရွှေပန်းကုံးရဲစခန်းကို မနေ့က မနက်အစောကြီး တိုက်ခိုက်ခံရတယ် ၊ တိုက်ခိုက်ချိန် ၃ နာရီလောက်ကြာမယ်ထင်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ရွှေပန်းကုံးရွာခံတွေနဲ့ အနားက ရွာခံတွေက ထွက်ပြေးတိမ်းရှောင်နေတာ လနဲ့ချီပြီကြာပြီ ၊ အဲ့ဒါကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မသိရသေးဘူး ” လို့ ရွှေပန်းကုံး ဒေသခံတယောက်က ပြောပါတယ်။ ရွှေပန်းကုံးတိုက်ပွဲ ဖြစ်စဥ်နဲ့ ပတ်သက်လို့…

Read More

စစ်ထောက်လှမ်းရေးဂြိုဟ်တု အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

  ပြုံးယမ်း၊ နိုဝင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားသည် စစ်ထောက်လှမ်းရေးဂြုဟ်တုကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီလိုလွှတ်တင်မှုအပေါ် အိမ်နီးချင်းနိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ Malligyong-1 လို့အမည်ရတဲ့ အဲဒီထောက်လှမ်းရေးဂြိုတုဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းကို တိကျစွာဝင်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လည်း ဒီလွှတ်တင်မှုကို စောင့်ကြည့်ခဲ့တယ်လို့ ကေစီအင်န်အေက ပြောပါတယ်။ ဂြိုဟ်တုတင်ဆောင်ထားတဲ့ ဒုံးပျံဟာ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုကိုဖြတ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဦးတည်ပျံသန်းခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအများအပြားကို ချိုးဖောက်တာဖြစ်ကြောင်း အမေရိကန်ကလည်း ရှုတ်ချထားပါတင်္ယ။ မြောက်ကိုရီးယားဟာ သူ့ရဲ့စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ ယခုနှစ်ထဲမှာ နှစ်ကြိမ်တိုင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုတာဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ ဂျပန်ဝန်ကြီးချုပ်…

Read More

This Day in History

Voice of Myanmar အမေရိကန်၏ ၃၅ ယောက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် တက္ကဆက်ပြည်နယ် ဒါးလက်စ်တွင် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အမေရိကန်သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နိုင်ငံရေးလုပ်ကြံမှုတခုဖြစ်သည်။

Read More
VOM News

FREE
VIEW