ဝါရှင်တန်၊ နိုဝင်ဘာ-၂၂-၂၀၂၃
မျိုးဆက်(VOM)
အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွတွေကို ဆက်တိုက်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မကြာသေးမီက အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုဒါဇင်များစွာပြုလုပ်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုဖြစ်ပြီး သိမ်မွေ့တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဒီလိုတိုက်ခိုက်ဖို့ကို လက်တုံ့ပြန်ဖို့ ယခုသီတင်းပတ်ထိ အမေရိကန်က တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်ညပိုင်းက တိုက်ခိုက်မှုမှာတော့ အီရတ်ရှိ အဆောက်အအုံနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဆိုပါတယ်။
ဘဂ္ဂဒက်မြို့တောင်ဘက် အယ်လ်အန်ဘာနဲ့ ဂျပ်ဖ်ဆက်အနီးရှိ ကာတေဘ်ဟဇ်ဘိုလာ စစ်ဆင်ရေးဌာနနဲ့ ထိန်းချုပ်ရေးစခန်းတခုတို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတယောက်ကပြောပါတယ်။
အီရတ်ရှိ ကာတေဘ်ဟဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ အီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အသေပျောက်ကိုတော့ အမေရိကန်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အဲဒီမတိုင်ခင် ၂၄ နာရီခန့်က ဘဂ္ဂဒက်အနောက်ပိုင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်ရဲ့ အေစီ-၁၃၀ စစ်လေယာဉ်က တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွတွေ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
Ref:Reuters
Photo:Reuters