အစ္စရေးနဲ့ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖွယ်ရှိ

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၂၇-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးနဲ့ လေးရက်ကြာ အပစ်အခတ်ရပ်စဲထားမှုကို သက်တမ်းတိုးဖို့နဲ့ ပြန်လွှတ်ပေးတဲ့ ဓါးစာခံအရေအတွက်ကို ဒီထက်တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မူလသဘောတူညီချက်ကို သက်တမ်းတိုးနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း ပြောဆိုထားပေမယ့် အပစ်ရပ်ကာလပြီးသွားရင်တော့ ဂါဇာမှာ စစ်ဆင်ရေးတွေ အင်ပြည့်အားပြည့် ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း လက်ရှိအပစ်အရပ်သဘောတူညီချက် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ အစ္စရေးဓါးစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို အပြန်အလှန်လွှတ်ပေးဖို့ရှိနေပါတယ်။

မနေ့ကတော့ အစ္စရေးဓါးစာခံ ၁၄ ယောက်နဲ့ နိုင်ငံခြားသားသုံးယောက်ကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၉ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းတွေအတွက် လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားသောထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်နိုင်ရေးအတွက် အစ္စရေးနဲ့ဟားမတ်စ်တို့အကြား လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲခဲ့ကြတာဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးပြီး ဓါးစာခံအဖြစ် လူ ၂၄၀ ဖမ်းဆီးခံခဲ့ရရာ အစ္စရေးရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၁၄၅၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:New York Times

 

Related posts

VOM News

FREE
VIEW