ဂန့်ဂေါမြို့နယ်ထဲက ရဲစခန်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထား

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ထဲက ရဲစခန်းတချို့ စွန့်လွတ်လိုက်တာကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ဂန့်ဂေါ ကလေးကားလမ်းပေါ်မှာရှိတဲ့ ကန်ရွာ ၊ ကန်နယ်မြေရဲစခန်းကို မနေ့ နိုဝင်ဘာ ၂၇ ရက်က ရဲတွေ စခန်းကို စွန့်လွတ်ထွက်သွားတယ် ၊ ဒီမနက် ကန်စခန်းထဲမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ရှင်းလင်းရေးတွေလုပ်ပြီး စခန်း အဆောက်ဦးတွေ မီးရှို့ဖျက်ဆီးလိုက်တယ် ” လို့ ကန်ရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ကန်ရဲစခန်းမှာ လူအင်အား ၅၀ ဝန်းကျင်လောက်ရှိပြီး စခန်းကို စွန့်လွတ်ပြီး ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၈ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ရွှေဘိုမှာ KTV ဆိုင်ထဲ ပစ်ခတ်မှုဖြစ်ပွားလို့ လူ လေးယောက် သေဆုံး

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ၊ သူဇာရပ်ကွက်ထဲမှာရှိတဲ့ KTV ဆိုင်တခုမှာ မနေ့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ဆိုင်အတွင်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ညကဖြစ်တာပါ ၊ သူဇာရပ်ကွက်ထဲက ညမွှေးပန်း KTV ဆိုင်မှာ ဒေ သတွင်း လက်နက်ကိုင်အဖွဲ့တွေ ရောက်နေတယ်ဆိုပြီး လုံခြုံရေးအဖွဲ့က ဖမ်းဖို့လာတဲ့အခါ KTV ဆိုင်မှာ ရောက်နေတဲ့ သူတွေက အဖမ်းမခံပဲ လုံခြုံရေးအဖွဲ့ကို သေနတ်နဲ့ ပစ်တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေး အဖွဲ့က ပြန်ပစ်လိုက်တာ လေးယောက်သေတယ် ၊ အဲ့ဒီနောက် ဆိုင်က လူတချို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်…

Read More

မြောက်ကိုရီးယားနယ်စပ်မှာ လုံခြုံရေးကင်းစခန်းတွေပြန်ထားဖို့ တောင်ကိုရီးယား စီစဉ်

  ဆိုးလ်၊ နိုဝင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့နယ်စပ်မှာ လုံခြုံရေးကင်းစခန်းတွေ ပြန်ထားဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတယောက် ပြောပါတယ်။ ဒါဟာ ခုခံကာကွယ်ဖို့အတွက်ဖြစ်ပြီး တောင်ကိုရီးယားကို ခပ်လှမ်းလှမ်းကနေ ရန်စနေတဲ့ မြောက်ကိုရီးယားစစ်တပ်ကို တိတ်တဆိတ်ကြည့်မနေနိုင်ဘူုးလို့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ကင်တေးဟိုက ဆိုပါတယ်။ နှစ်နိုင်ငံအကြား စစ်မဲ့ဇုန်မှာ မြောက်ကိုရီးယားက အစောင့်စခန်းတွေနဲ့ လက်နက်တွေအများအပြား ပြန်လည်ချထားပြီးနောက်မှာ တောင်ကိုရီးယားဘက်ကလည်း အခုလိုပြင်ဆင်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ပြီးနောက် တောင်ကိုရီးယားဟာ ပျံသန်းမှုမပြုရဇုန်တွေ သတ်မှတ်ထားတဲ့ သဘောတူညီချက် တစိတ်တပိုင်းကို ဆိုင်းငံ့ခဲ့ပါတယ်။ နယ်စပ်မျဉ်းတလျှောက်မှာ တောင်ကိုရီးယားက ဝေဟင်ကင်းထောက်မှုနဲ့ ပျံသန်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ မြောက်ကိုရီးယားကလည်း နှစ်နိုင်ငံသဘောတူထားတဲ့ စစ်ရေးဆိုင်ရာ အစီမံတွေကို ပြန်လည်စတင်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Ref:NHK Photo:AFP  

Read More

အစ္စရေးနဲ့ ဟားမတ်စ်တို့ အပစ်ရပ်ကာလ နှစ်ရက်သက်တမ်းတိုး

  တဲလ်အဗစ်၊ နိုဝင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဟာ သုံးနှစ်သားအမွှာကလေးတွေအပါအဝင် အစ္စရေးဓါးစာခံ ၁၁ ယောက်ကို လွှတ်ပေးခဲ့တာကြောင့် ပြန်လည်လွှတ်မြောက်လာတဲ့ အစ္စရေးဓါးစာခံဦးရေ ၅၀ ထိရှိလာပြီဖြစ်ပါတယ်။ အစ္စရေးကလည်း အပြန်အလှန်အားဖြင့် ပါလက်စတိုင်း ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကလေးအယောက် ၃၀ နဲ့ အမျိုးသမီး သုံးယောက်ပါဝင်ခဲ့ပါတယ်။ လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်မီနာရီပိုင်းအလိုမှာ အစ္စရေးနဲ့ဟားမတ်စ်တို့ဟာ အပစ်အခတ်ရပ်စဲရေးကို နှစ်ရက်ကြာ သက်တမ်းတိုးဖို့ သဘောတူလိုက်ကြကြောင်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကာတာတာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က နိုဝင်ဘာ ၂၇ ရက်မှာတော့ ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေ ဝင်ရောက်လာပြီး အစားအစာ လောင်စာနဲ့ ဆေးဝါးတွေ ဖြန့်ဖြူးပေးနေကြပါတယ်။ ဂါဇာရှိ ဒေသခံတွေဟာ သူတို့ဘယ်ကိုဦးတည်ရမယ်ဆိုတာ သေချာမသိကြသေးပေမယ့် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်အရ ဂါဇာတောင်ပိုင်းကို ဆက်လက်ရှောင်တိမ်းနေကြပါတယ်။ ဟားမတ်စ်တို့နဲ့…

Read More

ငပလီက ဦးတေဇပိုင် ဟိုတယ်မီးလောင်

  ရန်ကုန်၊ နိုဝင်ဘာ ၂၈ -၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေက စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်တဲ့ ထူးဟိုတယ်(ခေါ် ) Aureum Palace Hotel မှာ မနေ့ကနိုဝင်ဘာလ ၂၇ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားပြီး အဆောက်အဦ အချို့မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ဟိုတယ်ရဲ့ ပစ္စည်းသိုလှောင်ထားတဲ့ စတိုခန်း သုံး ခန်း၊ လူနေဧည့်ခန်း နှစ် ခန်း မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” စတိုခန်းကဝါယာရှော့ဖြစ်တာလို့ သိရတယ်။ဟိုတယ်ဝန်ထဲက အဆောင်တချို့ပါသွားတယ်၊ဟိုတယ် ဝင်ဝင်ချင်းပေါ့ ။ည ၈ နာရီလောက်မှာတော့ မီးကငြိမ်းပါတယ်။သံတွဲမီးသတ်လာတယ်။နယ်မြေခံ တာဝန်ရှိသူ တွေလည်းပါတယ်။” လို့ ငပလီ ကမ်းခြေက ခရီးသွားအခြေပြုလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။ မီးလောင်ကျွမ်းမှုအနေနဲ့ ညနေ ၆ နာရီ ကျော်လောက်မှာစတင် လောင်ကျွမ်းပြီး ၈ နာရီ လောက်အထိငြှိမ်းသတ်ခဲ့ရတာကြောင့် မီးသတ်ချိန် ၁ နာရီလောက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။…

Read More

သရက်ခရိုင်ထဲက ရပ် / ကျေး အုပ်ချုပ်ရေးမှုတွေ ဒီရက်ပိုင်းအတွင်း ပစ်သတ်ခံရလို့ ခြောက်ယောက်သေဆုံး

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP( VOM) မကွေးတိုင်း ၊ သရက်ခရိုင်အတွင်းက အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ တပြိုင်တည်း ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်ပွားတာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ညဦးပိုင်းကဖြစ်တယ် ၊ ဖြစ်ပွားတဲ့နေရာက အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ် အစပ်က ရွာတွေမှာဖြစ်တယ် ၊ ၂၆ ရက် ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မင်းတုန်မြို့နယ် ၊ တောင်ယံကျေးရွာက ရပ် / ကျေး အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက်ပြီး အုပ်ကြီးကို ပစ်သတ်သွားတယ် ၊ အဲ့ဒီညက တခြား ရွာက…

Read More

ကောလင်းမှာ အငြိမ်းစား ဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူဖို့ ခက်ခဲနေ

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်တာကို ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့မှာ ရှိတဲ့ အငြိမ်းစား ဝန်ထမ်းဟောင်းတွေမှာ ပင်စင်လစာထုတ်ယူဖို့ အခက်တွေ့နေရတယ်လို့ အငြိမ်းစား ဝန်ထမ်းအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ ” ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတယ် ၊ မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ ရပ်တန့်သွားတယ် ၊ နောက်ပြီး မြန်မာ့စီးပွားရေး ဘဏ်ရုံးကိုလည်း ထိန်းချုပ်ခံထားရတယ် ၊ အခုလ ၂၀ ရက်နောက်ပိုင်း အငြိမ်းစား ပင်စင်လစာထုတ်ယူဖို့ရက်တွေရောက်နေပြီ ၊ ဘယ်ကဘဏ်ကို လျှောက်တင်ရမယ် ၊ ဘယ်ဘဏ်ကို ထုတ်ယူရမယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အငြိမ်းစား ပင်စင်သမားတွေက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၁၅ ကျပ် ဝယ်ဈေး – ၃၃၆၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW