မြောက်ကိုရီးယားနယ်စပ်မှာ လုံခြုံရေးကင်းစခန်းတွေပြန်ထားဖို့ တောင်ကိုရီးယား စီစဉ်

 

ဆိုးလ်၊ နိုဝင်ဘာ-၂၈-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့နယ်စပ်မှာ လုံခြုံရေးကင်းစခန်းတွေ ပြန်ထားဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတယောက် ပြောပါတယ်။

ဒါဟာ ခုခံကာကွယ်ဖို့အတွက်ဖြစ်ပြီး တောင်ကိုရီးယားကို ခပ်လှမ်းလှမ်းကနေ ရန်စနေတဲ့ မြောက်ကိုရီးယားစစ်တပ်ကို တိတ်တဆိတ်ကြည့်မနေနိုင်ဘူုးလို့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ကင်တေးဟိုက ဆိုပါတယ်။

နှစ်နိုင်ငံအကြား စစ်မဲ့ဇုန်မှာ မြောက်ကိုရီးယားက အစောင့်စခန်းတွေနဲ့ လက်နက်တွေအများအပြား ပြန်လည်ချထားပြီးနောက်မှာ တောင်ကိုရီးယားဘက်ကလည်း အခုလိုပြင်ဆင်လာတာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ပြီးနောက် တောင်ကိုရီးယားဟာ ပျံသန်းမှုမပြုရဇုန်တွေ သတ်မှတ်ထားတဲ့ သဘောတူညီချက် တစိတ်တပိုင်းကို ဆိုင်းငံ့ခဲ့ပါတယ်။

နယ်စပ်မျဉ်းတလျှောက်မှာ တောင်ကိုရီးယားက ဝေဟင်ကင်းထောက်မှုနဲ့ ပျံသန်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ မြောက်ကိုရီးယားကလည်း နှစ်နိုင်ငံသဘောတူထားတဲ့ စစ်ရေးဆိုင်ရာ အစီမံတွေကို ပြန်လည်စတင်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ref:NHK

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW