ဂေါဝိန်ဆိပ် နေဝင်ချိန်

ဆူးငှက်     ဂေါဝိန်တဲ့..၊ လူမှန်း သိတတ်ကတည်းက ကြားဖူးနေသည့် စကားလုံးဖြစ်သည်။ မန္တလေးမှာမွေး မန္တလေးကြီးမို့ သည်စကားလုံးနှင့် မစိမ်းတာပေါ့ဟု သုံးသပ်ငြား မဟုတ်သေးဟု ငြင်းရဦးမည်။ ဂေါဝိန်တဲ့..၊ မြန်မာ့ သမိုင်းမှာက ဂေါဝိန်က ထင်ရှားသည့် ဇာတ်ကောင် ဖြစ်ခဲ့သည်။ ဇာတ်လိုက် မဟုတ်သော်လည်း ဗီလိန်ဟုတော့ စွပ်စွဲလို့ မရစကောင်းပေ။ သို့သော် ဂေါဝိန်ကပျော်ရွှင်ဖွယ် ဇာတ်ကွက်တော့ မဟုတ်။ သမိုင်းဇာတ်လမ်း၏ အစိတ်အပိုင်း ဇာတ်ကွက် တစ်ကွက် ဆိုငြားဇာတ်၏ အလှည့်အပြောင်းမှာ အရေးပါသော ဇာတ်ဝင်ခန်းဖြစ်ချေသည်။ အိပ်ငိုက်နေလို့ သည်ဇာတ်ဝင်ခန်းကို မသိလိုက်ဟု ဆိုသော် ဇာတ်ရည်လည်မှာ မဟုတ်။ ထို့ကြောင့် သမိုင်ကိုရေလည်ဖို့ မန္တလေးရောက်ခိုက် ဂေါဝိန်ကို သွားကြည့်စို့ဟုပြောဆို ညွှန်းရမည့် နေရာဖြစ်သည်။   ဂေါဝိန်တဲ့..။   ရတနာပုံ မန္တလေးနေပြည်တော် တနည်ထောင်စဉ် အပြင်မြေမြို့ရိုး၏ အနောက်ဘက်တံခါး၊…

Read More

ရွှေဈေး ၃၇ သိန်းဝန်းကျင်ထိ မြင့်တက်လာ

  ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်  

Read More

ါဇာက အရပ်သားတွေ ဘေးကင်းရေး အစ္စရေးကို အမေရိကန်တိုက်တွန်း

  တဲလ်အဗစ်၊ ဒီဇင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခစတင်ပြီးနောက်ပိုင်း တတိယမြောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၃၀ရက်မှာ အစ္စရေးကို ရောက်ရှိနေပြီး နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဘလင်ကင်ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဂျေရုဆလင်မှာ တွေ့ဆုံခဲ့ပြီး ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့ ဘလင်ကင်က တိုက်တွန်းခဲ့ပြီး စစ်ဆင်ရေးတွေ ပြန်မစမ ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းရှိ အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းထားပါတယ်။ ဘလင်ကင်ဟာ အစ္စရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်မှာ အနောက်ဘက်ကမ်းကို သွားပြီး ပါလက်စတိုင်းသမ္မတ မိုဟာမက်အဘစ်နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရားမျှတပြီး ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိစေဖို့ အမေရိကန်အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီကိစ္စအောင်မြင်ရေးအတွက် ပဋိပက္ခမှာ ပါဝင်နေသူတွေနဲ့…

Read More

၉၂ နဲ့ ၉၅ စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်လာ

  ရန်ကုန် ၊ဒီဇင်ဘာ ၁ -၂၀၂၃ GG(VOM) ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ၉၂ ဓာတ်ဆီ တလီတာ ၂၅၁၀ ကျပ်နဲ့ ၉၅ ဓာတ်ဆီ တလီတာကို ၂၆၄၀ ကျပ်ဈေးအထိရှိလာပြီး တလီတာကို ၃၄၀ ကျပ်လောက် ခုန်တက်သွားတယ်လို့သိရပါတယ်။ စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကို ဓာတ်ဆီတင်သွင်းမှုအပေါ် အမေရိကန်တဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ ရောင်းချပေးနေမှုကို ရပ်တန့်လိုက်တာကြောင့် ဓာတ်ဆီဈေးနူန်း ခုန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ” ပြီးခဲ့တဲ့ နှစ်အောက်တိုဘာ လောက်ကစပြီးတော့ ၉၂ နဲ့ ၉၅ တင်သွင်းဖို့အတွက် တန်ဖိုး ရဲ့ ၄၀% ကို တစ်ဒေါ်လာ ၂၁၀၀ နဲ့ဟိုဘဏ်ကရောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆၀% ကိုတော့ ပြင်ပပေါက်ဈေးနဲ့တွက်ပီး စွမ်းအင်ဝန်ကြီးဌာနကဈေးသတ်မှတ်ခဲ့တယ်၊ဒါပေမယ့် အခုတော့ အဲ့ဒီ ၄၀%ကိုမရောင်းပေးတော့ပါဘူး၊တင်သွင်းမယ့်တန်ဖိုး ရာနူန်းပြည့်ကို…

Read More

ကော့ကရိတ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်၊ မြဝတီ အာရှလမ်းမကြီး ပိတ်ထား

  ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၃ SP ( VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှာ ဒီမနက် အစောပိုင်းက စလို့ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေး အာရှကားလမ်း ပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့ခံ တယောက်က ” ညကတည်းက ပစ်ခတ်သံတွေကြားရတယ် ၊ အဲ့ဒါအပြင် လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားရတယ် ၊ ဒီမနက်ပိုင်းမှာတော့ ခင်နိမ်းမူ၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်၊ မြို့လယ် စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ် ၊ လေကြောင်းကနေလည်း ပစ်ခတ်တာတွေရှိတယ် ၊ အသေအပျောက်တော့ မသိရသေးဘူး ၊ လောလောဆယ်ကြားရတာက ဖန်းခါးကုန်း ရပ်ကွက်ဘက်မှာ အမျိုးသမီး တယောက်သေပြီး ဒဏ်ရာရသူတွေ…

Read More

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း ပစ်သတ်ခံရ

  ဒီဇင်ဘာ ၁ – ၂၀၂၃ SN (VOM) အမျိုးသားဒီမိုကရေစီပါတီသစ် – NNDP (ခမောက်သုံးလုံး) ပါတီဥက္ကဋ္ဌ ဦးသန်းထွန်း (၅၄) နှစ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်မှာပဲ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဦးသန်းထွန်းဟာ ဒီကနေ့မနက် ၈ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉)ရှိ “မကြီး” မိတ္တူဆိုင်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပြီး ကျည်ထိမှန်ဒဏ်ရာ ၄ ချက်နဲ့ ဆေးရုံကိုပို့ဆောင်စဉ် မနက် ၈ နာရီ၊ မိနစ် ၅၀ ဝန်းကျင်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ “အဲ့ဒီ့ “မကြီး” မိတ္တူဆိုင်ထဲကို အနက်ရောင်အင်္ကျီဝတ်ထားတဲ့ လူနှစ်ယောက်က…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ နီးလာချိန် ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာ

  တိုင်ပေ၊ ဒီဇင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ဇန်နဝါရီလမှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုဝင်ဘာ ၃၀ ရက်ကလည်း ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို တရုတ်တိုက်လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းခဲ့ပြီး ကျွန်းအနီးမှာ တရုတ်စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို ထောက်လှမ်းတွေ့ရှိခဲ့တယလို့ ဆိုပါတယ်။ ကျွန်းရဲ့ အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ တရုတ်စစ်တပ်ရဲ့ ဂျေ-၁၀ နဲ့ဂျေ-၁၆ တိုက်လေယာဉ်တွေအပါအဝင် သင်္ဘောပေါ်က ရဟတ်ယာဉ်တွေ ပျံသန်းမှုကို တွေ့ရှိခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဆိုပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့ လေးနှစ်ကစပြီး ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်တာတွေအပါအဝင် ကင်းလှည့်မှုတွေ တိုးမြင့်လာပါတယ်။ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာကျင်းပမှာဖြစ်ပြီး…

Read More

This Day in History

Voice of Myanmar ယူကရိန်းမဲဆန္ဒရှင်များသည် ဆိုဗီယက်ယူနီယံမှ ယူကရိန်းနိုင်ငံခွဲထွက်ပြီး လွတ်လပ်ရေးအတွက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ထောက်ခံမဲပေးခဲ့ကြသည်။

Read More
VOM News

FREE
VIEW