တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်ရေပိုင်နက်ထဲ တရုတ်သင်္ဘော ၁၃၀ ကျော် စုဝေးရောက်ရှိနေ

 

မနီလာ၊ ဒီဇင်ဘာ-၄-၂၀၂၃

မျိုးဆက်(VOM)

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် အနီးရေပြင်ကို တရုတ်သင်္ဘော ၁၃၀ ကျော် စုဝေးရောက်ရှိခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက နိုဝင်ဘာ ၄ ရက်မှာပြောပါတယ်။

တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်ကျွန်းစုအနောက်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာရှိ စပါတလီကျွန်းစုရှိ သန္တာကျောက်တန်းအနီးမှာ ဆိုက်ကပ်နေခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။

ကျောက်တန်းတဝိုက်ရှိရေပြင်ဟာ ဖိလစ်ပိုင်နက်နယ်မြေဖြစ်ကြောင်း ဖိလစ်ပိုင်က အခိုင်အမာဆိုထားပါတယ်။ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောနှစ်စင်းဟာ နိုဝင်ဘာ ၃ ရက်က ရေပိုင်နက်အတွင်း ကင်းလှည့်ခဲ့ပြီး တရုတ်သင်္ဘောတွေကို ထွက်ခွာဖို့ သတိပေးခဲ့ကြပါတယ်။

တရုတ်သင်္ဘောတွေဟာ ရေပိုင်နက်အတွင်းကို တရုတ်ရဲ့ရေကြောင်းဆိုင်ရာ ပြည်သူ့စစ်တွေကို ခေါ်ဆောင်လာတယ်လို့ ဖိလစ်ပိုင်နိုင်ငံက သံသယရှိနေပြီး တရုတ်သင်္ဘောတွေ ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ လကထက် တိုးမြင့်လာတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေပါတယ်။

၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း အဲဒီဒေသမှာ တရုတ်သင်္ဘော ၂၀၀ ကျော် စုဝေးဆိုက်ကပ်ခဲ့ဖူးပြီး ဖိလစ်ပိုင်က တရုတ်နိုင်ငံကို ကန့်ကွက်သတိပေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Ref:NHK

Photo:Twitter

 

Related posts

Leave a Comment

VOM News

FREE
VIEW