ဝါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၂၄ ခုနှစ် မတ်လထိ ၁ ရာခိုင်နှုန်းသာရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နှစ်စဉ် မြန်မာ့စီးပွားရေး စောင့်ကြည့်မှု လေ့လာချက်အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ပြည်တွင်း အသားတင်ထုတ်လုပ်မှု(ဂျီဒီပီ) ဟာ ၂ ရာခိုင်နှုန်းမှာ ရပ်တန့်နေမယ်လို့ ခန့်မှန်းထားပါတယ်။ အောက်တိုဘာနှောင်းပိုင်းမှစပြီး မြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးမှု၊ လုပ်သားရှားပါးမှု၊ ထောက်ပံ့ရေးစရိတ်တွေ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ အထူးသဖြင့် တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေး အရေးပါတဲ့ ရှမ်းပြည်မြောက်ပိုင်းက နယ်စပ်ဂိတ်တွေရပ်တန့်ခဲ့သလို ထိုင်း၊ အိန္ဒိယတို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းညွှန်းကိန်းတွေဟာလည်း ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက…
Read MoreDay: December 12, 2023
အာဖဂန်ကို ကျော်တက်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်
ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အာဖဂန်နစ္စတန်ကိုကျော်ပြီး ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံ (UNODS) က ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဘိန်းထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်က ထိပ်ဆုံးမှာရပ်တည်နေပြီး တာလီဘန်တွေ နိုင်ငံကိုထိန်းချုပ်ပြီးနောက်မှာ ဘိန်းထုတ်လုပ်မှု ကျဆင်းလာကြောင်း UNODS ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။ တာလီဘန်တွေရဲ့ တားမြစ်ချက်ကြောင့် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင်ဘိန်းစိုက်ပျိုးမြေ ၁၈ ရာခိုင်နှုန်း ဧက ၁၁၆၄၀၀ ထိတိုးလာတယ်လို့ UNODS ကဆိုပါတယ်။ မြန်မာနိုင်ငံ ၂၀၂၁ ခုနှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ…
Read Moreစစ်တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံဆွေးနွေးမှု အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
ပေကျင်း၊ ဒီဇင်ဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်ပေးမှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပပြီး အပြုသဘောဆောင်တဲ့ရလဒ်တွေကို တွေ့ခဲ့ရတာ ဝမ်းသာမိတယ်လို့ သူကဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲတွေကို အပြီးသတ်ထိ ဆက်လက်ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေတွေ ပြေလျော့တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးပြီး တရုတ်-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိဆွေးနွေးမှုအပေါ် အခြေခံပြီး ဒီလကုန်ပိုင်းမှာ နောက်ထပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ိရှိတယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုနဲ့ စစ်ဘေးရှောင်ရတာတွေ…
Read Moreကိုးကန့်ဒေသက ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ယောက်ကို တရုတ်ဘက်က ဖမ်းဝရမ်း ထပ်ထုတ်
ဒီဇင်ဘာ ၁၂၊ ၂၀၂၃ Shy V (VOM) တရုတ်နိုင်ငံ Liaoning ပြည်နယ် နဲ့ Fujian ပြည်နယ်က Dalian, Quanzhou, Longyan, Chongchin မြို့တွေမှာရှိတဲ့ ရဲဌာနတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသက အဓိက ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ယောက်ကို အခု ဒီဇင်ဘာလမှာ တရုတ်ဘက်က ဖမ်းဝရမ်းထပ်ထုတ်ထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရသူတွေကတော့ ဦးပယ်ဆောက်ချိန် (Bai Socheng)၊ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (Yingcang (Li Yunchen – ဦးပယ်ဆောက်ချိန်ရဲ့ သား)၊ ပယ်ရင့်လန်(ခ)လီမုန့်န (Bai Yinglan (Limona) – ဦးပယ်ဆောက်ချိန်ရဲ့ သမီး)၊ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း (Wei Huairen (ဝေ့ဟွိုင်ရင်)၊ ဝိယုံ(ခ)ချိန်ယုံ (Wei Rong / ဝေ့ယွန်း (Chen Rong)…
Read Moreနစက အဖွဲ့ဝင်တွေအပါအဝင် လူပုဂ္ဂိုလ်လေးယောက်နဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ ပိတ်ဆို့
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) ဥရောပသမဂ္ဂ (အီးယူ) ဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် လေးယောက်နဲ့ ကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါတယ်။ အရေးယူပိတ်ဆို့မှု ချမှတ်ခံရတဲ့ လူပုဂ္ဂိုလ်လေးဦးကတော့ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအဝင် လေးဦးဖြစ်ပြီး ကုမ္ပဏီတွေကတော့ မြန်မာစစ်တပ်အတွက် လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ဖြစ်ပါတယ်။ အရေးယူပိတ်ဆို့ခံရတဲ့ စာရင်းမှာပါဝင်သူတွေနဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာဖြစ်ပြီး သူတို့နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ အကျိုးအမြတ်ရရှိစေမယ့် လုပ်ငန်းအရင်းအမြစ်တွေကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု၊ အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် အသုံးပြုတဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိရိယာတွေ တင်သွင်းမှု၊…
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
ဒီဇင်ဘာ ၁၁ – ၂၀၂၃ SN (VOM) (Facebook က ဖြုတ်ချတာကြောင့် ပြန်တင်ပေးခြင်းဖြစ်ပါသည်) အခုတပတ် ရွှေဈေးနဲ့ ငွေလဲဈေးမှာ ဈေးမာပြီး တက်ရိပ်ပြခဲ့ပါတယ်။ ဓာတ်ဆီဈေးမှာ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုကြောင့် ဈေးတန်းအမြင့်မှာပဲ ဆက်ရှိနေပါတယ်။ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်ကြောင့် နိုင်ငံခြားငွေဈေးတွေ အလှုပ်အခတ်များခဲ့သလို ပြည်တွင်းရွှေဈေးဟာလည်း အတက်အကျမငြိမ်မှုတွေရှိခဲ့တာပါ။ ဒါ့ကြောင့် ပြည်တွင်းက ရွှေ၊ ငွေနဲ့ စက်သုံးဆီတို့ရဲ့ လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် ဈေးကွက်အခြေအနေတွေကို ခန့်မှန်း တွက်ဆနိုင်ဖို့အတွက် ဒီဇင်ဘာ ၅ ရက်ကနေ ၁၁ ရက်အထိ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်အခြေအနေတွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။ #ရွှေဈေးနှုန်း အခုတပတ် ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး အဆမတန်…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၂ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreThis Day in History
Voice of Myanmar အမေရိကန် တရားရုံးချုပ်သည် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၌ ဖလော်ရီဒါပြည်နယ်တွင် ဆန္ဒမဲအငြင်းပွားမှုများ ရှိနေခဲ့သော်လည်း ဂျော့ချ်ဒဗလျူဘုရှ်ကို သမ္မတအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။
Read Moreကလေး – တမူး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာ
ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၇ ရက်အထိ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ရယူထားတဲ့ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကလေး – တမူး ကားလမ်းပေါ်က ခါမ်းပါတ်မြို့နယ်ခွဲ အပါအဝင် ကာကင်းစခန်းတချို့ကို သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက နစက လုံခြုံရေးအဖွဲ့တွေက ပြန်လည် ရယူထိန်းချုပ်လိုက်တယ်လို့ ခါမ်းပါတ်မြို့နယ်ခွဲ ဒေသခံတွေဆီက သိရပါတယ်။ ” ကလေး တမူးကားလမ်းဘက်မှာ လွန်ခဲ့တဲ့ လေးငါးရက်လောက်က စပြီး နစကရဲ့ ကွန်မန်ဒို အထူးစစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် ကျွန်းတောရေရှင် ၊ ဖက်ရားရေရှင်…
Read More