ထိုင်းရောက်လုပ်သားတွေ မြန်မာပြည်ပြန်ဖို့မလိုဘဲ အထောက်အထားရရှိအောင် ဆောင်ရွက်ပေးမယ်

  ဒီဇင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေအတွက် မြန်မာနိုင်ငံကိုပြန်ဖို့မလိုဘဲ အထောက်အထားရရှိအောင် ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှုပြုလုပ်တဲ့ ထိုင်းနိုင်ငံ (CI) စာအုပ်ထုတ်ပေးရေး စခန်းတွေမှာ သွားရောက် တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အကြိုသင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် လိုအပ်တဲ့ အထောက်အထားရရှိဖို့ ကုန်ကျစရိတ်နဲ့ အချိန်ကုန် သက်သာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “CI ဆိုတာက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ပါ။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ work permit ၊ ဗီဇာရရှိစေဖို့နဲ့ တရားဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်စေဖို့ ဆောင်ရွက်ပေးမှာပါ။ ဒီ့အတွက် မြန်မာနိုင်ငံကို…

Read More

ယူကရိန်းစစ်ပွဲအတွင်း တပ်ဖွဲ့ဝင် သုံးသိန်းကျော်နဲ့ မြေပြင်သုံးစစ်ပစ္စည်း လေးပုံတပုံကျော် ရုရှားဆုံးရှုံးခဲ့

  ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်ကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း သူ့ရဲ့ တပ်ဖွဲ့ဝင် ၃၁၅၀၀၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ ထိခိုက် သေဆုံး ဒဏ်ရာရမှုတွေနဲ့ ဆုံးရှုံးခဲ့ရတယ်လို့ နယူးယောက်ခ်တိုင်းမ်အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုစတင်ချိန်မှာ ယူကရိန်းစစ်မြေပြင်မှာ တပ်ဖွဲ့ဝင် သုံးသိန်းခြောက်သောင်း အသုံးပြုခဲ့တယ်လို့ အသစ်ထွက်ပေါ်လာတဲ့ ထောက်လှမ်းရေးအကဲဖြတ်အစီရင်ခံစာကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြလာတာဖြစ်ပါတယ်။ ရုရှားမှာ စစ်ပွဲအစပိုင်းမှာ တင့်ကားအစီးရေ ၃၅၀၀ ထိပိုင်ဆိုင်ထားပေမယ့်လည်း ၂၂၀၀ ကျော်ဆုံးရှုံးခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ထုတ်လုပ်ခဲ့တဲ့ တီ-၆၂ တင့်ကားတွေကို ပြန်လည်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာနှောင်းပိုင်းထိ ရုရှားဟာ မြေပြင်တပ်ဖွဲ့သုံးပစ္စည်းတွေဟာ ၂၀၂၂ ခုနှစ်မတိုင်မီကထက် လေးပုံတပုံကျော် ဆုံးရှုံးခဲ့တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲဟာ ရုရှားရဲ့…

Read More

ဂျပန်အာဏာရပါတီတွင်း အကျင့်ပျက်ချစားမှုကြောင့် ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးလေးယောက် ရာထူးကနေ နှုတ်ထွက်

  တိုကျို၊ ဒီဇင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဂျပန်အာဏာရ ပါတီတွင်း အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံကြောင့် ဂျပန်အစိုးရအဖွဲ့ဝန်ကြီးလေးယောက် ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုရက်တစ်ပါတီအတွင်းမှာ ဒေါ်လာ ၃ ဒသမ ၄ သန်း အလွဲသုံးစားလုပ်တွေရှိနေကြောင်း စွပ်စွဲချက်တွေအပြီးမှာ အစိုးရအဖွဲ့ဝန်ကြီးတွေ ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ နှုတ်ထွက်သွားတဲ့ ဝန်ကြီးတွေကတော့ အစိုးရအဖွဲ့အတွင်းရေး ဟီရိုကာဇူမက်ဆူနို၊ စီးပွားရေးနဲ့ စက်မှုဝန်ကြီး ယာဆူတိုရှီနီရှီမူရာ၊ ပြည်ထဲရေးဝန်ကြီး ဂျန်ဂျီဆူဇူကီးနဲ့ စိုက်ပျိုးရေးဝန်ကြီး အိုင်ချီယိုမီယာရှီတာတို့ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ အစောပိုင်း အရှုပ်တော်ပုံတွေကို ကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် ကိုင်တွယ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ကီရှှီဒါအပေါ် လူထုထောက်ခံမှုနှုန်းသည် အနိမ့်ဆုံးဖြစ်နေသည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ် ကီရှီဒါသည် ၂၀၂၅ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခွင့် ရှိနေသော်လည်း လာမယ့်နှစ်မှာကျင်းပမယ့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်ဆောင်ရွေးပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ…

Read More

မော်လူးမြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထား

  ဒီဇင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်နဲ့ အစပ် မော်လူးမြို့နယ်ခွဲကို မနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်အစောပိုင်းမှာ မော်လူးရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝိုင်းထား စတင်တိုက်ခိုက်တယ် ၊ မနက် ၄ နာရီလောက်မှာ ရဲစခန်းကျတယ် ၊ မနက် ၆ နာရီလောက်မှာ ရဲစခန်း မီးရှို့ခံရတယ် ၊ မိုးလင်းတော့ မော်လူးမြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လိုက်တယ် ၊ နောက်ပြီး ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းကို ဖြတ်တောက်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၈ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၄ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

နိုင်ငံတကာ ထောက်ခံမှုမရှိလည်း ဂါဇာကို အဆုံးတိုင် တိုက်ခိုက်မယ်လို့ အစ္စရေးပြော

  တဲလ်အဗစ်၊ ဒီဇင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဖိအားတွေပေးနေပေမယ့် အဆုံးတိုင် တိုက်ခိုက်သွားမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိ အဆင့်အပစ်အခတ်ရပ်စဲရေးဟာ ဟာမတ်စ်အကြမ်းဖက်သမားတွေအတွက် လက်ဆောင်ဖြစ်ပြီး ဒီစစ်ပွဲဟာ နိုင်ငံတကာက ပံ့ပိုးကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ဆက်လက်ဖြစ်ပွားနေဦးမယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်က ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး တောဆင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီဇင်ဘာ ၁၂ ရက်က တခဲနက် အတည်ပြုခဲ့ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးက ခွဲခြားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာ ထောက်ခံမှု ဆုံးရှုံးနေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂါဇာရှိ ပါလက်စတိုင်း ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးတော့လည်း အစ္စရေးကို နိုင်ငံတကာက ဖိအားပေးမှုတွေရှိနေပြီး နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ကာတာနိုင်ငံက ဦးဆောင် ညှိနှိုင်းနေပါတယ်။ အစ္စရေးကို ဟားမတ်စ်တွေရဲ့ နိုဝင်ဘာ ၇ ရက်တိုက်ခိုက်မှုမှာ လူ…

Read More

This Day in History

  Voice of Myanmar အမေရိကန်သည် အီရတ်၌စစ်ဆင်နွှဲနေချိန်တွင် ဘဂ္ဂဒက်မြို့၌ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတခုတွင် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကို အီရတ်သတင်းထောက် မွန်တက်ဟာအယ်လ်ဇိုင်ဒီက ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည်။  

Read More

ထိတွေ့တိုက်ပွဲတွေဖြစ်နေလို့ ချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ကုန်သွယ်ရေးလမ်း အများစု ပိတ်ထားခံရ

  ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP(VOM) ဒီမနက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးကျေးရွာမှာရှိတဲ့ မော်လူးရဲစခန်း တိုက်ခိုက်ခံရပြီး ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ​ဒီမနက်ပိုင်းက ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာရှိတဲ့ မော်လူး ရဲစခန်းတိုက်ခံရတယ် ၊ အဲ့ဒီနောက် ဒီမနက်ကစလို့ ကားလမ်းတွေပိတ်ထားတယ် ၊ မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းက အဲ့ဒီ တခုတည်းရှိတယ် ၊ အတက်ကားနဲ့ အဆင်းကားတွေ လမ်းမှာ ပိတ်မိနေတယ် ၊ အခုထိ လမ်းမပွင့်သေးဘူး ၊…

Read More

ညောင်ပင်သာရဲစခန်း တိုက်ခိုက်ခံရပြီး လက်နက်တွေသိမ်းခံရသလို ရဲနဲ့တပ်က ၅ ယောက် သေဆုံးပေမယ့် နစကတပ်က ပြန်ထိန်းချုပ်

  ရန်ကုန်၊ ဒီဇင်ဘာ ၁၃ -၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ ​ရန်ကုန် မန္တလေး လမ်းဟောင်းပေါ်က ညောင်ပင်သာရွာ ရဲစခန်း ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်စောပိုင်းက တိုက်ခိုက်ခံရပြီး စခန်းထဲကလက်နက်တွေ သိမ်းခံလိုက်ရတဲ့အပြင် စခန်းတွင်းမီးရှို့ဖျက်ဆီးခံရတာတွေရှိခဲ့တယ်လို့သိရပါတယ်။ “ညောင်ပင်သာရဲစခန်းက ကညွတ်ကွင်းနဲ့ ဖြူးကြားကပေါ့။ မနက် ၄ နာရီလောက်မှာဝင်တိုက်ခံရတာ၊ စခန်းလည်းမီးရှိုးခံရတယ်၊ လက်နက်တွေလည်းသိမ်းခံရတယ်ဆိုပြီး ပုံတွေလည်းတွေ့ရတယ်။ ကျနော်တို့ကတော့ သွားလည်းကြည့်မရဘူးလေ၊အခုကတော့ စစ်တပ်နဲ့ရဲက စခန်းကိုပြန်ထိန်းထားတယ်။စစ်တောင်းမြစ်နဲ့ကျွန်တော်တို့က နီးတာကိုး၊အရပ်သား ၃ ယောက်သေတယ်လို့လည်းသိရတယ် ” လို့ ကညွတ်ကွင်း ဒေသခံတစ်ဦးကပြောပြပါတယ်။ ညောင်ပင်သာရဲစခန်း တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့က ဒုရဲအုပ်အပါ ၂ ယောက်နဲ့ စစ်တပ်က ၃ ယောက်သေ ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ” ဒုရဲအုပ်နိုင်လင်းထွန်းနဲ့ ရဲတပ်သားသူရအောင်…

Read More
VOM News

FREE
VIEW