ဂျပန်ဓါတုဗေဒ ကုန်တင်သင်္ဘောတစင်း အီရန်ဘက်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရ

  ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဂျပန်ဓါတုဗေဒ ကုန်တင်သင်္ဘောတစင်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ အီရန်ကစေလွှတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်တစင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။ ချမ်ပလူတိုသင်္ဘောဟာ အိန္ဒိယနိုင်ငံကမ်းရိုးတန်းကနေ ရေမိုင် ၂၀၀ အကွာမှာ ဒီဇင်ဘာ ၂၃ ရက် ဒေသစံတော်ျချိန် မနက် ၁၀ နာရီက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပေမယ့် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း သိရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်ဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ မကြာသေးမီအချိန်တွေအတွင်း အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်ရှိ ဟူသီသူပုန်တွေဟာ ပင်လယ်နီဒေသမှာရှိတဲ့ သင်္ဘောတွေကို ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မနေ့ကလည်း ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေလမ်းကြောင်းမှာ ဟူသီတွေက သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် သင်္ဘောတွေ ထိခိုက်တာမရှိဘူးလို့ အမေရိကန်က ပြောပါတယ်။ ဂါဇာမှာ အစ္စရေးနဲ့ စစ်ဖြစ်နေတဲ့ ဟားမတ်စ်တို့ကို…

Read More

မြောက်ဦးမြို့အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ပြည်သူ တယောက်သေ၊ လေးယောက် ဒဏ်ရာရ

  ဒီဇင်ဘာ ၂၄ – ၂၀၂၃ SN (VOM) ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ မနက်အစောပိုင်းမှ စတင်ကာ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ တယောက်သေ၊ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်အနီးရှိ ရဲစခန်းနဲ့ သူတော်မတောင် စစ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မနက် ၃ နာရီ၊ မိနစ် ၅၀ ဝန်းကျင်အချိန်က စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြကာ မနက် ၉ နာရီကျော်ဝန်းကျင်အထိ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်က ရွာတွေဆီ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ရွာဟောင်းတောကျေးရွာမှ တဦး၊ ဆင်ချဆိပ်ရပ်ကွက်က လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက်…

Read More

ရွှေဘိုနယ် မြင်ချင်ရွာမှာ လူနေအိမ် ၁၅၀ ကျော် မီးလောင် ၊ ဒေသခံ တဦး သေဆုံး

  ဒီဇင်ဘာ ၂၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ မြင်ချင် (ဒေသအခေါ် မြင်းချင်းကျေးရွာ)မှာ ဒီမနက် အစောပိုင်းကစလို့ ကျေးရွာပြည်သူ့စစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ထိခိုက် သေဆုံးသူတွေရှိကာ လူနေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၃ နာရီလောက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့ လူ ၄၀၀ ကျော်ဝန်းကျင်က လာရောက်တိုက်ခိုက်တယ် ၊ ရွာထဲက လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အခု နေ့ခင်းအထိ မီးလောင်နေတုန်းဖြစ်တယ် ၊ ရွာခံ မခက်ခက်ဦး ၂၃ နှစ် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဟားမတ်စ်တိုက်ခိုက်ရေးသမား ၇၀၀ ကျော်ကို အစ္စရေး ဖမ်းဆီးထား

  တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဟားမတ်စ်အဖွဲ့ဝင် ၂၀၀ ကို စစ်ဆေးမေးမြန်းဖို့အတွက် အစ္စရေးပိုင်နက်အတွင်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူအချို့ဟာ အရပ်သားတွေကြားမှာ ပုန်းအောင်းနေခဲ့ပြီး ဆန္ဒအလျောက် လက်နက်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို စတင်တိုက်ခိုက်ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ဝင် ၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် အများစုဟာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံနေရတယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ အစ္စရေးကတော့ အရပ်သားတွေ သေဆုံးထိခိုက်မှုတွေကို ရှောင်ရှားခဲ့ပြီး ဟားမတ်စ်တို့က အရပ်သားတွေကြားမှာ အကာအကွယ်ယူပုန်းကွယ်နေတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်တို့ဟာ အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာကို အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း လူ နှစ်သောင်းကျော်သေဆုံးပြီး…

Read More

This Day in History

  Voice of Myanmar ဖရန့်ခ်ဘော်မန်၊ ဂျိမ်းလိုဗယ်နှင့် ဝီလီယံ အန်ဒရေတို့သည် ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အပိုလို-၈ အာကာသယာဉ်ဖြင့် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းကို ပထမဆုံး ပျံသန်းလှည့်ပတ်ခဲ့သူများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။  

Read More

နမ္မတူမြို့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ နှစ်ယောက် ဒဏ်ရာရ

  ဒီဇင်ဘာ ၂၃၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေလယ်က ရပ်ကွက်ထဲ လက်နက်ကြီးကျ ရောက်ပေါက်ကွဲလို့ ပြည်သူ နှစ်ယောက်ထိ ခိုက်ဒဏ်ရာရ‌ခဲ့ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပန်ဟိုက် ၆ ဘောလုံးကွင်းနားပါဗျ။ နှစ်ယောက်။ မစိုးရိမ်ရ ဒဏ်ရာရပါတယ်။ ရပ်ကွက် ၉ က လူမထိဘူးဗျ။ ဝက်ခြံပဲ ထိတယ်ကြားတယ်။ မနက်ကတည်းက ပစ်နေတာ။ ပစ်လိုက်၊ ငြိမ်လိုက်ပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နမ္မတူအနီးက စစ်တပ်မှာ စစ်တပ်နဲ့ TNLA ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ကွဲ ဖြစ် နေတာ နှစ်ရက်၊ သုံးရက် ရှိပြီလို့ ‌နမ္မတူ မြို့ခံ အမျိုးသား တယောက်က…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More
VOM News

FREE
VIEW