တီဟီရန်၊ ဒီဇင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းတပ်မှူး တယောက်သေဆုံးခဲ့ကြောင်း အီရန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဆေးယဒ်ရာဇီမိုဆာဗီဟာ အစ္မလာမ္မစ် တော်လှန်ရေးအစောင့်တပ်ရဲ့ အတွေ့အကြုံရှိတဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်တယ်လို့ တက်စ်နင်သတင်းဌာနက ဖော်ပြထားပါတယ်။ အီရန်ထိပ်တန်းတပ်မှူးဟာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်အရှေ့တောင်ဘက် ဆေယီဒါဇိုင်နက် ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ မိုဆာဗီဟာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်မှူး ဆိုလိုင်မာနီရဲ့ လက်ထောက်တယောက်ဖြစ်ပါတယ်။ အစ္စရေးဟာ အီရန်နဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်တွေကို ချေမှုန်းဖို့အတွက် ဆီးရီးယားမှာ နှစ်အတော်ကြာ စစ်ဆင်ရေးတွေပြုလုပ်နေပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုပြီးနောက် အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အကြိမ်ရေမြင့်တက်လာပါတယ်။ ဆီးရီးယားပြည်တွင်းစစ် အစောပိုင်းကတည်းက အီရန်တပ်ဖွဲ့တွေဟာ ဆီးရီးယားမှာရှိနေခဲ့ပြီး သမ္မတဘာရှာအာဆတ်ကို ထောက်ခံပံ့ပိုးနေပြီး ဆန့်ကျင်တဲ့…
Read MoreMonth: December 2023
This Day in History
Voice of Myanmar ဆူမားတြားကျွန်းအနောက်ဘက် အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်တွင် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းကမ်းရိုးတန်းမှ အာဖရိကဒေသထိ ဆူနာမီလှိုင်းများဖြစ်ပေါ်ကာ လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့သည်။
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
ဒီဇင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်အထိ တပတ်တာကာလအတွင်းမှာလည်း အရင်တပတ်ကလိုပဲ အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေဟာ အမြင့်ဈေးမှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ စက်သုံးဆီ ဈေးနှုန်းတွေလည်း ပြန်လည် မြင့်တက်လာတာကို တွေ့ရပြီး ဒီဇင်ဘာ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဈေးတန်းထက် ကျော်လွန်နေသလို ဈေးကွက်အတွင်း ဆီဝယ်ယူရခက်နေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်အနေအထားကို ချိန်ဆနိုင်ဖို့ အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက် အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။ #ရွှေဈေးနှုန်း ပြည်တွင်း ရွှေဈေးဟာ အခု ဒီဇင်ဘာလထဲမှာလည်း တောက်လျှောက်ဆိုသလို အရောင်းအဝယ် အေးနေခဲ့ပေမယ့် ဈေးနှုန်းတွေကတော့…
Read Moreမြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃
Read Moreမုံရွာ သာစည်ထောင် လုံခြုံရေး ဝန်ထမ်းလေးဦး ပစ်သတ်ခံရ
ဒီဇင်ဘာ ၊ ၂၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက် သာစည် – မုံရွာ ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၂၄ ရက် က လူနာတင်ယာဥ်ပေါ် ပါလာတဲ့ လုံခြုံေရးဝန်ထမ်းလူနာနဲ့ လူနာစောင့် ဝန်ထမ်းတွေ ပစ်ခတ်ခံရ ပြီး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” သာစည်တိုက်နယ်မှာက မုံရွာ အကျဥ်းထောင်က ထောင်သစ်တည်ဆောက်ရေး စီမံကိန်းရှိတယ် ၊ အဲ့ဒီမှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ချထားတယ် ၊ အဲ့ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်တယ် ၊ အဲ့ဒီမှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင်…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၅ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreနိုင်ငံမှာ အလုပ်သမား ရှားပါးပြတ်လပ်မှုပြသနာ ရုရှား ကြုံတွေ့နေရ
မော်စကို၊ ဒီဇင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) ရုရှာနိုင်ငံဟာ ယခုနှစ်အတွင်း အလုပ်သမားရှားပါး ပြတ်လပ်မှုနဲ့ အပြင်းအထန်ကြုံတွေ့နေရတယ်လို့ ရုရှားထိပ်တန်း သတင်းစာတစောင်ဖြစ်တဲ့ Izvestia က ရေးသားဖော်ပြထားပါတယ်။ ရေးသားဖော်ပြမှုတွေဟာ ရုရှားသုတေသနအင်စတီကျုရဲ့ အချက်အလက်တွေကို အခြေခံထားပြီး အလုပ်သမားရှားပါး ပြတ်လပ်မှုဟာ ၂၀၂၄ ခုနှစ်မှာ ပိုမိုဆိုးရွားလာမယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာတော့ ရုရှားမှာ အလုပ်သမား ၄ သဒမ ၈ သန်းထိကျဆင်းခဲ့ပြီး ဒါဟာ နိုင်ငံလုပ်သားအင်အားရဲ့ ၆ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေပါတယ်။ ရုရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးကလည်း အလုပ်သမားရှားပါးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားဟာ ယူကရိန်းကို ပြီးခဲ့တဲ့နှစ်က ကျူးကျော်တိုက်ခိုက်ပြီးနောက် အလုပ်သမားဦးရေ ကျဆင်းလာပြီး အများအပြားဟာ နိုင်ငံကနေ စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို သွားရောက့်ကြပါတယ်။ လာမယ့်နှစ်ထိ အိုင်တီကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယားတွေ၊ ဆရာဝန်တွေနဲ့ ယာမောင်းရှားပါးမှုပြသနာဟာ လာမယ့်နှစ်ထိ ဆက်လက်ရှိနေဦးမယ်လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက…
Read Moreမြောက်ဦး နန်းတော်ရာပြတိုက် လက်နက်ကြီးထိမှန်၊ တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားသေဆုံးမှုတွေရှိ
ရန်ကုန်၊ဒီဇင်ဘာ ၂၅ – ၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ တိုက်ပွဲတွေပြင်းထန်လာနေပြီး နှစ်ဘက်ပစ်ခတ်မှုတွေအကြား လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားသေဆုံးတာရှိနေသလို ရှေးဟောင်းကျောက်စာတွေ ထိန်းသိမ်းထားတဲ့ပြတိုက်လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ AA ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ပြီး လက်နက်ကြီးတွေပစ်ခတ်မှုကြောင့်ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၅ နာရီလောက်မှာ နန်းတော်ရာပြတိုက်ပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ပြတိုက်ထဲမှာထိန်းသိမ်းထားတဲ့ ကျောက်စာတိုင်တွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်း လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲပြီး ဆိုင်ကယ်စီးလာတဲ့ မိသားစုကို ထိမှန်ကာ မိခင်နှင့် ဖခင်ဖြစ်သူသေဆုံးပြီး ကလေးငယ်က ဒဏ်ရာရရှိခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ် ရှိနေတာကြောင့် မြို့ပေါ်နေထိုင်သူတွေဟာ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ” လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ မြို့ပေါ်ကိုပစ်နေတာပါ။လွတ်ရာကို ကြည့်နေရတယ် ” လို့ မြောက်ဦး မြို့ခံ တယောက်ကပြောပါတယ်။…
Read Moreရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်တိမ်းမှောက်မှု သံဃာတော်တွေ အပါအဝင် ခုနစ်ယောက် ဒဏ်ရာ ရ
ဒီဇင်ဘာ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၇/ဝ) ဖာလုံကြားမှာ မနေ့ ဒီဇင်ဘာ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သံဃာတော်တွေ အပါအဝင် ခုနစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ယာဉ်မောင်း အိပ်ငိုက်ခဲ့တာကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့တာလို့ သိရပြီး ရဟန်း နှစ်ပါး၊ ကိုရင် သုံးပါး၊ ကျောင်းသား နှစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ရဟန်းနှစ်ပါးမှာ တပါးကတော့ ခေါင်းကွဲပြီး သွေးထွက်သွားတဲ့အတွက် နည်းနည်းတော့ ဒဏ်ရာပြင်းတယ်၊ ကိုရင် သုံးပါးထဲမှာလည်း နှစ်ပါးက ဒဏ်ရာ ကြီးတော့ကြီးတယ်။ ပေါင်ပဲ့ထွက်သွားတာနဲ့ လက်ပြင်အသားစိုင်…
Read Moreသီရိလင်္ကာမှာ တပတ်တာ မူးယစ်စစ်ဆင်ရေးအတွင်း လူ၁၅၀၀၀ နီးပါးကို ဖမ်းဆီး
ကိုလံဘို ၊ ဒီဇင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ မူးယစ်တိုက်ဖျက်ရေး တပတ်တာကာလ စစ်ဆင်ရေးအတွင်း အတွင်း လူပေါင်း ၁၅၀၀၀ နီးပါးကို ဖမ်းဆီးထိမ်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ စစ်ဆင်ရေးအတွက် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ ၄၄၀ ကီလိုဂရမ်နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး မြို့တော်ကိုလံဘိုနဲ့ အခြားနေရာတွေမှာ ရှာဖွေမှုအတွင်း ရဲတပ်ဖွဲ့ဟာ အနံခံခွေးတွေကို အသုံးပြုခဲ့ကြပါတယ်။ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်စီးနှင်းမှုတွေဟာ တရာမဝင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကမူ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ အတွက် ဝရမ်းထုတ်ရန် အမြဲတမ်းမလိုအပ်ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေရဲ့ မော်တော်ယာဉ်နဲ့ ပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ စီးနှင်းမှုအတွင်း ဆင်းရဲသားရပ်ကွက်တေနွကို ပစ်မှတ်ထားခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသမားတွေဟာ သီရိလင်္ကာကို မူးယစ်ကုန်ကူးရာ ဗဟိုချက်အဖြစ် အသုံးပြုနေပြီး ဘိန်းဖြူ၊ ဆေးခြောက်အပါအဝင်…
Read More