Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read MoreMonth: December 2023
ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဟားမတ်စ်တိုက်ခိုက်ရေးသမား ၇၀၀ ကျော်ကို အစ္စရေး ဖမ်းဆီးထား
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဟားမတ်စ်အဖွဲ့ဝင် ၂၀၀ ကို စစ်ဆေးမေးမြန်းဖို့အတွက် အစ္စရေးပိုင်နက်အတွင်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူအချို့ဟာ အရပ်သားတွေကြားမှာ ပုန်းအောင်းနေခဲ့ပြီး ဆန္ဒအလျောက် လက်နက်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို စတင်တိုက်ခိုက်ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ဝင် ၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် အများစုဟာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံနေရတယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ အစ္စရေးကတော့ အရပ်သားတွေ သေဆုံးထိခိုက်မှုတွေကို ရှောင်ရှားခဲ့ပြီး ဟားမတ်စ်တို့က အရပ်သားတွေကြားမှာ အကာအကွယ်ယူပုန်းကွယ်နေတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်တို့ဟာ အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာကို အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း လူ နှစ်သောင်းကျော်သေဆုံးပြီး…
Read MoreThis Day in History
Voice of Myanmar ဖရန့်ခ်ဘော်မန်၊ ဂျိမ်းလိုဗယ်နှင့် ဝီလီယံ အန်ဒရေတို့သည် ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အပိုလို-၈ အာကာသယာဉ်ဖြင့် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းကို ပထမဆုံး ပျံသန်းလှည့်ပတ်ခဲ့သူများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Read Moreနမ္မတူမြို့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ နှစ်ယောက် ဒဏ်ရာရ
ဒီဇင်ဘာ ၂၃၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေလယ်က ရပ်ကွက်ထဲ လက်နက်ကြီးကျ ရောက်ပေါက်ကွဲလို့ ပြည်သူ နှစ်ယောက်ထိ ခိုက်ဒဏ်ရာရခဲ့ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပန်ဟိုက် ၆ ဘောလုံးကွင်းနားပါဗျ။ နှစ်ယောက်။ မစိုးရိမ်ရ ဒဏ်ရာရပါတယ်။ ရပ်ကွက် ၉ က လူမထိဘူးဗျ။ ဝက်ခြံပဲ ထိတယ်ကြားတယ်။ မနက်ကတည်းက ပစ်နေတာ။ ပစ်လိုက်၊ ငြိမ်လိုက်ပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နမ္မတူအနီးက စစ်တပ်မှာ စစ်တပ်နဲ့ TNLA ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ကွဲ ဖြစ် နေတာ နှစ်ရက်၊ သုံးရက် ရှိပြီလို့ နမ္မတူ မြို့ခံ အမျိုးသား တယောက်က…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၃ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး
Read Moreနျူလက်နက်အတွက် ပလူတိုနီယမ်ထုတ်နိုင်တဲ့ နျူကလီးယားဓါတ်ပေါင်းဖိုသစ် မြောက်ကိုရီးယား စတင်လည်ပတ်နေဖွယ်ရှိ
ဗီယင်နာ၊ ဒီဇင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ် ထုတ်လုပ်နိုင်တဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုသစ်ကို စတင်လည်ပတ်နေဖွယ်ရှိကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) က ပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ် မီးလောင်ရာလေပင့် ပိုမိုအရှိန်မြင့်လာမှာကို စိုးရိမ်ကြောင်း အိုင်အေအီးအေအကြီးအကဲ ရာဖေးလ်ဂရော့ဆီက ပြောပါတယ်။ သုတေသနအဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ယောင်ဗြောင်းရှိ နျူကလီးယား ဓါတ်ပေါင်းဖို အနီးတဝိုက်မှာ ရေနွေးထုတ်လွှတ်မှုအပါအဝင် လှုပ်ရှားမှုအဆင့်တွေ တိုးမြင့်လာတာကို တေ့ွရှိရကြောင်း အိုင်အေအီးအေက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အဲဒီနေရာကို အိုင်အေအီးအေစစ်ဆေးရေးမှူးတွေ တိုက်ရိုက်ဝင်ရောက်ခွင့်မရတာကြောင့် တွေ့ရှိချက်တွေကို အတည်မပြုနိုင်ကြောင်း အိုင်အေအီးအေအကြီးအကဲ ဂရော့ဆီက ဆိုပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုသစ်ဟာ နျူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ်ထုတ်လုပ်ရေးအတွက် အသုံးပြုနိုင်ခြေရှိပြီး နျူကလီးယား ဓါတ်ပေါင်းဖိုသစ်တည်ဆောက် လည်ပတ်တာဟာ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ကြောင်း အိုင်အေအီးအေက ပြောဆိုထားပါတယ်။…
Read Moreဟားမတ်စ်တို့ကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာတောင်ပိုင်းကိုပါ ထိုးစစ်အရှိန်မြှင့်မယ်လို့ အစ္စရေးစစ်တပ်ပြော
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာကမ်းမြှောင်တောင်ပိုင်းကိုပါ ထိုးစစ်ဆင်မှုအရှိန်မြှင့်တင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က ပြောပါတယ်။ ကနဦး ဂါဇာမြောက်ပိုင်း စစ်ဆင်ရေးတွေမှာတော့ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တပ်ရင်းတွေကို ဖြည်းဖြည်းချင်း ဖြိုခွင်နေပြီး ဟားမတ်စ်တွေရဲ့ မြေအောက်ဥမင်ကွန်ရက်တွေကို တိုက်ခိုက်မှုတွေ အောင်မြင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ ဟားမတ်စ်ခေါင်းဆောင် ယာချ်ယာဆင်ဝါ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ခန်းယွန်နစ်ဒေသမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ အစ္စရေးတပ်တွေရဲ့ ယာဉ်တွေနဲ့ လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်နေတဲ့အသံတွေကို ဟားမတ်စ်ခေါင်ဆောင် ကြားသိနေရပြီး မကြာခင်မှာ ရှာတွေ့နိုင်မှာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က ဆိုပါတယ်။ ဒီပြောဆိုချက်တွေဟာ အချည်းအနီး ခြိမ်းခြောက်မှုသာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အစ္စရေးစစ်တပ်ဟာ မီတာရာပေါင်းများစွာနဲ့ချီရှည်လျားပြီး ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေးစခန်းတွေလည်း ပါဝင်တဲ့ ဂါဇာမြို့ရှိ အထင်ကရ မြေအောက်ဥမင်ကို ဖော်ထုတ်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က…
Read Moreမြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ ဝင်ငွေထွက်ငွေနဲ့ အခြေခံလူတန်းစားတို့ အခက်အခဲ
ဒီဇင်ဘာ-၂၃-၂၀၂၃ SN (VOM) လက်ထဲကပိုက်ဆံ တသောင်းတန် တရွက်ကိုကြည့်ပြီး မအိခိုင်တယောက် တွေဝေနေပါတယ်။ ဈေးထဲမှာ ရှေ့နောက် လျှောက်နေရင်း ဒီပိုက်ဆံနဲ့ ဘယ်လိုလောက်ငှအောင် ဝယ်ခြမ်းရမလဲ ဆိုတာက မအိခိုင်တို့လို အိမ်ရှင်မတွေအတွက် တနေ့တနေ့ ခေါင်းပူအောင် စဉ်းစားရတဲ့ကိစ္စတခုပါ။ အရင်ကတော့ ဈေးဖိုးသုံးဖို့ ဒီ ပိုက်ဆံတသောင်းလောက်နဲ့တင် မအိခိုင်အတွက် အဆင်ပြေခဲ့တာပါ။ ဒါပေမယ့် လက်ရှိ ကုန်ဈေးနှုန်းအရတော့ လက်ထဲရှိတဲ့ ပိုက်ဆံတသောင်းက မအိခိုင်ကို လှောင်ပြောင်နေသလိုပါ။ “အရင်တော့ ဈေးဝယ်ဖို့ ပိုက်ဆံက ဒီ တသောင်းလောက်နဲ့ အဆင်ပြေတယ်။ အခုတော့ အသားငါး ဈေးတွေတင်မကဘူး။ ဟင်းရွက်ဈေးတွေရော အစစအရာရာ အကုန်တက်နေတော့ လက်ထဲရှိတဲ့ ပိုက်ဆံတောင် မလောက်ချင်ဘူး” လို့ မအိခိုင်က ခပ်ညည်းညည်းလေး ပြောရှာပါတယ်။ အတက်အကျ အနိမ့်အမြင့်ရှိတဲ့ အထွေထွေကုန်ဈေးနှုန်းဟာ သုံးနှစ်နီးပါးကာလအတွင်း အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read More