ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဒီအတောအတွင်း ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အစ္စရေးဟာ ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှု ဆုံးရှုံးနိုင်တယ်လိုပ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောကြားထားပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ခန်ယွန်နစ်မြို့ကို အဓိက ထိုးစစ်ဆင်နေပြီး အီဂျစ်နယ်စပ်အနီး ရာဖာမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဂါဇာမှာရှိတဲ့ ဆေးရုံ ၃၆ ရုံဟာ ၆၆ ရက်အတွင်း လုပ်ငန်းလည်ပတ်တဲ့ဆေးရုံ ၁၁ ရုံသာရှိတော့ကာ ကျန်းမာရေးစနစ် ပြိုလဲလုဖြစ်နေပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင်မှာလည်း အစ္စရေးရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ခြောက်ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ နိုဝင်ဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၄၀…
Read MoreYear: 2023
Dawei Watch သတင်းဌာနက သတင်းသမား နှစ်ယောက် မြိတ်မြို့မှာ ဖမ်းဆီးခံရ
ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) တနင်္သါရီတိုင်း ၊ မြိတ်မြို့မှာ အခြေစိုက် နေထိုင်တဲ့ Dawei Watch သတင်းဌာရဲ့ သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်ညက နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့နေအိမ်ေတွမှာ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Dawei Watch သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်မှာ မြိတ်မြို့မှာနေထိုင်တဲ့ Dawei Watch သတင်းသမား ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦး တို့ နှစ်ယောက်ဖြစ်ပြီး သတင်းရေးသားမှုကြောင့် အခုလို လာရောက်ဖမ်းဆီးရတာဖြစ်ကြောင်း အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောဆိုမှုကို ကိုးကားပြီး ဖော်ပြထားပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး Dawei Watch သတင်းဌာနကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့…
Read Moreအရာတော်နယ် နောင်ကြီးအိုင် ရဲစခန်း တိုက်ခိုက်ခံရ ၊ နှစ်ဘက် ထိခိုက်သေဆုံး
ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ နောင်ကြီးအိုင်ကျေးရွာ ၊ နောင်ကြီးအိုင်း ရဲကင်းစခန်းမှာ မနေ့ ဒီဇင်ဘာ ၁၂ ရက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နောင်ကြီးအိုင်ရွာဆိုတာ ဝက်လက်နယ် ၊ ဒီပဲယင်းနယ် ၊ ဘုတလင်နယ် စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေတယ် ၊ မနေ့ကတော့ ဒီပဲယင်း ၊ ဝက်လက် ၊ ဘုတလင် နယ်ဘက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက စုဖွဲ့ပြီး နောင်ကြီးအိုင် ရဲကင်းစခန်းကို လာတိုက်တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ အတိအကျ…
Read Moreပလက်ဝမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ လူသစ်စုဆောင်းတာတွေကြောင့် မြို့ခံတွေ နေရပ်စွန့်ခွာတာ များပြားလာ
ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့ဟာ ဒီရက်ပိုင်းအတွင်း မြို့ပေါ်ကနေ လက်နက်ကြီးကျည်တွေ ဖြတ်သန်း ပစ်ခတ်နေတာကြောင့် မြို့ခံ အရပ်သားတွေဟာ မနေရဲတော့ပဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝမြို့ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကစလို့ ဒီကနေ့အထိ မြို့ပေါ်ကနေ လက်နက်ကြီးကျည်တွေ ဖြတ်သန်း ပစ်ခတ်နေတယ် ၊ လက်နက်ငယ်(သေနတ်)တွေနဲ့လည်း ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒီလို မြို့ကိုဖြတ်ပြီး ပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကို လက်နက်ကြီး ထိမှန်လို့ လူနာတချို့ ထိခိုက်ဒဏ်ရာတွေရတယ် ၊ နောက်ပြီး ဆေးရုံက ခြောက်ခန်းတွဲ လိုင်းခန်း အဆောက်ဦး ထိမှန်ပျက်စီးတယ်…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၈ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပါကစ္စတန်နယ်စပ် ရဲစခန်းတခုကို စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် စစ်သား ၂၃ ယောက်သေဆုံး
အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွတွေက ရဲစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၃ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာဖဂန်နစ္စတန်နယ်စပ်အနီး Khyber Pakhtunkhwa ပြည်နယ်ရှိ ရဲစခန်းထဲကို ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ကားတစီးနဲ့ ဝင်ရောက်ဖောက်ခွဲခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်တာလီဘန်တို့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့တဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီရဲစခန်းဟာ ပါကစ္စတန်စစ်တပ် အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။ စစ်သွေးကြွတွေဟာ မော်တော်ယာဉ်နဲ့ တိုက်ခိုက်ခြင်းမပြုမီ အခြေစိုက်စခန်းထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ကားနဲ့ တံတိုင်းကို ဝင်တိုက်ပြီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်အတွင်း စစ်သွေးကြွခြောက်ယောက်သေဆုံးခဲ့ပြီး ညတွင်းချင်းပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း စစ်သွေးကြွစုစုပေါင်း ၂၇ ယောက်သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Getty…
Read MoreThis Day in History
Voice of Myanmar ဂျပန်အင်ပါယာစစ်တပ်သည် တရုတ်-ဂျပန်စစ်ပွဲအတွင်း ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့ကို သိမ်းပိုက်ခဲ့ပြီး နန်ကျင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့ကာ တရုတ်လူမျိုး သုံးသိန်းသေဆုံးခဲ့သည်။
Read Moreပုလဲနယ်က NUG တရားရုံး ဗုံးကြဲခံရလို့ လူ ငါးယောက် သေဆုံးပြီး ငါးယောက်ထက်မနည်း ဒဏ်ရာရ
ဒီဇင်ဘာ ၊ ၁၂ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင်ကျေးရွာမှာရှိတဲ့ NUG တရားရုံးကို ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” NUG တရားရေးရုံးပေါ်ကို လေကြောင်းပစ်ခတ်လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတယ် ၊ လတ်တလော သိရတာက တရားရေး ဥက္ကဌ ဦးသိန်းအောင်နဲ့ဇနီး အပါအဝင် လုံခြုံရေး ယူပေးနေတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ရဲဘော်တယောက်နဲ့ဆို ငါးယောက်သေတယ် ၊ တရားရုံးလာတဲ့ အမှုသည် တွေထဲက လေးငါးယောက်က ထိခိုက်ဒဏ်ရာရတယ် ၊ အသေအပျောက် အရေအတွက်က အတည်မဖြစ်သေးဘူး ၊ ဒဏ်ရာတွေကပြင်းတယ် ” လို့…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More