ဒီဇင်ဘာ ၁၁၊ ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ မီးမလာတာေကြာင့် ရေမရလို့ ရွှေလီမြစ်ဘက် ရေသွားချိုးရာက ရေနစ် သေဆုံးသူ ဆက်တိုက်ဖြစ်လာကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “ရွှေလီမြစ်ထဲ ဒီနေ့လည်း ၂ နာရီခွဲလောက်မှာတယောက် ထပ်နစ်ပြန်ပြီ။ သုံးယောက်က သုံးရက် ဆက်တိုက် ရှိပြီ ။ ကမ်းစပ်နား ရေပုံး၊ ရေခွက်တွေနဲ့ ခပ်ချိုးသင့်တယ် ” လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေကတော့ ပြန်ပြီးတွေ့တယ်ဗျ။ ရေနစ်တဲ့ သုံးယောက်လုံးက ဆုံးသွားတာပေါ့။ ပထမ တစ်ယောက်နဲ့တော့ ခြားတယ်ပေါ့။ မီးပျက်တော့ ရေမရကြဘူး။ ရေမရတော့လည်း အဲဒီမှာ (ရွှေလီမြစ်မှာ) ရေသွားချိုးကြတာပေါ့။” လို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးကွန်ယက် က တာဝန်ရှိသူ…
Read MoreYear: 2023
လွိုင်ကော်က ပြည်နယ်အဆင့် ရဲစခန်းဌာနချုပ် ထိန်းချုပ်ခံရတယ်လို့ သတင်းထွက်ပေါ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ -၂၀၂၃ GG (VOM) ကယားပြည်နယ် ၊လွိုင်ကော်မြို့မှာရှိတဲ့ ပြည်နယ်အဆင့် ရဲဌာနချုပ်စခန်းကို KNPDF ဦးဆောင်တဲ့ ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲတွေက ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ည ပိုင်းမှာ ပြည်နယ်ရဲဌာနချုပ်ကို ထိန်းချုပ်ခဲ့တာဖြစ်ပြီး လက်နက်တွေ၊ ရဲကားတွေ ၊ ဆိုင်ကယ်တွေ အပါအဝင် ပစ္စည်းတွေကို ရရှိခဲ့တယ်လို့ KNDF ရဲ့သတင်းထုတ်ပြန်မှုအရ သိရပါတယ်။ ” ဟုတ်တယ် အဲ့ဒီရဲစခန်းကပြည်နယ်အဆင့်ရဲစခန်းပေါ့၊ အဲ့တဝိုက်မှာတိုက်ပွဲတွေဖြစ်နေတာကတော့ကြာပြီ၊ ဘယ်သူမှလည်းမသွားရဲဘူး ။ ရဲစခန်းကိုသိမ်းလိုက်ပြီဆိုတာ ကျနော်တို့လည်း မနေ့က PDF ဘက်ကသတင်းထုတ်တော့မှ သိရတာ၊ ” လို့ လွိုင်ကော်ဒေသခံကပြောပါတယ်။ ပြည်နယ်ရဲဌာနချုပ်စခန်း တိုက်ပွဲမှာ စစ်တပ်နဲ့ PDF တွေ နှစ်ဖက်လုံး အကျဆုံးတွေရှိခဲ့ကြောင်း ၊ PDF တွေဘက်က ၆…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၁ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreယူကရိန်စစ်ပွဲအရေး ဂျိုးဘိုင်ဒင် နဲ့ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သမ္မတနှစ်ယောက်ဟာ ဒီဇင်ဘာ ၁၂ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းနဲ့ ယူကရိန်းပြည်သူတွေအတွက် အမေရိကန်ရဲ့ မယိုင်လဲတဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ အတွက် ယူကရိန်းသမ္မတကို ဖိတ်ကြားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ လက်ရှိမှာတော့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေပါတယ်။ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာ ယူကရိန်းအတွက် အရေးပေါ်လိုအပ်ချက်တွေနဲ့ အမေရိကန်ရဲ့ ဆက်လက်ပံ့ပိုးကူညီမယ့် ကိစ္စရပ်တွေအပေါ် ဂျိုးဘိုင်ဒင်နဲ့ ဇီလန်စကီးတို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေကို ကွန်ဂရက်က အတည်ပြုမပေးဘူးဆိုရင် အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေဟာ ယခုနှစ်ကုန်မှာ ကုန်ဆုံးတော့မယ်လို့…
Read Moreတောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတိုက်မိ ၊ မတည်မငြိမ်လုပ်ရပ်တွေ ရှောင်ရှားဖို့ အမေရိကန် တိုက်တွန်း
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောနဲ့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ တိုက်မိပြီးနောက် တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်က ဒီဇင်ဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ သင်္ဘောတိုက်မိမှုအပြီးမှာ ဖိလစ်ပိုင်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက အပြန်အလှန်ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်တို့အတွက် အဓိကအချက်အချာကျတဲ့ စပရက်တလေကျွန်းစုရှိ စကင်းသောမတ်စ် သဲသောင်ပြင်အနီးမှာ ဖြစ်ပွားခဲ့တာပါ။ တရုတ်ကမ်းခြေစောင့် သင်္ဘောတွေဟာ ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေ မဆင်မချင်ပစ်ခတ်ခြင်းအပါအဝင် တရားဝင်ထောက်ပံ့ရေးမစ်ရှင်တွေ ဆာင်ရွက်နေတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို ထိခိုက်စေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။ ဒီလုပ်ရပ်သည် ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုံခြုံမှုကို ဂရုမစိုက်ဘဲ နိုင်ငံတကာ ဥပဒေတွေကို…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၁ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဂါဇာ အပစ်ရပ်ရေး အခွင့်အလမ်းနည်းနေတယ်လို့ ကာတာဝန်ကြီးချုပ်ပြော
ဒိုဟာ၊ ဒီဇင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးသစ်အတွက် အခွင့်လမ်း နည်းပါးစေတယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ကာတာအနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက်ဖိအားပေးသွားမယ်လို့ သူကဆိုပါတယ်။ ဓါးစာခံတွေကို လွတ်မြောက်လာခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကာတာဟာ အဓိကကြားဝင်ခဲ့သူဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဂါဇာမှာ စစ်ပွဲကို အပြည့်အဝဆင်နွှဲနေကြောင်းနဲ့ မကြာသေးမီရက်ပိုင်းအတွင်း ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ အများအပြား လက်နက်ချခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါဟာ ဟားမတ်စ်တွေအဆုံးသတ်ဖို့ နိဒါန်းတခုပဲလို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့က အယ်လ်ဂျားဇီးယား သတင်းဌာနကို ပေးပို့ခဲ့တဲ့ အသံဖိုင်မှာတော့ ပြီးခဲ့တဲ့ ယာယီအပတ်ရပ်စဲရေးဟာ သူတို့အပေါ် ယုံကြည်ရတယ်ဆိုတာ သက်သေပြခဲ့တာဖြစ်ပြီး အစ္စရေးက ဆွေးနွေးမှုမပြုမချင်း နောက်ထပ်ဓါးစာခံတွေကို ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဂါဇာမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားနေပြီး ပဋိပက္ခစတင်ပြီးနောက်…
Read MoreThis Day in History
Voice of Myanmar ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ အာဟာရနှင့် အထွေထွေလိုအပ်ချက်များကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။
Read Moreရွှေစျေး ၃၇သိန်းကြား ဝဲလည်နေ ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၀ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More