ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၁၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၆.၆၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၈ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၅ ကျပ် ဝယ်ဈေး – ၄၇၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန် လပ်စ်ဗီးဂတ်စ်ရှိ နီဗားဒါးတက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူသုံးယောက်သေဆုံး

  ဝါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့ရှိ နီဗားဒါးတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတယောက်ဟာလည်း ဆေးရုံမှာစိုးရိမ်ဖွယ်အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။ အမည်မသိရသေးတဲ့ သေနတ်သမားလည်း အခင်းဖြစ်ရာမှာ သေဆုံးသွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးအကြောင်းပြချက်ကြောင့် အနီးနားရှိ ဟယ်ရီရိတ်ဒ်နိုင်ငံတကာ လေဆိပ်ကို အာဏာပိုင်များက ယာယီပိတ်ထားသည်။ လပ်စ်ဗီးဂတ်စ်ရှိ နီးဗားဒါးတက္ကသိုလ်အပြင် ပြည်နယ်အတွင်းရှိ နီဗားဒါးပညာရေးအဖွဲ့ရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေကိုလည်း ယာယီပိတ်ထားပါတယ်။ သေနတ်ပစ်ခတ်မှုဟာ ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတဲ့ ဒဏ်ရာရသူအများအပြားရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လက်ရှိမှာ ရှင်းလင်းစွာမသိရသေးကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်မှာ မကြာသေးမီနှစ်တွေအတွင်း…

Read More

This Day in History

Voice of Myanmar ဂျပန်ဗုံးကြဲလေယာဉ်များသည် ဟာဝိုင်ယီ ပုလဲဆိပ်ကမ်း အမေရိကန်ရေတပ်စခန်းရှိ စစ်သင်္ဘောများ၊ လေယာဉ်များနှင့် စစ်စခန်းများကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဗုံးကြဲလေယာဉ် အစင်း ၃၅၀ ဖြင့် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်မှုထမ်း ၂၃၀၀ ကျော်သေဆုံးခဲ့ပြီးနောက် အမေရိကန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်လာခဲ့သည်။

Read More

အရင်က ပို့ကုန်ရငွေ တဝက်ကို ဗဟိုဘဏ်မှာ မြန်မာကျပ်ငွေနဲ့ လဲလှယ်ခဲ့ရပေမယ့် ခုတော့၃၅ရာခိုင်နှုန်းပဲ လဲလှယ်ရတော့မှာဖြစ်ကြောင်း အမိန့်စာထွက်ရှိ

Read More

နိုင်ငံခြား​​ငွေ အရောင်းအဝယ်ကိစ္စ ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်အဆင်ပြေ သွင်းကုန်ခက်

  ဒီဇင်ဘာ ၆ – ၂၀၂၃ SN (VOM) နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ပို့ကုန်လုပ်ငန်းတွေအတွက် အဆင်ပြေပြီး သွင်းကုန်လုပ်ငန်းတွေအတွက် ခက်ခဲနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ နိုင်ငံခြား‌ငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) မှာ အ‌ရောင်းအဝယ်ပြုလုပ်ရာမှာ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေက တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ်လို့ အဲ့ဒီ့ဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပကို လွှဲပြောင်းရာမှာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နေရှင်နယ်ကျောင်းသား အကောင်းစား

ဆူးငှက်     ၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေနဲ့ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက် အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားကျောင်းတွေ အမျိုးသားကောလိပ်တွေ ယူနီဗာစီတီတွေ ဖွင့်လှစ်ကြဖို့ပါပဲ။ ရာသက်ပန်သပိတ်မှောက်ပြီး အစိုးရကျောင်းတွေမှာ ကျောင်းပြန် မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားကြီးတွေက အမျိုးသားကျောင်းတွေမှာ ဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် မူလကရှိပြီး ဗုဒ္ဓဘာသာ ကျောင်းများနှင့် တိုင်းရင်းသားဘာသာသင် ကျောင်းတွေကို စုစည်းပြီး အမျိုးသားကျောင်းများအဖြစ် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။     တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာအမျိုးသားကျောင်းတွေ ဖွင့်လှစ်ခဲ့တော့ နောင်တစ်ချိန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတိုင်းပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ အများစုဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် အမျိုးသားခေါင်းဆောင်ကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်းမြို့…

Read More

ဖိလစ်ပိုင်မှာ ဘတ်စ်ကားဘရိတ်ပေါက်ပြီး ချောက်ထဲကျလို့ လူ ၁၆ ယောက်သေဆုံး

  မနီလာ၊ ဒီဇင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း အန်းတိတ်ဒေသမှာ ဘတ်စ်ကားတစင်း ဘရိတ်ပေါက်ပြီး ချောက်ထဲတိမ်းမှောက်မှုကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ရှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ကျန်လေးယောက်ကတော့ ဆေးရုံမှာ အခြေအနေတည်ငြိမ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဟိုဒိုရာကာဒီအိုက ပြောပါတယ်။ အီလီလိုပြည်နယ်ကနေ ထွက်ခွာလာတဲ့ အဲဒီဘတ်စ်ကားဟာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက အန်းတိတ်ပြည်နယ် ကူလာစီမြို့ကိုသွားရာလမ်းမှာ ဘရိတ်ချို့ယွင်းပြီး မီတာ ၃၀ အနက်ရှိ ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားတာလို့ သူကပြောပါတယ်။ ဘတ်စ်ကားမတော်တဆဖြစ်စဉ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းထိ ရှာဖွေသယ်ထုတ်နေခဲ့ရပြီး ဘတ်စ်ကားပေါ်မှာ ခရီးသည် ၅၃ ယောက်လိုက်ပါလာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားမတော်တဆဖြစ်တဲ့နေရာကို သေမင်းတမန်လမ်းကွေ့လို့ ဒေသခံတွေက ခေါ်ဆိုကြပြီး ယခင်ကလည်း…

Read More
VOM News

FREE
VIEW