အစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးသဘောတူညီချက် ပိုမိုနီးစပ်လာ

    ဝါရှင်တန်၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးးဆက်(VOM)   ဟာမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေး ဓါးစာခံတွေလွတ်မြောက်ရေး သဘောတူညီချက် ရရှိဖို့ ယခင်ကထက် ပိုမိုနီးစပ်လာတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။     “ဒီသဘောတူညီချက်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လုပ်စရာရှိတာတွေ ရှိနေတုန်းပါပဲ” လို့အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။   ဟားမတ်စ်တို့နဲ့ သဘောတူညီချက်တရပ်ရဖို့ နီးလာပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း သီးခြားအခမ်းအနားတခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။   လက်ရှိမှာတော့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ဥက္ကဌဟာ ဓါးစာခံတွေလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး ဟားမတ်စ်တို့ရဲ့ နိုင်ငံရေးရုံးအခြေစိုက်ရာ ကာတာနိုင်ငံကို သွားရောက်နေပြီဖြစ်ပါတယ်။   အဲဒီသဘောတူညီချက်ရရှိရေးအတွက် လက်တွေ့ကျတဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးတွေသာကျန်ရှိတော့ကြောင်း ကာတာဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ…

Read More

လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီးနောက် ဘုတလင် ပြည်သူ့ဆေးရုံ ပိတ်ထားရ

  နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ ၊ မြို့နယ်ပြည်သူ့ဆေးရုံးကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ မနေ့ နိုဝင်ဘာ ၂၀ ရက်ကနေစပြီး ဆေးရုံပိတ်ထားလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဆေးရုံဝန်းထဲမှာ နေထိုင်တဲ့ ဆေးရုံအုပ်ကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၂၀ ကျော်ရှိတယ် ၊ အခု အဲ့ဒီ ဝန်ထမ်းတွေမရှိတော့ဘူး ၊ တခြားမှာ ပြောင်းရွှေ့သွားကြတယ် ၊ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ ဆေးကုသနေဆဲလူနာတွေက မုံရွာဆေးရုံပြောင်းရွှေ့တာနဲ့ ဆင်းကုန်ကြတယ် ၊ ဘုတလင် ဆေးရုံမှာက အခုဆို လူနာရော ၊ ကျန်းမာရေး ဝန်ထမ်းတွေပါ မရှိတော့ဘူး ၊ ဘာကြောင့်လဲဆိုရင်…

Read More

ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေ

နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ကန်တိုက်နယ် စံပြကျေးရွာမှာရှိတဲ့ ကန်နယ်မြေရဲစခန်းကို ဒီမနက် အစောပိုင်း ၁ နာရီ ဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနက်အစောပိုင်း ၁ နာရီမှာ စတင်တိုက်ပွဲဖြစ်ပွားတယ် ၊ နှစ်ဘက် ပစ်ခတ်မှုတွေ ပြင်းထန်တယ် ၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ဘက်က လေယာဥ်တစီးလာပြီး ဗုံးနှစ်လုံးချသွားတယ် ၊ ကန်ရွာထဲက တောင်ပိုင်း အရှေ့ဘက်က ရွာအဝင်မှာနေတဲ့ ဦးကိုကြီးရဲ့ အိမ်ပေါ် ကျတယ် ၊ နေအိမ် အဆောက်ဦး တလုံး ပျက်စီးသွားတယ် ၊ ကန်ရွာထဲမှာ လူမနေတာ သုံးလရှိပြီဆိုတော့…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၀ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက် 

  နိုဝင်ဘာ ၂၀ – ၂၀၂၃ SN (VOM)     နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းခဲ့ပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ဓာတ်ဆီဝယ်ယူရခက်နေပြီး တန်းစီ ဝယ်ယူနေရတဲ့အချိန်မှာဈေးနှုန်းအပြောင်းအလဲ နည်းခဲ့ပါတယ်။   လက်ရှိမှာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်လာသလို ပြည်တွင်းဘဏ်တွေမှာ အကန့်အသတ်နဲ့သာ ငွေထုတ်ပေးတော့ခြင်း၊ ဘဏ်ခွဲတချို့ ပိတ်သိမ်းခြင်း စတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ငွေထက်စိတ်ချရတဲ့ ရွှေဘက်မှာ ရင်းနှီးမြှုပ်နှံသူများပြားလာတဲ့အတွက် ရွှေဈေး ထိုးတက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။   တဖက်မှာလည်း ‌ငွေလဲနှုန်းတွေ မြင့်တက်နေပြီး တဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ ၃၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိခဲ့တာဖြစ်ပါတယ်။  …

Read More

မြန်မာ့အရေးဖြေရှင်းရေး အာဆီယံအတွက် အလွန်ခက်တဲ့ပြသနာလို့ ဖိလစ်ပိုင်သမ္မတပြော

  မနီလာ၊ နိုဝင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အာဆီယံအဖွဲ့ ဖြေရှင်းဖို့ခက်ခဲ့တဲ့ကိစ္စဖြစ်ပြီး တိုးတက်မှုအနည်းသာရှိခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့မှာ ကတိကဝတ်တွေရှိနေပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုတွေအပါအဝင် ပြသနာတွေဟာ ရှုပ်ထွေးနေကြောင်း ဖိလစ်ပိုင်သမ္မတက ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ “ အာဆီယံအတွက် ဒီပြသနာတွေကို ဖြေရှင်းဖို့ တွန်းအားအများကြီးရှိပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်ခက်ခဲ့တဲ့ ပြသနာတခုဖြစ်ပါတယ်” လို့ ဖာဒီနန်မားကို့စ်ဂျူနီယာကပြောပါတယ်။ ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို အစားထိုးပြီး ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ မြန်မာနဲ့အာဆီယံအဖွဲ့အကြား ရရှိထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝအကောင်အထည်မဖော်မချင်း အာဆီယံအစည်းအဝေးတွေမှာ မြန်မာခေါင်းဆောင်တွေတက်ရောက်ခွင့်…

Read More

ပြင်သစ်ဘုရင် နပိုလီယံရဲ့ ဦးထုပ်ကို ဒေါ်လာ ၂ ဒသမ ၁ သန်းနဲ့ လေလံတင်ရောင်းချ

  ပါရီ၊ နိုဝင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ၁၉ ရာစုက ပြင်သစ်အင်ပါယာကို အုပ်စိုးခဲ့တဲ့ ပြင်သစ်ဘုရင် နပိုလီယံဘိုနာပတ်ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ ဦးထုပ်တလုံးကို ပြင်သစ်နိုင်ငံ ပါရီမှာ ပြုလုပ်တဲ့ လေလံပွဲမှာ ဒေါ်လာ ၂ ဒသမ ၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒီဦးထုပ်ဟာ နပိုလီယံဝတ်ဆင်နေကြ ရိုးရာပုံစံဖြစ်ပြီး လေလံတင်ရောင်းချခဲ့တဲ့ ဦးထုပ်ဟာ နပိုလီယံပြည်နှင်ဒဏ်ခံခဲ့ရတဲ့ အယ်လ်ဘာကျွန်းကနေ မြေထဲံပင်လယ်ကို ဖြတ်ကျော်လွတ်မြောက်လာပြီးနောက် အာဏာရလာတဲ့ ၁၈၁၅ ခုနှစ်မှာ သူကိုယ်တိုင်ရေးထိုးထားတဲ့ တံဆိပ်တခုလည်း ပါဝင်ပါတယ်။ နပိုလီယံဟာ ဦးထုပ်မျိုး ၁၂၀ ပိုင်ဆိုင်တယ်လို့ ယုံကြည်ရပြီး ဒီထဲက ဦးထုပ်အလုံး ၂၀ ဟာ ယနေ့ခေတ်မှာ ကျန်ရှိနေသေးတယ်လို့ ယုံကြည်ရကာ အများစုကတော့ ပုဂ္ဂလိက စုဆောင်းသူတွေဆီမှာဖြစ်ပါတယ်။ လက်ရှိရောင်းချခဲ့တဲ့ဦးထုပ်ရဲ့ ဈေးနှုန်းဟာ ၂၀၁၄ ခုနှစ်မှာ ယူရို ၁ဒသမ ၈၈ သန်းရရှိခဲ့တဲ့…

Read More

ပခုက္ကူ – ပေါက် – ကျောက်ထု ကားလမ်းပေါ်က ယောချောင်းအမှတ် ၂ တံတား ၊ နှစ်လအတွင်း သုံးကြိမ် မိုင်ဒဏ်သင့်လို့ ကားလမ်းတွေ ပိတ်ထားရ

  နိုဝင်ဘာ ၂၀ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူ – ကမ္မ – ရေပြာ – ပေါက် – ကျောက်ထုကားလမ်းပိုင်းပေါ်မှာရှိတဲ့ ယောချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ အမှတ် ၂ ယောချောင်းတတား ခေါ် ရေပြာတံတား ခေါ် အုန်းတော တံတားဟာ ဒီ နှစ်လအတွင်း သုံးကြိမ် မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ယာဥ်အသွားအလာတွေ သွားမရတာကြောင့် ပခုက္ကူ – ပေါက် – ကျောက်ထု လမ်းတွေ ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပထမတကြိမ် ၊ မိုင်းခွဲခံရတယ် ၊ အချိန်တိုအတွင်း ပြုပြင်ပြီးနောက် ၊ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ ရသေးတယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW