အပစ်ရပ်ပြီးနောက် ကျောက်မဲ ငြိမ်းချမ်းရေးကုန်းနားမှာ တိုက်ပွဲဖြစ်

  ဇန်နဝါရီ ၁၃၊ ၂၀၂၄ Shy V (VOM) ယာယီ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမှာ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက နစကတပ် နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “အပစ်ခတ် ရပ်စဲဖို့ သဘောတူထားတာ ၂ ရက် မြှောက်နေ့ ပဲရှိသေးတယ် ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်မှာ စစ်တပ် နဲ့ TNLA တို့ အပြင်းအထန် တိုက်ပွဲ ပြန်ဖြစ်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကျောက်မဲကနေ မိုးကုတ်ဘက် အထွက်လမ်းဘက်ရှိ တအာင်းတပ်မတော် PSLF/TNLA တို့…

Read More

မုဒုံမြို့မှာ ကျောင်းကားမှောက်လို့ ကျောင်းသူ၊ကျောင်းသားတွေအပါအဝင် ၁၃ ယောက် ဒဏ်ရာရ

  ဇန်နဝါရီ ၁၃ – ၂၀၂၄ SN (VOM) မွန်ပြည်နယ်၊ မုဒုံမြို့မှာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ကျောင်းကြို/ပို့ကားတစီး တိမ်းမှောက်ပြီး ကျောင်းသူ၊ကျောင်းသားတွေ အပါအဝင် ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ဟာ မုဒုံမြို့၊ မော်သံလမ်း၊ ကော့ခပုံကျေးရွာ၊ အဇင်းစိုက်ပျိုးရေးခြံရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်‌ကြောပေါ်ကို ရောက်ရှိကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “လူနာကတော့ ၁၃ ယောက်ပေါ့။ ယာဉ်မောင်းလည်းပါတယ်။ ဒဏ်ရာရတဲ့သူတွေကို အရင်ဆုံး မုဒုံဆေးရုံကို ပို့တယ်။ ဒဏ်ရာများတဲ့ သူတွေကိုတော့ မုဒုံဆေးရုံကနေမှတဆင့် မော်လမြိုင်ဆေးရုံကို ပို့တာပါ။ ‌ဒဏ်ရာများတာက ယာဉ်မောင်းနဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ယောက်လောက်ပါ။…

Read More

ယူကရိန်းအတွက် ပေါင် ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ဗြိတိန်ပေးမယ်

ကိယက်ဗ်၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) ဗြိတိန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ပေါင် ၂ ဒသမ ၅ ဘီလီယံထောက်ပံ့မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က ကိယက်ဗ်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ ကတိပြုလိုက်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ အကြီးမားဆုံးကတိပြုမှုလည်းဖြစ်ပါတယ်။ ယူကရိန်းဟာ တနိုင်ငံတည်းအထီးကျန်မဟုတ်ကြောင်း၊ ယူကရိန်းမှာ ရုရှားအနိုင်ရခဲ့မယ်ဆိုရင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီမှာတင်ရပ်နေမှာမဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ကပြောပါတယ်။ ဗြိတိန်ရဲ့ ထောက်ပံ့မှုမှာ တာဝေးပစ်ဒုံးကျည်တွေ ၊လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်ထောက်ပံ့မှုတွေပါဝင်ပြီး ဒရုန်းတွေအတွက် ပေါင်သန်း ၂၀၀ ထိအသုံးပြုမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဧပြီလမှာစတင်မယ့် ဘဏ္ဍာရေးနှစ်သစ်မှာ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီအကူအညီထဲမှာ ဗြိတိန်ထုတ် ဒရုန်းတွေလည်းပါဝင်ပြီး ဒါဟာ ဘယ်နိုင်ငံကိုမှမပေးဘူးသေးတဲ့ ဒရုန်းအများဆုံး ထောက်ပံ့မှုလည်းဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာ…

Read More

အမေရိကန်နိုင်ငံတဝန်းမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြီး ဝင်ရောက်နေ

  ဝါရှင်တန်၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြီးဟာ အမေရိကန်တဝန်းကို စတင်ဝင်ရောက်နေပြီး ယခုသီတင်းပတ်ကုန်မှာ အန္တရာယ်ရှိတဲ့ အအေးဒဏ်နဲ့ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်လာနိင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဆိုးရွားတဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေဆင်နှာမောင်းဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အမျိုးသားမိုးလေဝသဌာနက ပြည်နယ်တိုင်းမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှာ ပြည်နယ်မဲဆွယ်ပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတဲ့ အိုင်အိုဝါပြည်နယ်မှာ အပူချိန် အနှုတ် ၄၂ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး သီတင်းပတ်အနည်းငယ်အတွင်း တတိယမြောက် မုန်တိုင်းလည်းဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူက ပြည်နယ်အနောက်ပိုင်းမှာ မုန်တိုင်းမဝင်ရောက်မီ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး မုန်တိုင်းဟာ တက္ကဆက်မှ နယူးယောက်ထိ တနာရီ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၁ ကျပ် ဝယ်ဈေး – ၄၇၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တရုတ်နဲ့ ဆက်ဆံရေးအပြောင်းအလဲဖြစ်နိုင်တဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်

  တိုင်ပေ၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံနဲ့ အနာဂါတ်ဆက်ဆံရေး အပြောင်းအလဲဖြစ်ပေါ်နိုင်ဖွယ်ရှိတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ထိုင်ဝမ်ပြည်သူ ၁၉ ဒသမ ၅ သန်းဟာ မဲရုံတွေမှာ မဲပေးနေကြပြီး အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာကို ကာကွယ်ရေးအတွက် တရုတ်နဲ့ အမြဲထိပ်တိုက်တွေ့နေပါတယ်။ ပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင်ဟာ ထိုင်ဝမ်ကို ဒုက္ခရောက်စေသူလို့ တရုတ်က တံဆိပ်ကပ်ထားပြီး ပြည်သူတွေအနေနဲ့ သူ့ကို မဲမပေးဖို့ တိုက်တွန်းမှုတွေလည်းရှိခဲ့ပါတယ်။ တဖက်မှာလည်း ထိုင်ဝမ်အဓိက အတိုက်အခံကူမင်တန်ပါတီကတော့ တရုတ်နဲ့ ဆက်ဆံရေးအားကောင်းစေရေး၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကတိပေးထားပါတယ်။ တတိယပါတီကြီးတခုကလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပေမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်ပါတီက ဝီလျံလိုင်နဲ့ ကူမင်တန်ပါတီက ဟိုယူအိုင်ချ်တို့ကြား အဓိကပြိုင်ဆိုင်ရမယ်လို့ ရွေးကောက်ပွဲ သဘောထားစစ်တမ်းတွေက ဖော်ပြထားပါတယ်။ ထိုင်ဝမ်ဟာ…

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းမှု၊ လွှတ်တော်ကို ထောက်ခံသူများဝင်ရောက်စီးနှင်းမှုတို့ကို အားပေးမှုတို့ဖြင့် လွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်၌ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ၎င်းသည် နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Read More

ကျိုက်ထိုမြို့က အင်းဝဘဏ် တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေး ပြည်သူ့စစ် တယောက်သေ ၊ အရပ်သူ တယောက် ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၂ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ကန့်ကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ အင်းဝဘဏ်ကို ဒီကနေ့ ၊ နေ့လယ်ပိုင်းက လာရောက်တိုက်ခိုက်တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တယောက် ထိခိုက်သေဆုံးပြီး ၊ လမ်းသွားလမ်းလာ အရပ်သား တယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ” ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ insight အမျိုးအစား အနက်ရောင်ကားတစီးနဲ့ အဖြူရောင်ကားတစီးပေါ်ကနေ အင်းဝဘဏ်ကို ပစ်သွားတာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျိုက်ထိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်က…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၈၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၈၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW