တရုတ်အလယ်ပိုင်းမှာ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက်သေဆုံး၊ ခြောက်ယောက် ပျောက်ဆုံးနေ

  ပေကျင်း၊ ဇန်နဝါရီ-၁၄-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အလယ်ပိုင်း ပင်ဒင်ရှန်မြို့မှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက် ထက်မနည်း သေဆုံးပြီး ခြောက်ယောက်ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Pingdingshan Tianan Coal Mining ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မိုင်းတွင်းမှာ ကျောက်မီးသွေးနဲ့ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် မတော်တဆမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲမှု ဗျူရိုက ထုတ်ပြန်ထားသည်။ မတော်တဆမှုဖြစ်ပွားချိန်မှာ အလုပ်သမား ၄၂၅ ယောက်ဟာ မြေအောက်မှာ အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကို ကယ်တင်ဖို့နဲ့ မတော်တမဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဟီနန်ပြည်နယ်ရှိ ကျောက်မီးသွေးကြွယ်ဝသော ပင်ဒင်ရှန်မှာ အဲဒီမတော်တဆမှုဖြစ်ပွားပြီးနောက် ဘေးကင်းရေး စစ်ဆေးမှုတွေကြောင့် ကျောက်မီးသွေးထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုကို ထိခိုက်စေနိုင်ပါတယ်။ နိုင်ငံတွင် ကျောက်မီးသွေးအကြီးအကျယ်ထုတ်လုပ်ရာ ရှန်ဇီမှာ သတ္တုတွင်းမတော်တဆမှုတွေကြောင့် သေဆုံးသူ မြင့်တက်လာတာကြောင့် အစိုးရက ဘေးကင်းလုံခြုံရေးစစ်ဆေးမယ်လို့…

Read More

ဟွန်ဒီစနစ်နဲ့ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖော်ထုတ် အရေးယူနေတယ်လို့ ဗဟိုဘဏ် ပြော

ဇန်နဝါရီ ၁၅ – ၂၀၂၄ SN (VOM) ပြည်ပကနေ မြန်မာနိုင်ငံကို ဟွန်ဒီစနစ်နဲ့ ငွေပေးပို့ခြင်း၊ ပြည်တွင်းမှာ ငွေကြေးကို ဟွန်ဒီနဲ့ ထုတ်ပေးခြင်း ပြုလုပ်နေတဲ့ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖော်ထုတ် အရေးယူနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။ ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်စောင့်ကြည့်နေတဲ့ နစကရဲ့ ငွေလွှဲစနစ်တွေကနေ ကင်းလွတ်အောင် ဟွန်ဒီငွေလွှဲစနစ်ကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ပြန်ပြီးတော့ အသုံးပြုလာကြတဲ့အတွက် ဒါတွေကို ဖော်ထုတ် အရေးယူနေတယ်လို့ ဗဟိုဘဏ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တရားမဝင် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်နေမှုတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ တရားစွဲဆို အရေးယူဝာာတွေ ပြုလုပ်နေတယ်လို့ ဗဟိုဘဏ်က ဇန်နဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယာယီပိတ်ထားခံရတဲ့ မင်္ဂလာဆေးရုံ ပြန်လည်ဖွင့်လှစ်

မန္တလေး၊ ဇန်နဝါရီ- ၁၄- ၂၀၂၄ SA(VOM) ပြီးခဲ့တဲ့နှစ် ၂၀၂၃ သြဂုတ်လ ၂၅ ရက်နေ့က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနဲ့ ၅၈ လမ်းထောင့်မှာရှိတဲ့ ပုဂ္ဂလိကပိုင် မင်္ဂလာဆေးရုံကို CDM ဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုပြီး သက်ဆိုင်ရာက သုံးလယာယီပိတ်ထားခဲ့တဲ့နောက် မနေ့၊ ဇန်နဝါရီ ၁၃ ရက်နေ့မနက်ပိုင်းက ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာဆေးရုံကို VOM က ဆက်သွယ်မေးမြန်းနဲ့အခါမှာ ” ဆေးရုံပြန်ဖွင့်ပါပြီ မနေ့ ဇန်နဝါရီမနက် ၇ နာရီကစပြီး ကျန်းမာရေးဝန်ဆောင်မှုတွေစတင် လုပ်ဆောင်ပေးနေပါပြီ။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ သြဂုတ်လမှာ ဆေးရုံပိတ်တာမှန်ပါတယ်။ ဘယ်လိုညှိနှိုင်းမှုတွေရှိတယ်ဆိုတာကတော့ ဆေးရုံဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးတော့မှ ဖြေကြားလို့ရပါမယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မန္တလေးမြို့က ဆေးရုံတွေဖြစ်တဲ့ နန်းေတာ်ဆေးရုံ၊…

Read More

အိမ်ဖြူတော်မသိအောင် ဆေးရုံတက်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံက မဆင်းရသေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၄-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတက်ဟာ ဆီးကျိတ်ကင်ဆာနဲ့ပတ်သက်ပြီး ကုသမှုခံယူပြီးနောက် ဆေးရုံမှာ အခြေအနေကောင်းမွန်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ မစ္စတာ အော်စတင်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်အချို့ကို ပြန်လည်ထမ်းဆောင်နေပြီး သူ့ရဲ့ ထိပ်တန်းတာဝန်ရှိသူူတွေနဲ့ အဆက်အသွယ်ရှိနေပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကမ္ဘာတဝန်း နေ့စဉ်လုပ်ဆောင်ဆောင်ရွက်မှုတွေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အသက် ၇၀ အရွယ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဒီဇင်ဘာနှောင်းပိုင်းက ခွဲစိတ်မှုနောက်ဆက်တွဲအခြေအနေကြောင့် ဇန်နဝါရီ ၁ ရက်မှာ အထူးကြပ်မတ်ကုသမှုဌာနမှာာ တက်ရောက်ကုသခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို အိမ်ဖြူတော်နဲ့ ထိပ်တန်းကာကွယ်ရေးတာဝန်ရှိသူတွေက သုံးရက်ကြာတဲ့ထိ မသိရှိခဲ့ပါဘူး။ ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအောက်မှာသာရှိနေပြီး အစိုးရအဖွဲ့ရဲ့ အရေးအကြီးဆုံးဝန်ကြီးတယောက်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီလို့ လျှို့ဝှက်စွာ ဆေးရုံတက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးရဲ့ ကျန်းမာရေးပြသနာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။…

Read More

This Day in History

Voice of Myanmar အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်အက် အင်န်တာပရိုက်စ်သည် ပုလဲဆိပ်ကမ်းတွင် ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်၌ ဒုံးကျည်တစ်စင်း မတော်တဆပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်ရှိ တိုက်လေယာဉ် ၁၅ စင်းပျက်စီးပြီး လူ ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ၂၇ ယောက်သေဆုံးခဲ့သည်။

Read More

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီရှုံးနိမ့်ပြီး အာဏာရပါတီမှ ဝီလျံလိုင် အနိုင်ရ

  တိုင်ပေ၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) ဒီနေ့ကျင်းပတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံကူမင်တန်ပါတီက ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီးနောက် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက ဝီလျံလိုင်က ကရွေးကောက်ပွဲအနိုင်ရပြီး သမ္မတသစ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံကူမင်တန်ပါတီက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကတိကဝတ်တွေပြုခဲ့ပြီး တရုတ်နိုင်ငံကလည်း ဝီလျံလိုင်ဟာ ဒုက္ခပေးမယ့်သူတယောက်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။ ဝီလျံလိုင်ကတော့ ထိုင်ဝမ်ကို တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်သွားမှာဖြစ်ပြီး ပိုနေမြဲ ကျားနေမြဲအခြေအနေကိုလည်း ထိန်းသိမ်းသွားမှာဖြစ်ကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ရေးထက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲဆွယ်စည်းရုံးရေးမှာ ဝီလျံလိုင်က ပြောဆိုထားပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီကို ထိန်းသိမ်းဖို့၊ ထိုင်ဝမ်နဲ့လွတ်လပ်ခွင့်ကို ချစ်တဲ့စိတ်ကို ဘယ်လိုစိန်ခေါ်မှုနဲ့ ဖိအားတွေကမှ ဖြိုခွင်းနိုင်မှာမဟုတ်ဘူးဆိုတာ ကမ္ဘာကိုပြသလိုက်တာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပါတီထောက်ခံသူတွေကို ပြောပါတယ်။ “ ကမ္ဘာကြီးက…

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းနား ရောက်လာ

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၃ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW