တရုတ်အလယ်ပိုင်းမှာ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက်သေဆုံး၊ ခြောက်ယောက် ပျောက်ဆုံးနေ

 

ပေကျင်း၊ ဇန်နဝါရီ-၁၄-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံ အလယ်ပိုင်း ပင်ဒင်ရှန်မြို့မှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက် ထက်မနည်း သေဆုံးပြီး ခြောက်ယောက်ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Pingdingshan Tianan Coal Mining ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မိုင်းတွင်းမှာ ကျောက်မီးသွေးနဲ့ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် မတော်တဆမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲမှု ဗျူရိုက ထုတ်ပြန်ထားသည်။

မတော်တဆမှုဖြစ်ပွားချိန်မှာ အလုပ်သမား ၄၂၅ ယောက်ဟာ မြေအောက်မှာ အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကို ကယ်တင်ဖို့နဲ့ မတော်တမဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

ဟီနန်ပြည်နယ်ရှိ ကျောက်မီးသွေးကြွယ်ဝသော ပင်ဒင်ရှန်မှာ အဲဒီမတော်တဆမှုဖြစ်ပွားပြီးနောက် ဘေးကင်းရေး စစ်ဆေးမှုတွေကြောင့် ကျောက်မီးသွေးထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုကို ထိခိုက်စေနိုင်ပါတယ်။

နိုင်ငံတွင် ကျောက်မီးသွေးအကြီးအကျယ်ထုတ်လုပ်ရာ ရှန်ဇီမှာ သတ္တုတွင်းမတော်တဆမှုတွေကြောင့် သေဆုံးသူ မြင့်တက်လာတာကြောင့် အစိုးရက ဘေးကင်းလုံခြုံရေးစစ်ဆေးမယ်လို့ ုထုတ်ပြန်ပြီးနောက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျောက်မီးသွေးဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW