မိုးမိတ်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ

ဇန်နဝါရီ ၊ ၁၉ ၊ ၂၀၂၄
SP ( VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်ပြည်နယ် အစပ်က မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကစလို့ ဒီကနေ့အထိ တိုက်ပွဲတွေပြင်ထန်နေတာကြောင့် မိုးမိတ်နယ်ခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမိတ်ဒေသခံ တယောက်က ” မိုးမိတ်နယ်မှာ ပြီးခဲ့တဲ့ ၁၅ ရက် ၊ ၁၆ ရက်ကစလို့ တိုက်ပွဲတွေ စဖြစ်နေတယ် ၊ စဖြစ်တုန်းက မိုးမိတ်မြို့နယ်၊ မန်ပတ်၊ မန်ဖွယ်၊ အုန်းချောနဲ့ ရွှေဇာလီဘက်တွေမှာ အရင်းဖြစ်တယ် ၊ မနေ့ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မြို့ပေါ်ကို ရောက်လာတယ် ၊ အဲ့ဒီနောက် မြို့ပေါ်မှာ နှစ်ဘက်ပစ်ခတ်မှုတွေ ပြင်းထန်လာတယ် ၊ ဒီမနက်ဆို ရဲစခန်းနားမှာ ပစ်နေတယ်လို့ ကြားရတယ် ၊ မိုးမိတ်နယ်ထဲမှာ တိုက်ပွဲတွေ စဖြစ်တဲ့အချိန်ကစလို့ ၊ ဒေသခံတွေက ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ် ၊ တချို့လည်း ကချင်ပြည်နယ် ဗန်းမော် ခရိုင်ဘက်ကို ပြေးကြရတယ် ၊ တချို့လည်း မန္တလေး တိုင်းဘက်က မိုးကုတ်နယ်ဘက်ကို သွားကြတယ် ၊ အဲ့ဒီအထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ အများစုဖြစ်တယ် ၊ ပြီးခဲ့တဲ့ ၁၅ ရက်နောက်ပိုင်း မိုးမိတ်မြို့မှာ ရုံးဌာနတွေ ရပ်တန့်သွားတယ် ၊ နောက်ပြီး စျေးနဲ့ ကျောင်းတွေလည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။

မိုးမိတ်မြို့ဟာ ခရိုင်မြို့ဖြစ်ပြီး ၂၀၁၉ လူဦးရေစာရင်းအရ ၆၅၅၂၉ နေထိုင်လျက်ရှိပြီး အဲ့ဒီ လူဦးရေးအနက် သုံးပုံ ၊ နှစ်ပုံကျော်ဟာအခုအလတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး ခိုလှုံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့ကနေ မိုးကုတ်မြို့နယ်ဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒေသခံတယောက်က ” မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့ဟာ ၂၈ မိုင်ပဲ ဝေးတယ် ၊ မိုးကုတ်ဘက်မှာ အလတ်တလော ခိုလှုံလာတဲ့သူ တသောင်းလောက်ရှိတယ် ၊ မိုးကုတ်နဲ့ မိုးမိတ်က သိပ်မဝေးတာကြောင့် မိုးကုတ်ဘက်မှာလည်း တိုက်ပွဲတွေ ကူးစက်လာနိုင်မယ်ထင်လို့ ၊ မိုးကုတ်မှာ ရောက်နေတဲ့ တတ်နိုင်သူတချို့က မန္တလေးဘက်ကို ဆင်းသွားကြတယ် ၊ အရေအတွက်များတယ်.” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်စလို့ မိုးမိတ်မြို့မှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ နစက လုံခြုံရေး တပ်ဖွဲ့တွေကြား ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူနေအဆောက်ဦးတွေ ထိခိုက်ပျက်စီးတာအပြင် ဒေသခံ အရပ်သားတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW