ေတာင်ကိုရီးယားကားကြည့်မိတဲ့ မြောက်ကိုရီးယားလူငယ်နှစ်ယောက် ထောင် ၁၂ နှစ်ကျ

  ပြုံးယမ်း၊ ဇန်နဝါရီက-၂၀-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယား အာဏာပိုင်တွေဟာ တောင်ကိုရီးယားဇာတ်လမ်းတွေကြည့်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်နှစ်ယောက်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းက ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ ကျောင်းသားတွေရာချီရှိနေတဲ့ ပြင်ပအားကစားကွင်းတခုမှာ လက်ထိပ်ခတ်ထားတဲ့အသက် ၁၆ နှစ်အရွယ် ယောက်ကျားလေးနှစ်ယောက်ကို ပြသထားပါတယ်။ သူတို့အမှားကို လေးလေးနက်နက် မတွေးတောဘဲ လုပ်ခဲ့တဲ့ကိစ္စအပေါ် မြောက်ကိုရီးယား ယူနီဖောင်းဝတ်အရာရှိတွေက ပြစ်တင်ပြောဆို နေတာကိုလည်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီရုပ်သံမှတ်တမ်းကို မြောက်ကိုရီးယားက ဘက်ပြောင်းခိုလှုံလာသူတွေကို ကူညီပေးနေတဲ့ South and North Development (Sand) အဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေးတွေကို မကြာဖို့ မြောက်ကိုရီးယားမှာ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အချို့သော လူငယ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပရိတ်သတ်တွေ အခိုင်အမာရရှိထားတဲ့ ကိုရီးယားဇာတ်လမ်းနဲ့ ဖျော်ဖြေရေးတွေကို ကြည့်ရှုဖို့အတွက်…

Read More

မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြို့မဈေးကြီး မီးလောင်

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့မှာ ဒီကနေ့မနက်ထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး မနေ့ညက မြို့မဈေးကြီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးမိတ်မြို့ခံတယောက်က ” ပစ်ခတ်မှုတွေက ဆက်လက်ရှိနေတုန်းပဲ ၊ မြို့မရဲစခန်းဘက်မှာတော့ ပြင်းထန်နေတယ် ၊ ညက မြို့မဈေးကြီး မီးလောင်ပျက်စီးတယ် ၊ ဆိုင်ခန်းတွေ အားလုံးနဲ့ ကုန်ပစ္စည်းတွေ အားလုံး ပျက်စီးသွားတယ် ၊ ဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ချီရှိနိုင်တယ် ၊ သက်ဆိုင်ရာက ပျက်စီးဆုံးရှုံးမှုတန်ဖိုး အခုထိ ထွက်ပေါ်လာတာ မရှိသေးဘူး ၊ မိုးမိတ်မှာက အရပ်ဘက်ရုံးဌာနတွေ အကုန်လုံးနီးပါးက ပိတ်ထားရတယ် ၊ အဲ့ဒီ…

Read More

မျှော်လင့်စရာမရှိသေးတဲ့ မြန်မာ့ခရီးသွားကဏ္ဍ

၂၀-၁-၂၀၂၄ SN (VOM) မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပြည်ပခရီးသွား ဝင်ရောက်မှုဟာ ၂၀၀၃ ခုနှစ်မှ စတင်ကာ ၂၀၀၆ ခုနှစ်အထိ အားကောင်းခဲ့ပါတယ်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ ခရီးသွားကဏ္ဍ တိုးတက်မှုနှုန်း ပြန်ကျသွားခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၁၉ ခုနှစ်အထိ ပြန်လည်ပြီး အားအလွန်ကောင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တနှစ်တည်းမှာတင် ပြည်ပခရီးသွား ဝင်ရောက်မှု ၄ ဒသမ ၄ သန်းလောက်အထိ ရှိခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိအချိန်အထိ မြန်မာ့ခရီးသွားကဏ္ဍရဲ့ ပြည်ပခရီးသွား ဝင်ရောက်မှုအခြေအနေဟာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ပခရီးသွားနဲ့ ပြည်တွင်းခရီးသွားကဏ္ဍဆိုပြီး နှစ်မျိုး ရှိတဲ့အထဲကမှ ပြည်ပ ခရီးသွားကဏ္ဍကတော့ ကိုဗစ်-၁၉ ကာလ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၀ ရက်) Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး –…

Read More

ပြည်တွင်းရွှေစျေး ၃၈ သိန်းဝန်းကျင်ထိ မြင့်တက်လာ

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၂၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၂၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၂၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၂၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိုးရေးမြို့မှာ အိန္ဒိယ စစ်တပ်နဲ့ ကူကီး လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်လို့ တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP (VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေတည်ရှိရာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် မနက်အစောပိုင်းကစလို့ ဒီကနေ့အထိ ဒေသတွင်း လက်နက်ကိုင် ကူကီးအဖွဲ့တွေနဲ့ အိန္ဒိယ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ထားရတယ်လို့ နယ်စပ်ကုန်သည်ကြီးတွေဆီက သိရပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ နယ်စပ်ကုန်သည် ဦးဂျမားက ” မြန်မာ နယ်စပ်က မိုးရေးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် ၊ နှစ်ဘက်ထိခိုက် သေဆုံးမှုတွေရှိတယ် ၊ မနေ့ကတိုက်ပွဲမှာ အသက် ၃၅-နှစ်နဲ့ ၃၈-နှစ်အရွယ် ကျဆုံး…

Read More

ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံး

` မနီလာ၊ ဇန်နဝါရီ-၂၀-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကို ဒေသခံသုံးသိန်းနီးပါး ရင်ဆိုင်နေရပြီး မင်နာဒါအိုကျွန်းမှာ ကာလအတန်ကြာ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း လူ ၁၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံအရှေ့ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်မှာလည်း မြေပြိုမှုကြောင့် နေအိမ်နှစ်လုံးထိခိုက်ခဲ့ပြီး အသက်တနှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ကလေးငါးယောက်သေဆုံးခဲ့ပြီး လူတယောက်ပျောက်ဆုံးနေပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဟာ မိုင်းတွင်းတွေရှိတဲ့ တောင်တန်းဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပြိုမှုကြောင့် သတ္တုတွင်းအလုပ်သမားတွေ နေထိုင်ရာဒေသတွေကိုလည်း ထိခိုက်ခဲ့ပါတယ်။ မင်နာဒါအိုကျွန်းရှိ ပြည်နယ်လေးခုစလုံးမှာ ဖြစ်ပွားနေတဲ့ မိုးရွာသွန်းမှုကြောင့် ဒေသခံ နှစ်သိန်း ခုနှစ်သောင်းကျော် ထိခိုက်ခဲ့ရကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားသည်။ Ref:NHK Photo:AFP    

Read More

This Day in History

Voice of Myanmar အမေရိကန် ဒီမိုကရက်တစ် နိုင်ငံရေးသမား ကမလာဟားရစ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဒုတိယသမ္မတဖြစ်လာပြီး အမေရိကန်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ပထမဆုံးအမျိုးသမီး ဖြစ်လာသည်။။

Read More

ရခိုင်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေ ရပ်တန့်နေ

  ဇန်နဝါရီ ၁၉ – ၂၀၂၄ SN (VOM) ရခိုင်က မြို့နယ်အများအပြားမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ် တောက် နေတဲ့အတွက် လက်ရှိမှာ ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ် တောက်သွားတာ ကြောင့်လက်ရှိမှာ စစ်တွေရှိ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နဲ့ ရိုးမဘဏ်တွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေသလို Wave Money, KBZpay စတဲ့ မိုဘိုင်း ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။ “အခုက ဖုန်းလိုင်းက Mytel တမျိုးပဲရတာ။ Mytel တောင်မှ ဖုန်းပြောဖို့အတွက်ပဲရတာ၊ အင်တာနက်မရဘူး။ အူရီဒူးကတော့…

Read More

ပြည်တွင်းရွှေစျေး ဆက်လက် မြင့်တက်လာ

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၉ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW