ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံး

`

မနီလာ၊ ဇန်နဝါရီ-၂၀-၂၀၂၄
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကို ဒေသခံသုံးသိန်းနီးပါး ရင်ဆိုင်နေရပြီး မင်နာဒါအိုကျွန်းမှာ ကာလအတန်ကြာ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း လူ ၁၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံအရှေ့ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်မှာလည်း မြေပြိုမှုကြောင့် နေအိမ်နှစ်လုံးထိခိုက်ခဲ့ပြီး အသက်တနှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ကလေးငါးယောက်သေဆုံးခဲ့ပြီး လူတယောက်ပျောက်ဆုံးနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဟာ မိုင်းတွင်းတွေရှိတဲ့ တောင်တန်းဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပြိုမှုကြောင့် သတ္တုတွင်းအလုပ်သမားတွေ နေထိုင်ရာဒေသတွေကိုလည်း ထိခိုက်ခဲ့ပါတယ်။

မင်နာဒါအိုကျွန်းရှိ ပြည်နယ်လေးခုစလုံးမှာ ဖြစ်ပွားနေတဲ့ မိုးရွာသွန်းမှုကြောင့် ဒေသခံ နှစ်သိန်း ခုနှစ်သောင်းကျော် ထိခိုက်ခဲ့ရကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားသည်။

Ref:NHK
Photo:AFP

 

 

Related posts

Leave a Comment

VOM News

FREE
VIEW