ေတာင်ကိုရီးယားကားကြည့်မိတဲ့ မြောက်ကိုရီးယားလူငယ်နှစ်ယောက် ထောင် ၁၂ နှစ်ကျ

 

ပြုံးယမ်း၊ ဇန်နဝါရီက-၂၀-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယား အာဏာပိုင်တွေဟာ တောင်ကိုရီးယားဇာတ်လမ်းတွေကြည့်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်နှစ်ယောက်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ ကျောင်းသားတွေရာချီရှိနေတဲ့ ပြင်ပအားကစားကွင်းတခုမှာ လက်ထိပ်ခတ်ထားတဲ့အသက် ၁၆ နှစ်အရွယ် ယောက်ကျားလေးနှစ်ယောက်ကို ပြသထားပါတယ်။

သူတို့အမှားကို လေးလေးနက်နက် မတွေးတောဘဲ လုပ်ခဲ့တဲ့ကိစ္စအပေါ် မြောက်ကိုရီးယား ယူနီဖောင်းဝတ်အရာရှိတွေက ပြစ်တင်ပြောဆို နေတာကိုလည်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီရုပ်သံမှတ်တမ်းကို မြောက်ကိုရီးယားက ဘက်ပြောင်းခိုလှုံလာသူတွေကို ကူညီပေးနေတဲ့ South and North Development (Sand) အဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေးတွေကို မကြာဖို့ မြောက်ကိုရီးယားမှာ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် အချို့သော လူငယ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပရိတ်သတ်တွေ အခိုင်အမာရရှိထားတဲ့ ကိုရီးယားဇာတ်လမ်းနဲ့ ဖျော်ဖြေရေးတွေကို ကြည့်ရှုဖို့အတွက် ပြစ်ဒဏ်တွေကို လျစ်လျူရှုပြီး စွန့်စားမှုတွေရှိနေပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတွင်းက ဓါတ်ပုံ၊ ရုပ်သံမှတ်တမ်းတွေနဲ့ပတ်သက်ပြီး ပြင်ပကမ္ဘာကို မပေါက်ကြားဖို့ တားမြစ်ထားတာကြောင့် ယခုရုပ်သံမှတ်တမ်းဟာ ရှားရှားပါးပါးဖြစ်ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW