ကောလင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်း ပိတ်ထားပြန်

 

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ် ၊ ကျောက်တန်းကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ယာယီ ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းမှာ ၊ ရွှေဘိုကနေ အင်းတော်မြို့အထိ ကြားမှာ ၊ မိုင် နှစ်ရာကျော်လောက်အထိ လမ်းမှာ ဘယ်မြို့မှ မရှိဘူး ၊ ရွှေဘိုမြို့ကနေ မိုင် ၁၂၅ လောက်မှာ ကောလင်းမြို့ဆီ လမ်းခွဲတခုရှိတယ် ၊ အဲ့ဒီနေရာက ကားတွေရပ်နားရာ နေရာဖြစ်တယ် ၊ အဲ့ဒီနေရာကို ကျောက်တန်းရွာ လမ်းခွဲလို့လည်း ခေါ်တယ် ၊ ဒီကနေ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာက အဲ့ဒီ ကျောက်တန်းရွာနားမှာ ဖြစ်တယ်လို့ကြားရတယ် ၊ အဲ့ဒါကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ခရီးသွားကားတွေ အားလုံးကို ကုက္ကိုကုန်းနဲ့ ညောင်ကုန်းရွာ ဒေသအခေါ် ၈၈ မိုင်ကနေ လမ်းပိတ်ထားတယ် ” လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။

ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ဖော်လုပ်ထားပြီး စစ်ကိုင်းတိုင်းအတွင်းမှာ အရှည်လျားဆုံး ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက အဲ့ဒီ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ကန့်ဘလူမြို့နယ် ၊ ငှက်ပျော်တိုင်း ကျေးရွာ ပြည်သူ့စစ် ဂိတ်စခန်းနဲ့ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ရဲစခန်း အပါအဝင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက နန့်စီးအောင် ဂိတ်စခန်း စတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ပွားလို့ ကားလမ်းတွေပိတ်ထားခံပြီး ခရီးသွားကားတွေ ရာနဲ့ချီပိတ်တာမျိုး ဖြစ်ရတယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW