ဟားမတ်စ်အဖွဲ့ လက်ထောက်ခေါင်းဆောင်ကို လက်ဘနွန်မှာ အစ္စရေးလုပ်ကြံသတ်ဖြတ်

  တဲလ်အဗစ်၊ ဇန်နဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) ဟားမတ်စ်ခေါင်းဆောင်တယောက်ကီု ဘေရွတ်တွင် လုပ်ကြံသတ်ဖြတ်မှု လက်ဘနွန်ကို ရန်စတိုက်ခိုက်တာမဟုတ်ပဲ ရန်သူတွေကို ပြစ်ဒဏ်ပေးခြင်းသာဖြစ်တယ်လို့ အစ္စရေးက အခိုင်အမာပြောဆိုပါတယ်။ ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးအတွင်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် ဆာလက်အယ်လ်အာရူရီ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်နိုင်ငံရေးခေါင်းဆောင်ဟာ ဘေရွတ်တောင်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တပ်မှူးနှစ်ယောက် အခြားလေးယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ လက်ဘနွန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ကာဆမ်တပ်မဟာတွေ၊ ဟားမတ်စ်ရဲ့လက်နက်ကိုင်အဖွဲ့တွေကြားမှာ ထင်ရှားသူဖြစ်ပြီး ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာာနီယာ့ရဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်ကာ ဟားမတ်စ်နဲ့ ဟဇ်ဘိုလာအဖွဲ့ကြား ဆက်သွယ်ရေးအဖွဲ့ လက်ဘနွန်မှာရှိနေတာဖြစ်ပါတယ်။ အာရူရီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဟားမတ်စ်တို့က ပြစ်တင်ရှုတ်ချထားပြီး သူ့မဟာမိတ် ဟဇ်ဘိုလာအဖွဲ့ကတော့ ဒါဟာ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ လက်ဘနွန်ဝန်ကြီးချုပ်က အစ္စရေးဟာ လက်ဘနွန်ကို ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းပေါ် ဆွဲတင်နေတယ်လို့…

Read More

This Day in History

Voice of Myanamr အမေရိကန် အခြေစိုက် Apple ကုမ္ပဏီကို စတိဗ်ဂျော့နှင့် စတိဗ်ဝါဇနီရက်တို့က ၁၉၇၇ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ကွန်ပြူတာနှင့် အီလက်ထရွန်းနစ် နည်းပညာနယ်ပယ်တွင် ထိပ်တန်းကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

Read More

ဂျပန်မှာ ခရီးသည်တင်လေယာဉ်နဲ့ ကမ်းခြေစောင့်တပ်လေယာဉ် တိုက်မိတာကြောင့် လူငါးယောက်သေဆုံး

  တိုကျို၊ ဇန်နဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ ဂျပန်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တို့ တိုက်မိပြီး လူငါးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ တိုက်မိတဲ့ ခရီးသည်တင်လေယာဉ်ဟာ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှာ မီးလောင်မှုဖြစ်ခဲ့ပေမယ့် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေအားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ ခရီးသည်တင်လေယာဉ်ဟာ ဟော့ကိုင်းဒိုးရှိ နယူးချီတသွိုဆီလေဆိပ်ကနေ ဟာနီဒါလေဆိပ်ကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် ၅၁၆ ဖြစ်ပြီး ကလေးငယ်ရှစ်ယောက် လေယာဉ်အမှုထမ်း ၁၂ ယောက်အပါအဝင် လူ ၃၆၇ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ခရီးသည်တင်လေယာဉ်နဲ့ တိုက်မိခဲ့တာဟာ ကမ်းခြေစောင့်တပ်အမှုထမ်း ခြောက်ယောက်လိုက်ပါသွားတဲ့ MA722 အမျိုးအစားလေယာဉ်ဖြစ်ပြီး လေယာဉ်မှူးက ခုန်ထွက်နိုင်ခဲ့ပေမယ့် ကျန်အမှုထမ်းငါးယောက် သေဆုံးခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နဲ့ပတ်သက်ပြီး နီဂါတာစီရင်စုကို ကူညီရေးပစ္စည်းတွေပို့ဖို့ သွားရောက်မယ့်လေယာဉ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Ref:NHK…

Read More

သာယာဝတီမင်း မတဲဒေးဝန်း နန်းတော် တွင် စံတော်မူခြင်း

  ဆူးငှက် ကုန်းဘောင်မင်းဟူ၍ လည်းကောင်း ရွှေဘိုမင်း ဟူ၍လည်းကောင်း ထင်ရှားသော သာယာဝတီမင်းသည် ကုန်းဘောင် ရှစ်ဆက်မြောက် မင်းဖြစ်သည်။ အင်းဝမြို့မှ အမရပူရမြို့သို့ ပြောင်းရွှေ့၍ ဒုတိယကြိမ် ထပ်မံ တည်တော်မူ သဖြင့် အမရပူရ ဒုတိယမြို့တည် နန်းတည် မင်းတရားကြီးဟုလည်း ခေါ်တွင်သည်။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဘုရား၏ သားတော်ကြီး မဟာဥပရာဇာ အိမ်ရှေ့မင်းကြီးနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော် လေးပါးအနက် မြန်မာသက္ကရာဇ် ၁၁၄၈-ခုနှစ် တပေါင်းလပြည့်ကျော် (၁ဝ)ရက် ညဉ့်တစ်ချက်တီးကျော် ၁၁ ရက် ဗုဒ္ဓဟူးနေ့သို့အဝင် ဖွားမြင်တော်မူသော ဒုတိယအငယ်ဆုံး သားတော်ဖြစ်သည်။ ရတနာပူရ အင်းဝ၏ စတုတ္ထမြို့တည် ဘကြီးတော် မင်းတရားကြီး၏ ညီတော်ရင်း လည်းဖြစ်သည်။ ဘိုးတော်နောင်တော်တို့ လက်ထက် သရက်၊ သာယာဝတီမြို့များကို ကံကျွေးခံရပြီးလျှင် အထွတ်အထိပ် ရောက်သောအခါ သာယာဝတီမင်းဟု တွင်သည်။…

Read More

ကိုဗစ်မျိုးကွဲ JN.1 ကူးစက်မှု သတိပြုပါ

  သွေး (စစ်ကိုင်း) ၂၀၁၉ ခုနှစ်က စ,တင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် 19 ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအသွင်ထိ ပျံ့နှံ့ကူးစက်ခဲ့ပြီး လက်ရှိကာလမှာ ကူးစက်မှုနည်းပါးလာသို ဖြစ်နေပေမဲ့ ဒီနေ့ထိ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်း ကိုဗစ် 19 ဗိုင်းရပ်စ်တွေ အမျိုးမျိုး ရှိတာကြောင့် ကပ်ရောဂါဖြစ်ပွားမှု ရပ်တန့်ပြီးဆုံးသွားတဲ့ အခြေအနေမျိုး မရှိသေးပါ။ အထူးသဖြင့် အခုလို အေးမြတဲ့ ရာသီဥတုမှာ မြို့ပြနှင့် ကျေးလက် လူမှုဝန်းကျင်အတွင်း အအေးမိ, နှာစေး, ချောင်းဆိုး စ,တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။  …

Read More

ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ အကြီးအကျယ် ဆုံးရှုံးနေတယ်လို့ ယူကရိန်းသမ္မတပြော

  ကိယက်ဗ်၊ ဇန်နဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ အကြီးအကျယ်ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့နေရပြီး နှစ်နှစ်နီးပါးကြာ စစ်ပွဲကို အနိုင်ရနေတယ်ဆိုတဲ့ ရုရှားရဲ့အယူအဆဟာ လက်တွေ့မဆန်တဲ့ ခံစားချက်သက်သက်ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ရုရှားစစ်သားတွေ သေဆုံးခဲ့ပြီး သူတို့ကို ဘယ်သူမှ ပြန်သယ်မသွားနိုင်ခဲ့ကြောင်း ပြီးခဲ့သီတင်းပတ်က အပ်ဗ်ဒီကာ မြို့တဝိုက်ကို သွားရောက်ခဲ့ချိန်က ဖြစ်စဉ်ကို အီကိုနောမစ်မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဇီလန်စကီးက ပြောပါတယ်။ သမ္မတဇီလန်စကီးဟာ ဒီအချက်နဲ့ပတ်သက်ပြီး သက်သေအထောက်အထား အသေးစိတ်ကို ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် အနောက်တိုင်း စစ်ရေးလေ့လာသူတွေကတော့ ယူကရိန်းအရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ နယ်မြေအနည်းငယ်သိမ်းပိုက်နိုင်ဖို့အတွက် ရုရှားဟာ စစ်သားတွေနဲ့ ပစ္စည်းကိရိယာတွေကို ကြီးကြီးကျယ်ကျယ်ပေးဆပ်နေရတယ်လို့ အခိုင်အမာဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ ရုရှားစစ်သားတွေ သေတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ခန့်မှန်းချက်တွေဟာ အမြဲချဲ့ကားလွန်းပြီး ယူကရိန်းရဲ့ ဆုံးရှုံးမှုတွေကိုတော့ လျှော့တွက်ခဲ့ကြတယ်လို့ ရုရှားကပြောပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့…

Read More

ကွတ်ခိုင်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

  ဇန်နဝါရီ ၂၊ ၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ထဲ ရပ်ကွက် တချို့နဲ့ မြို့အနီးဝန်းကျင်က ရွာတွေမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး လက်ရှိချိန်ထိ တိုက်ပွဲ ပြင်းထန် လာနေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ ကွတ်ခိုင် အခြေစိုက် စစ်တပ်စခန်းဘက်ကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ပူးပေါင်း မဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်လာလို့ တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။ “မနေ့က တရုတ်သင်္ချိုင်းဘက်နဲ့ ရပ်ကွက် ၅ စေတီကုန်းဘက် တော်တော် ဆိုးတယ်။ အများစုကတော့ အစောကတည်းက ရှောင်ထားကြပြီ။ ကျနော်တို့တောင် မရှောင်ပဲ နေမလို့ အမေတို့ အဖိုးတို့ ကျတော့ လက်နက်ကြီး ပစ်သံ မခံနိုင်လို့ မြန်ပြိန်းဘက်…

Read More

တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် သတင်းစာရှင်းလင်းပွဲမှာ လည်ပင်းကို ဓါးထိုးခံရ

  ဆိုးလ်၊ ဇန်နဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားအတိုက်အခံခေါင်ဆောင် လီဂျေးမြောင်ဟာ ဘူဆန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်မှာ ဓါးထိုးခံခဲ့ရကြောင်း သိရပါတယ်။ ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲရလဒ်ကျဉ်းမြောင်းစွာနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံခေါင်ဆောင်လီဂျေးမြောင်ဟာ ဇန်နဝါရီ ၂ ရက်က ဓါးထိုးခံခဲ့ရတဲ့ဖြစ်စဉ်ကြောင့် လည်ပင်းဘယ်ဘက်ခြမ်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ မစ္စတာလီဟာ တိုက်ခိုက်ခံရမှုကြောင့် ၁ စင်တီမီတာ ပြတ်ရှခဲ့ပြီး သတိလစ်သွားခဲ့ပြီး ဆေးရုံး၌ကုသမှုခံယူခဲ့ရကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ကျူးလွန်ခဲ့သူ အသက် ၅၀ ကျော်အမျိုးသားဟာ မစ္စတာလီထံအနေဖြင့် အမှတ်တရလက်မှတ်ရေးထိုးပေးဖို့ ချဉ်းကပ်လာပြီးနောက် ရုတ်တရက် ဓါးဖြင့် ထိုးခဲ့တာဖြစ်ပြီး သူ့ကို အခင်းဖြစ်ရာနေရာမှာ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် မစ္စတာလီဟာ ကိုရီးယားဒီမိုကရက်တစ်ပါတီကို ဦးဆောင်နေသူဖြစ်ပြီး လက်ရှိလွှတ်တော်ကအမတ်မဟုတ်ပေမယ့် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ အမတ်နေရာအတွက် ရွေးချယ်ခံမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပါတယ်။ သူဟာ လက်ရှိသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို…

Read More

မြဝတီမှာ ပိတ်မိနေတဲ့ ကုန်အပြည့်နဲ့တွဲကားတွေ ပစ္စည်းတွေပြန်ချ ၊ နောက်တွဲဖြုတ်ပြီး ကားခေါင်းတွဲ ခါလီပြန်ဆင်းနေရ

  ရန်ကုန်၊ ဇန်နဝါရီ ၂ -၂၀၂၄ GG (VOM) မြဝတီ အာရှလမ်းပိတ်လိုက်ကတည်းက အခုချိန်ထိ မြဝတီမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်း အပြည့်နဲ့ ၂၂ ဘီးတွဲကားတွေ ရာနဲ့ချီရှိနေတယ်လို့ ကုန်ကားမောင်းသူ တွေဆီကသိရပါတယ်။ ဒါကြောင့် လက်ရှိမှာ ပိတ်မိနေတဲ့ တွဲကားတွေပေါ်က ကုန်ပစ္စည်းတွေ နဲ့ တွဲ ကိုပါဖြုတ်ပြီး ထားခဲ့ကာ ကားခေါင်းသီးသန့် ထို့ကော်ကိုး လမ်းကနေ သာမညအထိ ဆင်းလာနေရကြောင်း ၊ ကုန်ပစ္စည်းတွေကိုတော့ ၆ ဘီးကားနဲ့ တဆင့် သာမညအထိ သယ်ယူပြီး သာမညကမှ ရန်ကုန်ကို တဆင့်ထပ်ပြီးသယ်ယူနေရတာဖြစ် တယ်လို့သိရပါတယ်။ အဲ့ဒီအတွက် သယ်ယူပို့ဆောင်ရေး စရိတ်တွေ ထပ်မံကုန်ကျနေရတဲ့အပြင် ၆ ဘီးကားရှာမရတဲ့ပြဿနာတွေကြောင့်လည်း အခက်တွေ့နေရတယ်လို့သိရပါတယ် ။ ” တင်ပြီးသား ကုန်တွေပြန်ချ၊ တွဲကိုတော့စိတ်ချရတဲ့ဆီအပ်ပြီးထားခဲ့ရတာပေါ့။အာရှလမ်းကမျှော်လမ်းသိပ်မရှိဘူးလေ၊တံတားတွေကလည်းကျိုးထားတယ်၊မြဝတီမှာ စားရသောက်ရတာကလည်း အကုန်ဈေးကြီးတယ်။ကားရပ်နားခကလည်းနေ့တိုင်းပေးရတယ်။ကျနော်တို့ပိတ်မိနေတာတလကျော်ပြီ၊ခုထို့ကော်ကိုးလမ်းကလည်း မျှော်လမ်းမရှိတော့ဘူး ဆိုတော့…

Read More

ရမ်းကားနေဆဲ YBS တွေနဲ့ လမ်းပေါ်က လူ့အသက်များ

  ဇန်နဝါရီ-၂-၂၀၂၄ SN (VOM) လက်ရှိ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်ကြည့်ရင် လုံခြုံစိတ်ချရမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေဆဲအခြေအနေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ အားလုံး မျှော်လင့်နေတဲ့ ပိုမိုကောင်းမွန်တဲ့ မြို့ပြသယ်ယူပို့ဆောင်မှု စနစ်သစ်တခု ဖြစ်ပေါ်လာဖို့ နှစ်ပေါင်း (၅၀) ကျော် သက်တမ်းရှိခဲ့တဲ့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ (မထသ) စနစ်ကို ဖျက်သိမ်းပြီး၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ YBS (Yangon Bus Service) စနစ်အသစ်ကို စတင်ပြောင်းလဲ လုပ်ကိုင်လာခဲ့တာဟာ အခုဆိုရင် သက်တမ်းအားဖြင့် ခုနစ်နှစ်နီးပါး ကာလကို ရောက်ရှိလာပေမယ့် လက်ရှိအချိန်အထိ ယာဉ်လုပ် သားတချို့က YBS ပုံရိပ်ကို ကျဆင်းစေတဲ့၊ ထိခိုက်စေတဲ့ အပြုအမူတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မထသကနေ အသွင်ပြောင်းလာခဲ့တဲ့ YBS စနစ်ဟာ…

Read More
VOM News

FREE
VIEW