ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဂျပန်မှာ အင်အားပြင်းမြေငလျင် လှုပ်ခတ်မှု လူ၃၀ ကျော်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရ

  တိုကျို၊ ဇန်နဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ မနေ့က ဇန်နဝါရီ ၁ ရက်နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး စီရင်စုအတွင်းရှိ မြို့အများပြားမှာ ဆူနာမီလှိုင်း ၉၀ စင်တီမီတာမှ ၁၂၀ စင်တီမီတာထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြောင့် အိမ်ပြိုကျပြီး သက်ကြီးရွယ်အိုတယောက်နဲ့ အခြားငါးယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူနေတွေက အတည်ပြုထားပါတယ်။ လက်ရှိမှာတော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး နီဂါတာနဲ့ တိုယာမာအပါအဝင် အခြားစီရင်စုလေးခုမှာ လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ လှုပ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ကြောင့်…

Read More

This Day in History

Voice of Myanmar ဆိုဗီယက်ယူနီယံသည် လူနာ-၁ အာကာသယာဉ်ကို ၁၉၅၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် လွှတ်တင်ခဲ့ပြီး လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် ရည်ရွယ်ခဲ့ကာ မစ်ရှင်မအောင်မြင်ခဲ့သော်လည်း ယင်းမှာ ကမ္ဘာမြေဆွဲအားနှင့် အလျင်မှလွတ်မြောက်နိုင်ရန် ပထမဆုံးသော လူသားများဖန်တီးခဲ့သည့် အရာတခုဖြစ်ခဲ့သည်။

Read More

၂၀၂၄ ခုနှစ်အတွင်း စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ကမ္ဘာ့နိုင်ငံရေး ပြဇာတ်များ

  ဇန်နဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ၂၀၂၃ ခုနှစ်ဟာ အကောင်းအဆိုး အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ ရောပြွန်းခဲ့တဲ့ နှစ်တနှစ်ဖြစ်ပြီး အဆိုးဘက်ကိုဦးတည်ခဲ့တယ်ဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ သေဆုံးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်ခဲ့မှု ၊ စီးပွားရေးလုပ်ငန်းတွေ ကပ်ရောဂါမတိုင်ခင်ကလို ပြန်လည်လုပ်ကိုင်နိုင်တာမျိုးတွေနဲ့ အချို့သော ပဋိပက္ခတွေသာ အဆုံးသတ်နိုင်တာမျိုးတွေက ကမ္ဘာ့လူသားတွေအတွက် အားတက်ဖွယ်ဖြစ်ခဲ့ပေမယ့် ရာသီဥတု ဖောက်ပြန်တာတွေ၊ သဘာဝဘေး ၊ နိုင်ငံအချို့မှာဖြစ်ပွားနေတဲ့ အငတ်ဘေး၊ စစ်ဘေးတွေအပါအဝင် ပဋိပက္ခနဲ့တင်းမာမှုနဲ့ ဒီမိုကရေစီကို သင်းသတ်မှုတွေက လွှမ်းမိုးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ၂၀၂၄ ခုနှစ် နှစ်သစ်ဟာ နှစ်ဟောင်းက ဖြစ်ရပ်တွေရဲ့ ဆက်လက်ရိုက်ခတ်မှု၊ ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေရဲ့ ထုဆစ်ပုံပေါ်ဖော်မှုကို ခံရဖွယ်ရှိနေပြီး စိတ်ဝင်တစားနဲ့ ဆက်လက်စောင်ကြည့်ရမယ့် ကမ္ဘာ့နိုင်ငံရေး အထင်ကရ ဖြစ်စဉ်တွေကလည်း ရှိလို့နေပါတယ်။ #အစ္စရေး-ဟားမတ်စ် ပဋိပက္ခ ဂါဇာကမ်းမြှောင်ဒေသကို…

Read More

ကိုးတာမီးကြီး နှင့် မန္တလေးမီးသတ်

ဆူးငှက်   ကုန်းဘောင်ခေတ်၏ နောက်ဆုံးမျိုးဆက် သီပေါဘုရင် ပါတော်မူပြီး အင်္ဂလိပ်လက်ထက် ၁၂၇၁-ခုနှစ်၊ ကဆုန်လဆန်း၅-ရက်၊ ခရစ်နှစ် ၁၉၀၉ခုနှစ် ဧပြီ ၂၃ရက် နေ့တွင် မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ်ကွက် အကွက်နံပတ် ၂၇၂ ရှိကိုးတာ ဝင်းမှ ကိုးတာမီးကြီး လောင်ရာ ၃၅ အေလမ်းမြောက်ဘက်အနီးမှ စတင် လောင်သော မီးသည် မြောက်ဘက် ၂၆ဘီလမ်း၊ ၂၂စီလမ်း မှသည် ၁၉ဒီလမ်းအထိ မပြီးဆုံးနိုင်ဘဲ ရွှေပြည်ရပ်ကွက် အထိ ကူးစက်ခဲ့သည်။ မီးမှာ ကိုးတာဝင်းအတွင်း အိမ်က ငါးကြော်ရာမှ စတင်လောင်ကျွမ်းရာ အိမ်ခြေထူထပ်ပြီး အဝင်အထွက် လမ်းများ ကျဉ်းမြောင်းသဖြင့် အင်္ဂလိပ် မီးသတ်အဖွဲ့၏ မြင်းဆွဲ မီးသတ်ရထားများလည်း ဝင်ရောက် ညှိမ်းသတ်ရန် အခက်အခဲရှိသောကြောင့် အိမ်ခြေ ၂၈၀၀ ကျော် မီးဘေးသင့်ခဲ့သည်။     ထိုမီးဘေးက…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာတနိုင်ငံလုံးမှာ ၂၀၂၃ ခုနှစ် ၁၁ လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း နှစ်ထောင်ကျော် သေဆုံး

  ဇန်နဝါရီ ၁ – ၂၀၂၄ SN (VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနဲ့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လတာ ကာလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူဦးရေ နှစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီ့ကာလအတွင်း တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၄,၄၂၁ မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီ့ ယာဉ်တိုက်မှုတွေကြောင့် လူဦးရေ ၂,၂၅၀ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၆,၁၅၉ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “ယာဉ်တိုက်မှုတွေမှာ အများစုက အရှိန် ပြင်းပြင်းနဲ့ မောင်းနှင်တဲ့အတွက်ကြောင့်ရယ်၊ အရက်သေစာ သောက်စားပြီး မောင်းတဲ့အတွက်ကြောင့် ဖြစ်တာတွေများပါတယ်။ တနှစ်တနှစ်ကို ထောင်နဲ့ချီပြီးသေနေကြတယ်။…

Read More

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေး ရှောင်လွှဲလို့မရဘူးလို့တရုတ်သမ္မတ ရှီကျင်းပင် ပြော

  ပေကျင်း၊ ဇန်နဝါရီ-၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရကြောင်း တရုတ်သမ္မတရှီကျင်းပင်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပုံဖော်နိုင်ဖွယ်ရှိတဲ့ ထိုင်ဝမ်ရွေးကောက်ပွဲကျင်းပဖို့ သီတင်းပတ်အနည်းငယ်အလိုမှာ ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ရှီကျင်းပင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့အမိမြေ ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရတဲ့ သမိုင်းဝင်ကိစ္စဖြစ်ပြီး မုချပြန်လည်ပေါင်းစည်းရလိမ့်မယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဘက်စလုံးမှာရှိတဲ့ တရုတ်လူမျိုးတွေအနေနဲ့ ဘုံသဘောတူညီချက်တရပ်နဲ့ စည်းနှောင်ပြီး တရုတ်နိုင်ငံရဲ့ ပြန်လည်နုပျို တိုးတက်လာမှုတွေကို မျှဝေခံစားသင့်တယ်လို့ သူကဆိုပါတယ်။ ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကတော့ လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ ဆိုထားပါတယ်။ လက်ရှိထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံနဲ့ သမိုင်းကြောင်းအရ ပိုမိုနီးကပ်တဲ့ ကူမင်တန်ပါတီမှ Hou Yu-ih နဲ့…

Read More

စစ်ရေးပဋိပက္ခစခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို အင်အားကုန်သုံးတိုက်ရမယ်လို့ ကင်ဂျုံအန် အမိန့်ပေး

  ပြုံးယမ်း၊ ဇန်နဝါရီ-၁-၂၀၂၃ မျိုးဆက်(VOM) စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် အင်အားကုန်အသုံးပြုတုံ့ပြန်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ထိပ်တန်းတာဝန်ရှိသူတွေက အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ ပြီးခဲ့တဲ့နှစ်က စံချိန်တင်ဒုံးကျည်စမ်းသပ်မှုတွေ ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ရန်သူတွေအနေနဲ့ မြောက်ကိုရီးယားကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်မယ်ဆိုရင် မြောက်ကိုရီးယားစစ်တပ်အနေနဲ့ အပြင်းထန်ဆုံးနည်လမ်းတွေနဲ့ တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်သွားမယ်လို့ နှစ်သူကူအကြိုမိန့်ခွန်းမှာ ကင်ဂျုံအန်က ပြောပါတယ်။ အမေရိကန်ဟာ စစ်ရေးခြိမ်းခြေက်မှုအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ လုပ်နေတယ်လို့ ၂၀၂၄ ခုနှစ်အတွက် မူဝါဒသစ်များ ချမှတ်မယ့် အာဏာရပါတီရဲ့ အစည်းအဝေးမှာ ကင်ဂျုံအန်က စွပ်စွဲပြောဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြောင့်ဖြစ်ပေါ်လာတဲ့ ထိန်းချုပ်မရတဲ့အကျပ်အတည်းတွေကြောင့် တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးကို ကြိုးစားတော့မှာမဟုတ်ဘူးလို့ ကင်ဂျုံအန်က…

Read More
VOM News

FREE
VIEW