ဂျပန်မှာ အင်အားပြင်းမြေငလျင် လှုပ်ခတ်မှု လူ၃၀ ကျော်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရ

 

တိုကျို၊ ဇန်နဝါရီ-၂-၂၀၂၄

မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ မနေ့က ဇန်နဝါရီ ၁ ရက်နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး စီရင်စုအတွင်းရှိ မြို့အများပြားမှာ ဆူနာမီလှိုင်း ၉၀ စင်တီမီတာမှ ၁၂၀ စင်တီမီတာထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြောင့် အိမ်ပြိုကျပြီး သက်ကြီးရွယ်အိုတယောက်နဲ့ အခြားငါးယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူနေတွေက အတည်ပြုထားပါတယ်။

လက်ရှိမှာတော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး နီဂါတာနဲ့ တိုယာမာအပါအဝင် အခြားစီရင်စုလေးခုမှာ လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ လှုပ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ကြောင့် စီရင်စုအတွင်းမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

ငလျင်ကြောင့် အိုင်ရှီကာဝါ၊ နီဂါတာနဲ့ တိုယာမာ စီရင်စုထဲမှာ ထောင်ပေါင်းများစွာသော အိမ်ထောင်စုတွေဟာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကာ ကျည်ဆန်ရထားကုမ္ပဏီသုံးခုက ပြေးဆွဲမှုလမ်းကြောင်း တစိတ်တပိုင်း ရပ်တန့်ခဲ့ရပါတယ်။

အိုင်ရှီကာဝါစီရင်စုထဲမှာတော့ ရှီကာနျူးကလီးယားဓါတ်အားပေးစက်ရုံမှာ အသေးစားပေါက်မှုတခုဖြစ်ပွားခဲ့ပြီး ထရန်စဖော်မာ ပါဝါဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပြီး နျုကလီးယား ဓါတ်ပေါင်းဖိုနှစ်ခုဟာ အရန်စနစ်ကိုအသုံးပြုပြီး ပုံမှန်လည်ပတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Ref:NHK

Photo:Kyodo

 

Related posts

Leave a Comment

VOM News

FREE
VIEW